News @ M-Media

ရှေးဦး နေစွမ်းအင်သုံး ပျံသန်းသူများ (သို့မဟုတ်) ပါးဆုပ်ပနကောင်

အောက်တိုဘာ ၂၁ ၊၊ ၂၀၁၆
အေးထွန်း ရှာဖွေတင်ဆက်သည်။

hornet
လူသားသိပ္ပံပညာရှင်တွေ နေစွမ်းအင်သုံး လေယာဉ်တွေဖြစ်တည်လာဖို့ ကြိုးပမ်းမူ အရာထင်ခဲ့တာ မနေ့တစ်နေ့ကမှပေါ့။

ဒါပေမဲ့ သဘာဝမှာနေစွမ်းအင်သုံး ပျံသန်းသူတွေရှိခဲ့တာ ကြာပေါ့။

ပါးဆုပ်ပနကောင် (Hornet)  နေရောင်ပြင်းလာလေ၊ ဒီကောင်တွေရဲ့လှုပ်ရှားနိုင်မူအရှိန် မြင့်လာလေပဲ။ ဘာကြောင့်လဲဆိုပြီး Tel Aviv University က သိပ္ပံပညာရှင်တွေ စူးစမ်းမူပြုလုပ်ကြတယ်။တွေ့လိုက်ရတာက နေစွမ်းအင်သုံး ယန္တရား။

ဟုတ်တယ်။ ဒီကောင်လေးတွေက နေရဲ့ ခရမ်းလွန်ရောင်ခြည်ကို လျှပ်စစ်စွမ်းအင်အဖြစ် ကူးပြောင်းနေတယ်။

သူတို့မှာပါဝင်တဲ့ သေးငယ်တဲ့ အညိုရင့်ရောင် အစင်းတွေထဲက မြောင်းတွေ၊ အဝါရောင်အစင်းတွေထဲက အပေါက်ငယ်လေးတွေ နဲ့ ရောင်ခြယ်ဆဲလ်တွေကို သုံးပြီးပေါ့။  အလင်းဖမ်းချုပ်နှုန်းကောင်းမွန်တဲ့အပေါ်လွှာ မျက်နှာပြင်တည်ဆောက်မူနဲ့ အတူပေါ့။

( Research Frontiers in Bioinspired Energy : Molecular-Level Learning from Natural Systems: A Workshop , SOLAR ENERGY HARVESTING IN THE EPICUTICLE OF THE ORIENTAL HORNET Pg. 19-22)

ဒီပညာရှင်အဖွဲ့ဒီအကောင်တွေရဲ့ ခန္ဓာကိုယ်မှာပါဝင်တဲ့ နေစွမ်းအင် စုဆောင်းမူစွမ်းရည်ကို ပုံတူကူးဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ လိုက်မမှီနိုင်သေးဘူး။ အနာဂတ်မှာ အောင်မြင်လာဖို့ အစီအစဉ်ချမှတ်ထားတယ်။

ပြင်းလှတဲ့နေရောင်ကို သုံးပြီး စွမ်းအင်သိုမှီးနိုင်တာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ တစ်ပါတည်းပါလာတဲ့ အပူစွမ်းအင်ကကော ဒီကောင်တွေရဲ့ ခန္ဓာကိုယ်ကို အပူမတိုက်ပစ်လိုက်ဘူးလား။ ဟင့်အင်း။

Tel Aviv’s School of Physics and Astronomy က စီနီယာစာရေးဆရာ ပရောဖက်ဆာ David Bergman က ပြောတယ်။

“သူတို့တွေမှာ ခန္ဓာကိုယ်ကို အေးမျှစေမဲ့ အပူထုတ်စနစ် (Heat Pump System) ကောင်းကောင်း တစ်ခါထဲပါဝင်ပြီးသား။ ဒါက လုပ်ဖို့မလွယ်တဲ့အရာ ” တဲ့။

(Is the Hornet Our Key to Renewable Energy? Sciencedaily.com )