News @ M-Media

သာမန်အဖျားဆေးက ကင်ဆာဆဲလ်ကြီးထွားမှုကို တားဆီးပေးကြောင်း သုတေနတွင် တွေ့ရှိ

နိုဝင်ဘာ ၂၂၂၊၂၀၁၇
M-Media

– သာမန် ဖျားတာ၊ နာတာတွေအတွက် သောက်သုံးရတဲ့ N-Acetylcysteine (NAC) ဆေးဟာ ကင်ဆာဆဲလ်တွေ ရှင်သန်နိုင်တဲ့ ပရိုတိန်းတွေကို ဖျက်ဆီးပေးပြီး ဆဲလ်တွေ ကြီးထွားမလာအောင် လုပ်ပေးနိုင်တယ်လို့ ယူကေက သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

N-Acetylcysteine (NAC) ဆေးကို များသောအားဖြင့် ချောင်းဆိုးတာ၊ မူးဝေေ၀ဖြစ်တာ၊ ချွဲကြပ်တာတွေလို တုပ်ကွေးနဲ့ အအေးမိရောဂါတွေအတွက် အသုံးပြုတာဖြစ်ပါ။ ဒီဆေးမှာ ဓာတ်တိုးမှုကြောင့် ဖြစ်တဲ့ ဆဲလ်တွေ ပျက်ဆီးမှုကို ကာကွယ်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ပါဝင်ပါတယ်။

ရင်သားကင်ဆာလိုရောဂါမျိုးက အကြိတ်တွေမှာရှိတဲ့ စထရိုမဲလ်ဆဲလ် (stromal cell) တွေမှာ ဓာတ်တိုးပစ္စည်း မြင့်မားတယ်ဆိုတဲ့ အရင်က တွေ့ရှိချက်ကို အခြေခံကာ Salford တက္ကသိုလ်ရဲ့ သဘာဝတ်ပတ်ဝန်းကျင်နဲ့ သဘာသိပ္ပံဆိုင်ရာကျောင်းက ပရော်ဖက်ဆာ ဖက်ဒရီကာ ဆော့ဂီယာတို့အဖွဲ့ဟာ သုတေသန ပြုလုပ်တာဖြစ်ပါတယ်။

Stroal cell တွေဟာ ဓာတ်တိုးပစ္စည်းနဲ့ ထိတွေ့ပြီဆိုရင် ကင်ဆာဆဲလ်တွေ ကြီးထွားဖို့ လိုအပ်တဲ့ ပရိုတိန်းတွေကို ထုတ်ပေးကြောင်း ဆော့ဂီယာတို့အဖွဲ့က ရှင်းပြနိုင်ခဲ့ပါတယ်။

ဒါကိုတားဆီးဖို့အတွက် NAC ဆေးဝါးကိုအသုံးပြုကာ အဆင့် ၀နဲ့ အဆင့် ၁ ရင်သားကင်ဆာရောဂါတွေကို လတ်တလော ခံစားနေရတဲ့ အမျိုးမီး ၁၂ ဦးမှာ စမ်းသပ်ခဲ့တာပါ။

အဲဒီအမျိုးသမီးတွေရဲ့ ကင်ဆာကျိတ်က ဆဲလ်တွေကို ခွဲမထုတ်ခင်နဲ့ ခွဲထုတ်နေစဉ်အတွင်းမှာ စစ်ဆေးမှုတွေလုပ်ခဲ့ပြီး NAC ကြောင့် ကင်ဆာကို အားကောင်းစေတဲ့ MCT4၊ CAV1 နဲ့ Ki67 ပရိုတိန်းတွေထဲမှာ Ki67 ဟာ ၂၅ ရာခိုင်နှုန်း ကျဆင်းပြီး MCT4 က ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

NAC ဟာ ဈေးမကြီးဘဲ ဘေးထွက်ဆိုးကျိုးလည်း မရှိတာကြောင့် ဒီရလဒ်ဟာ ကင်ဆာရောဂါကို ကုသရေး အားတက်စရာကောင်းတဲ့ တွေ့ရှိမှုဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

Ref : Medical News Today