အောက်တိုဘာ ၁၀၊ ၂၀၁၆
M-Media
– ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် အာဆင်နယ်က မိမိကို ခေါ်ယူရန် ချဉ်းကပ်ခဲ့သော်လည်း မိမိအနေဖြင့် အသင်း၌သာ ဆက်နေရန် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်ဟု လက်စတာတိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်က ပြောကြားလိုက်သည်။
လက်စတာစီးတီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သော မဟ်ရက်ဇ်ကို အာဆင်နယ်က ခေါ်ယူရန် သိသိသာသာ ကြိုးစားခဲ့သော်လည်း အပြောင်းအရွှေ့မှာ ဖြစ်မလာခဲ့ပေ။
“အာဆင်နယ်က ကျွန်တော့်အတွက် ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် လက်စတာက ကျွန်တော့်ကို ဆက်ထိန်းထားချင်တယ်။ ကျွန်တော်ကလည်း တော်တော်ဈေးကြီးနေပြီလေ။ ကမ်းလှမ်းမှုလာတဲ့အချိန်မှာ ကျွန်တော် စိတ်ကသိကအောက် ဖြစ်တာမျိုး မဖန်တီးချင်ပါဘူး။ ဆက်နေတာ ကောင်းတယ်လို့ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ။ ဒီအတွက် ကျွန်တော် သက်သေပြရမှာပါ” ဟု မဟ်ရက်ဇ်က Canal ootball Club သို့ ပြောကြားခဲ့သည်။
မဟ်ရက်ဇ်မှာ နောက်ဆုံးတွင် လက်စတာ၌ ၂၀၂၀ ခုနှစ်အထိ ဆက်ရှိနေမည့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က ၃၉ ပွဲကစား ၁၈ ဂိုးသွင်းယူနိုင်ခဲ့သည့် မဟ်ရက်ဇ်မှာ လက်ရှိတွင် ၁၀ ပွဲကစား ၃ ဂိုး သွင်းယူထားသည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.