News @ M-Media

စစ်ကိုင်းမြို့မဗလီသို့ သီရီလင်္ကာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ သွားရောက်လေ့လာ

နိုဝင်ဘာ ၁၁၊ ၂၀၁၆
M-Media
မိုးစက်
15102007_1726673210988160_1054232897_o
စစ်ကိုင်း။    ။ စစ်ကိုင်းမြို့ မြို့မ ဗလီဝတ်ကျောင်းတော်သို့ သီရိလကာင်္နိုင်ငံမှ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ဖြစ်သည့် Center for Peace building and Reconciliation (CPBR) အဖွဲ့မှ နိုဝင်ဘာလ (၁၇) ရက်နေ့ကလာရောက်လေ့လာခဲ့ကြပါတယ်။

“အဓိကကတော့ သူတို့ ဒီနိုင်ငံက ဝတ်ကျောင်းတော်တွေကို လာရောက်လေ့လာကြတာပေါ့။ ကျွန်တော်တို့ဘက်ကလည်း သူတို့ကို တတ်နိုင်သလောက် ဗလီနဲ့ ပတ်သတ်ပြီး ရှင်းပြတယ်။ နောက် ကျွန်တော်တို့ ဝတ်ကျောင်းတော်တွေက ဝတ်ပြုရုံတင် မဟုတ်ဘဲ အသိပညာ အတတ်ပညာ စတဲ့အရာတွေပါ ဖွံ့ဖြိုးရေးလု ပ်ပေးတဲ့နေရာတွေပါ။ သူတို့ကို အဲ့ဒါတွေပါ နားလည်အောင် ပြောပြတော့ သူတို့လည်း နားလည်ပြီး သဘောကျကြပါတယ်” လို့ မြို့မဝတ်ကျောင်းတော်မှ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ကိုစိုးနေဦးက ဆိုပါတယ်။
15032871_1725567381098743_6795798089230070348_n
အဆိုပါ သီရိလကာင်္နိုင်ငံမှ အဖွဲ့အစည်းသည် မြန်မာနိုင်ငံမှ ကွဲပြားခြားနားခြင်းနှင့် အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH)ရဲ့ ဦးဆောင်မှုနှင့်အတူ စစ်ကိုင်းမြို့ ဗလီဝတ်ကျောင်းတော်ကို လာရောက်လေ့လာခဲ့ကြခြင်း ဖြစ်ပါတယ်။

စစ်ကိုင်းမြို့တွင် ဗလီ (၅) လုံးရှိပြီး မြို့မဗလီ ဝတ်ကျောင်းတော်မှာ နှစ်ပေါင်း (၁၉၇) ကျော် သက်တမ်းရှိသည့် သမိုင်းဝင် ဗလီတစ်လုံး ဖြစ်ပါတယ်။

15146645_1726673184321496_1360737491_o