News @ M-Media

အာဆင်ဝင်းဂါး အင်္ဂလန်နည်းပြ ဖြစ်မည်မဟုတ်ဟု တပည့်ဟောင်းပြော

အောက်တိုဘာ ၆၊ ၂၀၁၆
M-Media

winger-2

– အာဆင်နယ်အသင်း၏ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါးမှာ အသင်းအား စွန့်ခွါကာ အင်္ဂလန်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်တော့မည်ဆိုသည့် သတင်းများမှာ အမှန်တကယ် ဖြစ်မလာနိုင်ဟု ၀င်းဂါး၏ တပည့်ဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသူ ရောဘက် ပီရက်စ်က ပြောကြားလိုက်သည်။

ဝင်းဂါး၏ အာဆင်နယ်နည်းပြသက်တမ်းမှာ မကြာသေးမီကပင် နှစ် ၂၀ ပြည့်ခဲ့ပြီး အသင်းအား ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ FA ဖလား ၆ ကြိမ် ရယူပေးထားသည်။

၎င်း၏ စာချုပ်သက်တမ်းမှာ ယခုနှစ်ကုန်တွင် ပြည့်မည်ဖြစ်ပြီး ၎င်း၏ နောက်ဆုံးနှစ်ဖြစ်မည်ဟုလည်းကောင်း၊ မကြာသေးမီက အင်္ဂလနည်းပြရာထူးမှ နှုတ်ထွက်သွားသည့် ဆမ်အလာဒိုက်စ်၏ နေရာကို ဆက်ခံမည်ဟုလည်းကောင်း သတင်းများထွက်ပေါ်နေသည်။

သို့သော် အာဆင်ဝင်းဂါးလက်အောက်တွင် အဓိကကစားသမားအနေဖြင့် ကစားခဲ့ဖူးသည့် ပီရက်စ်ကမူ ၀င်းဂါးအနေဖြင့် နိုင်ငံအသင်းနည်းပြအဖြစ် သင့်တော်မည်မဟုတ်ဟု ဆိုသည်။

“သူ အာဆင်နယ်မှာ ဆက်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းက သူ့ကို လိုချင်တယ်ဆိုတာကလည်း ဟုတ်ပါတယ်။ ဒါက ကျွန်တော့အမြင်ပါ။ သူဟာ မနက်တိုင်း ဘောလုံးကွင်းထဲမှာ ရှိတာကို သဘောကျတယ်။ ကလပ်အသင်းတစ်သင်းနဲ့ လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်တာဟာ တကယ်တော့ မတူပါဘူး” ဟု ပီရက်စ်က ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply