News @ M-Media

ထရမ့်မှာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဟု ကလင်တန်ပြော

အောက်တိုဘာ ၂၄၊ ၂၀၁၆
M-Media

clinton

– ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဟီလာရီကလင်တန်က ရီပတ်ဘလစ်ကန်ပြိုင်ဘက် ဒေါ်နယ်ထရမ့်သည် အမေရိကန်၏ ဒီမိုကရေစီစနစ်ကို အန္တရာယ်ပေးမည့်သူဖြစ်ကြောင်း ပြောကြားလိုက်သည်။

စနေနေ့ည ဖီလာဒဲလ်ဖီးယားပြည်နယ် ပင်ဆဲလ်ဗေးနီးယား၌ ပြုလုပ်သည့် လူထုစည်းဝေးပွဲတစ်ခုတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ထရမ့်အနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပါက ထိုအရှုံအား လက်ခံရန်မရှိသည့် သဘောထားက မိမိတို့၏ ဒီမိုကရေစီကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ အမေရိကန်တွင် အမြဲတမ်း ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှု ရှိခဲ့ပြီး ထိုအချင်းအရာက တရားဥပဒေစိုးမိုးရေးနှင့် အာဏာရှင်အုပ်စိုးရေးတို့အကြား ခြားနားချက်ဖြစ်ကြောင်း ကလင်တန်က ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် ထရမ့်အနေဖြင့် အမေရိကန်ကို ဂုဏ်ငယ်အောင် လုပ်နေမှုအတွက် စိတ်ပျက်ရွံရှာမိသည်ဟုလည်း ဆိုသည်။

ကြာသပတေးနေ့က ထရမ့်မှာ အကယ်၍ နိုဝင်ဘာတွင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် မေးခွန်းထုတ်ချင်စရာဖြစ်သည်ဟု ခံစားရပါက မိမိအနေဖြင့် ရလဒ်ကို စိန်ခေါ်ရန်အတွက် အခွင့်အရေးရှိကြောင်း ဆန္ဒပြမှု၊ သို့မဟုတ် တရားဥပဒေကြောင်းအရ စိန်ခေါ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်မှာ ကလင်တန်နှင့်နောက်ဆုံးပြုလုပ်သည့် ထိုစကားစစ်ထိုးပွဲတွင် ရွေးကောက်ပွဲအရှုံးကို လက်ခံမည်လားဟု အစီအစဉ်တင်ဆက်သူက ၂ ကြိမ်တိုင်တိုင်မေးမြန်းရာ ဖြေကြားခဲ့ခြင်းမရှိချေ။

Ref : Presstv