News @ M-Media

အာဆီယံ ယူ ၁၈ အမျိုးသား ဘောလုံးပြိုင်ပွဲ မြန်မာနိုင်ငံတွင် ကျင်းပမည်

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
M-Media

ယူ ၁၈ အသင်းအဖြစ် အခြေခံဖွဲ့စည်းထားသည့် မြန်မာ ယူ ၁၆ အသင်း

– အာဆီယံဘောလုံးအဖွဲ့ချုပ် AFF ၏ ယူ-၁၈ အမျိုးသား ဘောလုံးပြိုင်ပွဲကို လာမည့် စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပသွားမည်ဟု မြန်မာဘောလုံးအဖွဲ့ချုပ် MFF က ယမန်နေ့တွင် ပြောကြားလိုက်သည်။

စက်တင်ဘာ ၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စု (က) တွင် ထိုင်း၊ မလေးရှား၊ တီမောလက်စ်တီ၊ လာအို၊ ကမ္ဘောဒီးယားနှင့် စင်ကာပူတို့ ပါဝင်ကာ၊ အုပ်စု (ခ) တွင် မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား ဘရူးနိုင်း၊ ဖိလစ်ပိုင်နှင့် AFF က ဖိတ်ကြားထားသည့် နယူးဇီလန်အသင်းတို့ ပါဝင်မည် ဖြစ်သည်။

ယခုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအသင်းမှာ ၂၀၁၆ ခုနှစ် အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အသင်းကို အခြေခံကာ တည်ဆောက်ထားခြင်းဖြစ်ပြီး၊ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ နှင့် ယူ-၁၈ ပြိုင်ပွဲဝင် ကလပ်အသင်းများမှာ ကစားသမားအချို့ကို ထပ်မံပေါင်းထည့်ကာ ၎င်းတို့ထဲမှ ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၈ သင်းကို နည်းပြချုပ်အဖြစ် ဦးညီညီလတ်က တာဝန်ယူကိုင်တွယ်နေခြင်းဖြစ်သည်။

Ref: business-standard