သြဂုတ် ၈၊ ၂၀၁၇
M-Media
– ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ လာမယ့် နိုဝင်ဘာလနှောင်းပိုင်းမှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုဆီ အလည်အပတ်လာရောက်မယ်လို့ သိရပါပြီး ဒါဟာ မြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းတစ်ယောက်ရဲ့ ပထမဆုံး လာရောက်မှု ဖြစ်လာမှာပါ။
မြန်မာနိုင်ငံနဲ့ ပုပ်ရဟန်းမင်းကြီးအုပ်စိုးရာ ဗာတီကန်တို့ဟာ အခုနှစ်မေလမှာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာဖြစ်ပြီး ယခုလို လာရောက်မှုက မြန်မာနိုင်ငံမှာရှိနေတဲ့ လူနည်းစု ခရစ်ယာန်ကက်သလစ်အသင်းတော်အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။
နိုဝင်ဘာ ၂၇ ရက်နေ့မှာ လာရောက်မယ့် ပုပ်ရဟန်းမင်ကြီးဟာ ပထမဆုံး နေပြည်တော်ကို သွားရောက်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံကာ နောက်ပိုင်းမှာ ရန်ကုန်ကို လာရောက်မှာ ဖြစ်ပါတယ်။
စောစောပိုင်းက ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ကိုသွားဖို့ စီစဉ်ထားပေမယ့် အိန္ဒိယအစိုးရနဲ့ သဘောတူညီချက် မရရှိတာကြောင့် မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ အပါအ၀င် မြန်မာနိုင်ငံတစ်ဝှမ်းက အဖိအနှိပ်ခံလူနည်းစုတွေအတွက် ပွင့်ပွင့်လင်းလင်း ဝေဖန်ရှုတ်ချသူတစ်ဦးလည်း ဖြစ်ပါတယ်။
Ref: ncronline.org