News @ M-Media

မြန်မာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို ဆက်ထိန်းမည်ဟု အမေရိကန်ပြော

မေ ၇၊ ၂၀၁၇
M-Media

ပြီးခဲ့သည့် ဥရောပခရီးစဉ်အတွင်း ရောမမြို့၌ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံနေစဉ်

– မြန်မာနိုင်ငံနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်လက်ထားရှိသွားမယ်လို့ အမေရိကန်က ပြောကြားလိုက်ပြီး မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး လျော့ရဲလာတယ်ဆိုတဲ့ ကောလဟာတွေ ထွက်ပေါ်နေချိန်မှာ ဒီလို မှတ်ချက် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်ဟာ ကြာသာပတေးနေ့မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေအကြား မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တဲ့ ဒီတွေ့ဆုံမှုမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်း မရှိပါဘူး။

အရှေ့အာရှနဲ့ ပစိဖိတ်ဒသရေးရာဗျူရိုက တာဝန်ရှိသူ ဒဘလျူ ပက်ထရစ်မာဖီက သတင်းထောက်တွေနဲ့ တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းကြည် ဒီတွေ့တွေ့ဆုံပွဲကို မတက်ရောက်မှုဟာ အစည်းအဝေးတိုက်နေလို့သာဖြစ်ပြီး အခြား ဘာအကြောင်းအရင်းမှ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“အမေရိကန်နဲ့ မြန်မာ – ဘားမား – တို့ဟာ အင်မတန်ကောင်းတဲ့ ဆက်ဆံရေးကို ရရှိထားတယ်ဆိုတာ ကျွန်တော် အခိုင်အမာ ပြောကြားချင်ပါတယ်” လို့ ပက်ထရစ်မာဖီက ပြောကြားခဲ့ပါတယ်။

နောက်ပြီး တီလာဆန်နဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ထံက စာတစ်စောင်ကို ပေးအပ်ခဲ့ကြောင်း၊ ဒါပေမယ့် စာပါ အကြောင်းအရင်းကို အမျိုးသားလုံခြုံရေးအကြံပေးက ပြောကြားခဲ့ခြင်းမရှိကြောင်း ပက်ထရစ်မာဖီက ဆိုပါတယ်။

Rref: VOA