News @ M-Media

စစ်ဘေးရှောင်များကူဖို့ ရန်ပုံငွေရှာ ဈေးရောင်းပွဲ မြန်မာမွတ်စလင်မ် အရပ်ဘက် အဖွဲများ ပါဝင်ရောင်းချ

နိုဝင်ဘာ ၂၆ ၊ ၂၀၁၆
M-Media
သတင်း-နေသစ်ထွန်း
15232146_10206257268271157_3193615147808051060_n
ရန်ကုန်မြို့ ပြည်သူရင်ပြင်၌  ကချင်နှင့် ရှမ်းပြည်နယ် စစ်ဘေးရှောင် ပြည်သူများထံ ပံ့ပိုးကူညီရေး ရန်ပုံငွေရှာ ဈေးရောင်းပွဲတော် တွင် မြန်မာမွတ်စလင်အရပ်ဘက် လူမှူအဖွဲ့အစည်း ၉ ဖွဲ့ စုပေါင်း၍  ဆိုင်ခန်းဖွင့်လှစ်ရောင်းချခဲ့သည်။

” ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှ ဖြစ်ပွားနေတဲ့ စစ်ပွဲ ပဋိပက္ခတွေချုပ်ငြိမ်းစေဖို့ စစ်ဘေး ပဋိပက္ခသင့်ပြည်သူတွေ နဲ့တသားထည်းထပ်တူ ခံစားနာကျင်နေကြောင်းကို ဖော်ပြနိုင်ဖို့ နဲ့ ပြည်တွင်းစစ် ပဋိပက္ခတွေ အမြန်ဆုံး ရပ်ဆိုင်းစေဖို့ ရည်ရွယ်ပြီး အခုလို ဆိုင်ခန်း ဖွင့်လှစ်ရောင်းချတာပါ.။ ရောင်းချငွေ အားလုံးကို ဈေးရောင်းပွဲတော် စီမံမှုကော်မတီက တဆင့် စစ်ဘေးသင့် ပြည်သူတွေထံ လှူဒါန်းသွားပါမယ် ” လို ဆိုင်ခန်း တာဝန်ခံ မဒါလီမြင့်ပြောပါသည်။

ယင်းဈေးရောင်းပွဲတော်တွင် Social Alliance, OEJM, သစ္စာကွန်ရက်, MMSN, အလင်းစက်ဝန်း,  ရွေးလက်ယာ အင်စတီကျူ,Thirty Stars. Equal စသော လူမှုအဖွဲ့အစည်း ၉ ဖွဲ့မှ စုပေါင်း ဆိုင်ခန်းဖွင့်လှစ်ခဲ့သည်။  ယင်းရန်ပုံငွေ ဈေးရောင်းပွဲတော်ကို စမ်းချောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့က ဦးစီးကျင်းပခဲ့ခြင်း ဖြစ်သည်

15230784_10206257269231181_4894756668741923576_n