News @ M-Media

ဂျော်ဒန်ဘုရင်နှင့် အာရပ်လိဂ်အကြီးအကဲတို့ တွေ့ဆုံ

နိုဝင်ဘာ ၄၊ ၂၀၁၆
M-Media

jordan

– အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းနိုင်ရေးနှင့် ၂၀၁၇ မတ်လ၊ အန်မမ်မြို့တွင် ကျင်းပမည့် ၂၈ ကြိမ်မြောက် အာရပ်လိဂ် ထိပ်သီးညီလာခံ ဖြစ်မြောက်ရေးတို့အတွက် ဂျော်ဒန်ဘုရင် ဘဘ်ဒူလာနှင့် အာရပ်လိဂ် အထွေထွေအတွင်းရေးမှူး အဟ်မဒ် အဘူလ်ဂီအစ်တို့ ဂျော်ဒန်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အလ်ဟူစိန်နီယာ နန်းတော်တွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြေီး အအရှေ့အလယ်ပိုင်းတွင် ရင်ဆိုင်နေရသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်ငံရန်အတွက် အာရဗ်ဘုံရည်မှန်းချက် အောင်မြင်ရေးနှင့် လာမည့်နှစ် ထိပ်သီးညီလာခံ ဖြစ်မြောက်ရေးအတွက် မိမိအနေဖြင့် အစွမ်းကုန်ကူညီမည် ဖြစ်ကြောင်း ဂျော်ဒန်ဘုရင် အဘ်ဒူလာက ပြောကြားခဲ့သည်။

၎င်းတို့၏ ဆွးနွေးမှုများမှာ ဆီးရီးယား၊ အီရတ်၊ ယီမင်နှင့် လစ်ဗျားတို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများအထိ ကျယ်ပြန့်သည်။ အဘူဂီအစ်ကမူ ဘုရင်အဘ်ဒူလာ၏ ဦးဆောင်မှုအောက်တွင် အာရပ်ရေးရာကိစ္စများအတွက် ဂျော်ဒန်၏ ရပ်တည်မှုများကိုလည်း ချီးကျူးခဲ့သည်။

Ref : IINA