News @ M-Media

ကမန်များ မြေယာ စွန့်လွှတ်ကြောင်း အစိုးရ သတင်းစာ ဖော်ပြချက် မမှန်ကန်ဟုပြော

ဇူလိုင် ၂၅ ၊ ၂၀၁၇
M-Media
သီဟ

ရမ်းဗြဲ ဒုက္ခသည် စခန်းမှ ရန်ကုန်မြို့သို့ ပြောင်းရွှေလာရသည့် ကမန် တိုင်းရင်းသားများနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ ထုတ်မြန်မာအလင်း သတင်းစာဖော်ပြချက်များမှာ လုံးဝ မဟုတ်မမှန်ကြောင်း ကမန်တိုင်းရင်းသား လှုမှုကွန်ရက် ဥက္ကဋ္ဌ ဦးထွန်းငွေက ၄င်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

ရမ်းဗြဲမြို့မှရန်ကုန်မြို့သို့ ပြောင်းရွေ့လာသော ကမန်တိုင်းရင်းသားများ မြေယာစွန့်လွတ်ဟု မြန်မာ့အလင်းသတင်းစာ တွင်ဖော်ပြကာမြေနှင့် အိမ် တန်ဘိုးများ  အတွက် လျော်ကြေးငွေ ထောက်ပံ့ဟုဖော်ပြပါ ရှိပါသည်။

တကယ်တော့မြေယာစွန့်လွတ်ခြင်း လုံးဝ မဟုတ်မှန်ပါကြောင်းနှင့်တရားဝင်ဂရမ်ပေါက် သာသနာ့ပိုင်မြေနေရာတွေလဲ ရှိပါကြောင်း အသိပေးလိုက်ရပါသည်။

၁၃၅မျိုးဝင် ကမန်တိုင်းရင်းသားများမှာမြန်မာနိုင်ငံ အတွင်းမည်သည့်နေရာတွင် မဆိုလွတ်လပ်စွာနေထိုင်ခွင့်ရှိပြီး မူလဒေသသို့ကြိုက် နှစ်သက်တဲ့အချိန်တွင်ပြန်နိုင် ရမည်သာဖြစ်သည်။

ဘုရင်ချပေးထားသော ကမန်လူမျိုးပိုင် သာသနာ့မြေနေရာနှင့် သာသနာ့ အဆောက်အဦးကိုအစိုးရမှ တာဝန်ယူတာဝန်ခံ ရမည်သာဖြစ်သည်။

 

ဆက်စပ်သတင်းများဖတ်ရန်
ရမ်းဗြဲ ဒုက္ခသည်စခန်း မှ ပြောင်းရွှေ့လာတဲ့ ကမန် တိုင်းသားများအခက်အခဲများ (ရုပ်သံ)
http://www.m-mediagroup.com/news/69523

ရခိုင်မှ ဒုက္ခသည်စခန်း သုံးခုကို ပိတ်သိမ်းခဲ့သည့် သတင်းထုတ်ပြန်ချက် လွဲချော်မှုရှိ
http://www.m-mediagroup.com/news/69349