ဒီဇင်ဘာ ၂၊ ၂၀၁၆
M-Media
– အသင့်စား အစားအသောက်များ ရောင်းချသည့် နာမည်ကျော် McDonald လုပ်ငန်းက မလေးရှာနှင့် စင်ကာပူတို့ရှိ ၎င်း၏ ဆိုင်များအတွက် လက်ခွဲလုပ်ပိုင်ခွင့်ကို ဆော်ဒီအခြေစိုက် Lionhorn Pte Ltd ကုမ္ပဏီသို့ ရောင်းချလိုက်ပြီး အာရှတွင် တိုက်ရိုက်ပိုင်ဆိုင်မှု လျှော့ချရေး အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
ထို့ကြောင့် မိခင်ကုမ္ပဏီက ၈၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်သည့် ဆိုင်ခွဲပေါင်း ၃၉၀ အတွက် လုပ်ပိုင်ခွင့်ကို ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ Lionhorn က ရရှိမည် ဖြစ်သည်။
Lionhorn ကုမ္ပဏီမှာ ဆော်ဒီအနောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် McDonald လက်ခွဲလုပ်ပိုင်ခွင့်ကို ရရှိထားသော ရှိခ် ဖဟ်ဒ်နှင့် အဘ်ဒူလ်ရဟ်မန် အလီရီဇာတို့ ဦးဆောင်သည့် ကုမ္ပဏီဖြစ်သည်။ သို့သော်လည်း ယခု ရောင်းချမှုအတွက် ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက်များကို McDonald က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
Reuters သတင်းဌာနကမူ McDonald မှာ ဆော်ဒီ အနောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ၎င်းလက်ခွဲပေးထားသော Reza လုပ်ငန်းစုနှင့် ကန်ဒေါ်လာ သန်း ၄၀၀ တန် လက်ခွဲလုပ်ပိုင်ခွင့် သဘောတူညီချက် ရရှိရန် နီးစပ်နေသည်ဟု အောက်တိုဘာလက ဖော်ပြခဲ့သည်။
McDonald မှာ အာရှရှိ လက်ခွဲများအား ဗဟိုမှပိုင်ဆိုင်မှု လျှော့ချရန် အစီအစဉ်ရှိနေပြီး Lionhorn နှင့် ရရှိခဲ့သည့် သေဘာတူညီချက်မှာ ထိုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
Ref: Channelnewsasia