အောက်တိုဘာ ၃၁၊ ၂၀၁၆
M-Media
– တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုကို အခွင့်ကောင်းယူကာ ကိုယ်ကျိုးအတွက် အသုံးချခဲ့သည့် အမျိုးသမီးက ၎င်း၏ လုပ်ရပ်အတွက် ယနေ့တွင် ပြည်သူလူထုအား တောင်းပန်ခဲ့သည်ဟု သိရသည်။
ချိုဆွန်ဆီလ်ဆိုသူဖြစ်ပြီး ဆိုးလ်မြို့ရှိ တရားရုံးသို့ လာရောက်စဉ် ၎င်းအား ဆန္ဒပြနေသော လူအုပ်စုကြီးကို တောင်းပန်ခဲ့ခြင်းဖြစ်သည်။
“ကျွန်မ သေဖို့ထိုက်တန်တဲ့ ရာဇ၀တ်မှုမျိုးကို ကျူးလွန်ခဲ့တာပါ။ ကျွန်မကို ခွင့်လွှတ်ပေးပါ” ဟု ချိုဆွန်ဆီလ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဂျာမနီတွင်နေထိုင်သူ ချိုမှာ ယမန်နေ့တွင် တောင်ကိုရီးယားသို့ ပြန်လာခဲ့ပြီး တရားသူကြီးများ၏ မေးမြန်းမှုကို ဖြေရှင်းရန် အသင့်ဖြစ်နေသည်ဟု သူမ၏ ရှေ့နေဖြစ်သူက စောစောပိုင်းတွင် ပြောကြားထားသည်။
ချိဆွန်ဆီလ်မှာ သမ္မတနှင့် ရင်းနှီးမှုကို အသုံးချ၍ ၎င်းတည်ထောင်ထားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း ၂ ခုသို့ ငွေကြေးအမြောက်အများထည့်ဝင်ရန်အတွက် ဆမ်ဆောင်းအပါအ၀င် ကုမ္ပဏီကြီးများကို အတင်းအဓမ္မ တောင်းဆိုခဲ့ပြီး ပတ်ဂျုံဟေးလ်ကလည်း ထိုသို့ အသုံးချမှုကို ခွင့်ပြုခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ထိုသတင်းထွက်လာပြီးနောက် တောင်ကိုရီးယားပြည်သူများမှာ လမ်းပေါ်သို့ထွက်ကာ ဆန္ဒပြခဲ့ကြပြီး ပတ်ဂျုံဟေးနှုတ်ထွက်ရန် တောင်းဆိုခဲ့သည်။
သမ္မတ၏ ထိပ်တန်းအကြံပေးများမှာလည်း ထိုပြဿနာကြောင့် နှုတ်ထွက်စာတင်ခဲ့ပြီး ယမန်နေ့တွင် ပတ်ဂျုံဟေးက လက်ခံခဲ့သည်။
Ref: Channelnewasia