News @ M-Media

နယူးယောက်မြို့လယ်ကောင်တွင် ပေါက်ကွဲမှုဖြစ်

ဒီဇင်ဘာ ၁၁၊ ၂၀၁၇
M-Media

– အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ကောင် မဟတ္တန်ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်သည်ဟူသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု နယူးယောက်ရဲတပ်ဖွဲ့က ကြေငြာခဲ့သည်။

နယူးယောက်တိုင်းမ်စကွဲအနီး Port Authority ဘတ်စ်ကားမှတ်တိုင်တွင် ယနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်သည်ဟု သတင်းရရှိကြောင်း နယူးယောက်ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သော်လည်း ပေါက်ကွဲမှု ပမာဏနှင့် အကြောင်းအရင်းကို အတည်မပြုနိုင်ဟု ဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ အနည်းဆုံး လူတစ်ယောက်ကို အသက်အန္တရာယ်မရှိသည့် ဒဏ်ရာများဖြင့် ဖမ်းဆီးထားသည်ဟု ရဲဌာနက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

ပေါက်ကွဲမှုကြောင့် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဟု နယူးယောက်အစိုးရက Twitter စာမျက်နှာတွင် ဖော်ပြကာ၊ နယူးယောက်အုပ်ချုပ်ရေးမှူး အန်ဒရူးကူမိုက စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

Ref: Aljazeera