News @ M-Media

မီဒီယာမှာ အမေရိကန်ပြည်သူများ၏ ရန်သူဟု ထရမ့်ပြော

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇
M-Media

– အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မီဒီယာများအပေါ် ဝေဖန်ပြောဆိုမှုကို အရှိန်မြှင့်လိုက်ပြီး မီဒီယာမှာ အမေရိကန်ပြည်သူများ၏ ရန်သူဖြစ်သည်ဟု ပြောကြားလိုက်သည်။

“လုပ်ကြံသတင်းမီဒီယာတွေ (အသုံးမကျတဲ့ nytimes၊ NBCNews၊ ABC၊ CBS နဲ့ CNN တွေ) ဟာ ကျုပ်ရဲ့ရန်သူ မဟုတ်ဘူး။ အမေရိကန်ပြည်သူတွေရဲ့ ရန်သူပဲ” ဟု ဖလော်ရီဒါရှိ ၎င်း၏ နွေရာသီစံအိမ်သို့ ရောက်ရှိပြီးနောက် ထရမ့်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

စောစောပိုင်းက ၎င်း၏ မှတ်ချက်တွင် New York Times၊ CNN နှင့် NBC တို့သာ ပါဝင်သော်လည်း နောက်ပိုင်းတွင် သတင်းဌာန ၂ ခု ထပ်ဖြည့်ခဲ့သည်။

ယခင် တာဝန်ထမ်းဆောင်ခဲ့သည့် အမေရိသမ္မတများမှာ သတင်းမီဒီယာများကို ဝေဖန်မှုများ ရှိခဲ့သော်လည်း ထရမ့်၏ လေသံက အာဏာရှင်တစ်ယောက်၏ လေသံနှင့် ပိုတူနေသည်ဟု နိုင်ငံရေးသုံးသပ်သူများက ပြောကြားခဲ့သည်။

ထရမ့်က မီဒီယာများမှာ ၎င်း၏ ပြဿနာများကို သာသာထိုးထိုးဖော်ပြကြပြီး၊ ၎င်း၏ အောင်မြင်မှုများကို လုံလောက်သည့် လေးစားမှုမပြဟု ပုံမှန်လိုလို စွပ်စွဲခဲ့သည်။ ထို့ပြင် ကြာသာပတေးနေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက မီဒီယာကဏ္ဍကို ပြင်းပြင်းထန်ထန် ထိုးနှက် တိုက်ခိုက်ခဲ့သည်။

Ref: Aljazeera