News @ M-Media

ဗာဒီ၏ပြစ်ဒဏ်အား ဆန့်ကျင်ရေး လက်စတာက မျက်နှာဖုံးလှုပ်ရှားမှု ပြုလုပ်

ဒီဇင်ဘာ ၂၆၊ ၂၀၁၆
M-Media

vardy

– အသင်း၏ တိုက်စစ်မှူးဗာဒီ ပွဲပယ်ခံရမှုကို ဆန့်ကျင်ရန်အတွက် လက်စတာအသင်းက ဗာဒီ၏ မျက်နှာဖုံးအား ပရိတ်သတ်များကို ဝေငှမည်ဟု သိရသည်။

ဗာဒီမှာ ဒီဇင်ဘာအစောပိုင်းက စတုတ်စီးတီးအသင်းနှင့် ၂ ဂိုးစီသရေကျသည့်ပွဲတွင် ပွဲပြီးကာနီး ဘီရမ် ဒီအုဖ်နှင့် အချင်းများခဲ့ပြီးနောက် အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ထိုအဖြစ်အပျက်မတိုင်ခင် ဗာဒီမှာ ဂလင်းဂျွန်ဆင်နှင့်လည်း အချင်းများခဲ့သည်။

FA က ထိုအနီကဒ်ပြစ်ဒဏ်အတွက် ဗာဒီကို ၃ ပွဲပယ်ခဲ့ပြီး လက်စတာနည်းပြ ရာနီယေးရီကမူ ဘောလုံးလောကအတွက် ၀မ်းနည်းဖွယ်ရာ ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုပွဲပယ်ပြစ်ဒဏ်ကို ဆန့်ကျင်သည့်အနေဖြင့် ယနေ့ကစားမည့် အဲဗာတန်အသင်းနှင့်ပွဲတွင် လက်စတာစီးတီးမှာ ဗာဒီ၏ မျက်နှာဖုံးများကို ပရိတ်သတ်များထံ ဝေငှကာ ၀တ်ဆင်စေမည်ဖြစ်သည်။

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းမှာ ယခုရာသီတွင် ခြေစွမ်းကောင်းများကို မပြသနိုင်ဘဲ ၁၇ ပွဲကစား ၁၇ မှတ်ဖြင့် အဆင့် ၁၅ နေရာတွင် ရှိနေသည်။

Ref: Goal