News @ M-Media

“ဒီပါဝါလီ” နေ့အထိမ်းအမှတ် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပဲခူးမှာ ပြုလုပ်

နိုဝင်ဘာ ၁၂ ၊ ၂၀၁၆
M-Media
သတင်း-သူရိန်
15037174_10202625937405843_5690306453304248247_n
ဟိန္ဒူဘာသာဝင်တို့၏ ‘ဒီပါဝါလီ”နေ့ အထိမ်းအမှတ် အဖြစ် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော ပဲခူးမြို့မှ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လူငယ်များ ဦးဆောင်ကာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ တစ်ရပ်ကို ယနေ့ ကျင်းပခဲ့ပါသည်။

ရန်ကုန်-မန္တလေး ကားလမ်း နံဘေး ပဲခူးမြို့အဝင် ခေါင်းဆေးကျွန်း အနီးရှိ စူဠာမဏီ ဘုရားကျောင်း တွင် ပြုလုပ်သည့် အဆိုပါ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ နှင့် ဟိန္ဒူ ဘာသာ အသီးသီးမှ ဆရာတော်သံဃာတော်များ ဘာသာရေး ခေါင်းဆောင်များ စုပေါင်း တက်ရောက်ပြီး ငြိမ်းချမ်းရေးစကားများ ဟောကြာတင်ပြကြပြီး ဟိန္ဒူဘာသာ အစဉ်အလာနှင့်အညီ ငြိမ်းချမ်းရေး ဆီမီး ထွန်းညှိကာ နေ့လည်ပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Photo Credit- ကိုဂျမား (ပဲခူး)

15027781_10202625937085835_2902392941919085687_n

15078724_10202625932845729_6261346869212263750_n

14956626_10202625936845829_6519701997543696763_n