နိုဝင်ဘာ ၃၀၊ ၂၀၁၆
M-Media
– အနိမ့်ဆုံးလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားသမဂ္ဂ အခွင့်အရေးများ ပိုမိုရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းတွင် ယမန်နေ့က လူထောင်သောင်းချီ ဆန္ဒပြခဲ့ပြီး ရဲတပ်ဖွဲ့က လူရာချီ ဖမ်းဆီးခဲ့သည်ဟု သိရသည်။
Fight for $15 အမည်ဖြင့် ပြုလုပ်သည့် အဆိုပါဆန္ဒပြမှုမှာ အမေရိကန်အခြေစိုက် နိုင်ငံတကာလှုပ်ရှားမှုဖြစ်ပြီး လစာနည်းသူများအတွက် တစ်နာရီလျှင် အနိမ့်ဆုံးလုပ်ခ ၁၅ ဒေါ်လာရရှိရေး တောင်းဆိုခြင်းဖြစ်သည်။ အမေရိကန်ပြည်သူများမှာ ယမန်နေ့တွင် မြို့ကြီးများဖြစ်သော နယူးယောက်၊ ချီကာဂိုနှင့် လော့စ်အိန်ဂျလိစ်တို့အပါအ၀င် နိုင်ငံတစ်ဝှမ်း ရာနှင့်ချီသောမြို့များ၌ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါတောင်းဆိုမှုကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း ယခုလှုပ်ရှားမှုမှာ အကြီးကျယ်ဆုံးဖြစ်သည်။ လှုပ်ရှားသူများမှာ မြို့ကြီးပေါင်း ၃၄၀ နှင့် လေဆိပ်ပေါင်း ၂၀ တို့တွင် ဆန္ဒပြမှုပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။ ယမန်နေ့ ဆန္ဒပြမှုတွင် လေကြောင်း၊ စားသောက်ဆိုင်၊ ကျန်းမာရေးလုပ်ငန်း၊ တက္ကသိုလ်နှင့် ကောလိပ်မှ ၀န်ထမ်းများအပါအ၀င် အလုပ်သမားများစွ ပါဝင်ခဲ့သည်။
ရဲတပ်ဖွဲ့က ဆန္ဒပြသူအချို့ကို ဖမ်းဆီးခဲ့ပြီး ထိုအထဲတွင် ယခုလအစောပိုင်းက ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံထားရသူ ၄ ဦး ပါဝင်ခဲ့သည်။
Ref: Aljazeera