News @ M-Media

စကားနားမထောင်လျှင် ဖျက်ဆီးပစ်မည်ဟု မြောက်ကိုရီးယားကို ကန်ခြိမ်းခြောက်

စက်တင်ဘာ ၁၈၊ ၂၀၁၇
M-Media

မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်ခဲ့သည့် ဒုံးကျည်မြင်ကွင်း

– လက်ရှိ နမော်နမဲ့ လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေပါက မြောက်ကိုရီးယားကို ဖျက်ဆီးပစ်မည်ဟု ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ခြိမ်းခြောက်ပြောဆိုလိုက်သည်။

ယမန်နေ့ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ထိုကဲ့သို့ ပြောကြားလိုက်ဖြစ်ပြီး မြောက်ကိုရီးယား၏ နျူအစီအစဉ်ကို ရပ်တန့်ရေး ရွေးချယ်စရာ မရှိတော့ဘဲ စစ်ရေးဖက်သို့ လှည့်ရမည်ဟု ဆိုသည်။

“ကျွန်မတို့မှာရှိတဲ့ ဖြစ်နိုင်ချေတွေကို ကြိုးစားနေပါတယ်။ ဒါပေမယ့် စစ်ရေးနည်းလမ်းအားလုံးကို ထည့်သွင်းထားပါတယ်” ဟု ဟာလေးက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး မခ် မာစတာကလည်း ကင်ဂျုံအန်အနေဖြင့် နျူလက်နက်ကို စွန့်လွှတ်ရမည်ဖြစ်ပြီး သမ္မတက မိမိတို့အနေဖြင့် ဆက်လက်၍ သည်းခံသွားတော့မည်မဟုတ်ဟု ပြောကြားထားကြောင်း သတိပေးထားသည်။

မြောက်ကိုရီးယားမှာ ပြီးခဲ့သည်တစ်ပတ်က ဂျပန်ပိုင် ဟိုကိုင်းဒိုးကျွန်းကိုကျော်၍ ပစိဖိသမုဒ္ဒရာထဲသို့ ဒုံးကျည် ပစ်လွှတ်ခဲ့ပြီး ထိုလုပ်ရပ်ကို လက်တုန့်ပြန်သည့်အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့မှာ ကိုရီးယားကျွန်းဆွယ်ပေါ်၌ ဗုံးကြဲစစ်ရေးလေ့ကျင်မှုကို ယနေ့တွင် ပြုလုပ်နေသည်။

Ref: Aljazeera