News @ M-Media

ပြင်သစ် သမ္မတရွေးကောက်ပွဲ့ ပကျော့တွင် နာမည်ကြီးများ ဖိုင်နယ်အဆင့် တက်ရောက်

ဧပြီ ၂၄၊ ၂၀၁၇
M-Media

En Marche! ပါတီကို ထောက်ခံကြသူများ

– ယမန်နေ့က ပြုလုပ်ခဲ့သည့် ပြင်သစ်၏ သမ္မတရွေးကောက်ပွဲ ပထမအကျော့တွင် သမ္မတဖြစ်မည်ဟု နာမည်ကြီးနေသည့် အလယ်အလတ်ပါတီ En Marche! မှ အီမန်နျူယဲလ် မာခရွန်နှင့် လက်ယာပါတီမှ မာရီနီ လီပန်တို့က ဒုတိယအကျော့ တက်နိုင်ရေး လိုအပ်သည့် မဲရေအတွက်ကို ရရှိခဲ့သည်ဟု သိရသည်။

လူထုသဘောထား ကောက်ခံသည့် အဖွဲ့များဖြစ်သော Harris နှင့် Elabe တို့အတွင် မာခရွန်မှာ မဲအရေအတွက် ၂၄ ရာခိုင်နှုန်းနှင့် ၂၃.၇ ရာခိုင်နှုန်း ရရှိခဲ့ပြီး၊ လီပန်က ထိုနှစ်ခုစလုံးတွင် ၂၂ ရာခိုင်နှုန်း ရရှိခဲ့သည်။

အခြားအဖွဲ့များတွင် ၎င်း၏နှစ်ဦး ရရှိသည့် မဲအရေအတွက်မှာ မတိမ်းမယိမ်း ရှိနေကြကာ မေလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဒုတိယအကျော့ကို တက်ရောက်နိုင်ခဲ့သည်။

အဆိုပါ သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံသူ ၁၁ ဦးရှိခဲ့ပြီး ၎င်းတို့အထဲမှာ ၄ ဦးမှာ နောက်ဆုံးအဆင့်သို့ တက်ရောက်မည်ဖြစ်သည်။

ကွန်ဆာဗေးတစ် ရီပက်ဘလစ်ကန်ပါတီမှ ၀န်ကြီးဟောင်း ဖရန်ကိုအစ် ဖီလွန်၊ လက်ဝဲယိမ်း La France Insoumise ပါတီခေါင်းဆောင် ဂျန် လုစ် မီလန်ချွန်တို့က မဲအရေအတွက် ၂၀ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ၀င်ရောက်အရွေးခံမှုမှ ထွက်ခွာသွားရပြီဖြစ်သည်။

Ref: Aljazeera