News @ M-Media

Tag: Liverpool

  • လက်ထပ်ပြီး ၁၁ ရက်အကြာတွင် ချစ်သောမိသားစု၊ ပရိတ်သတ်များကို နှုတ်ဆက်သွားခဲ့တဲ့ ဒီယေဂို ဂျိုတာ

    ဇူလိုင် ၄၊ ၂၀၂၅
    M-Media

    လီဗာပူးလ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ဒီယိုဂို ဂျိုတာဟာ ဇူလိုင်လ ၃ ရက်နေ့က စပိန်နိုင်ငံ ဇာမိုရာမြို့က အ၀ေးပြေးလမ်းမှာ ညီဖြစ်သူနဲ့အတူ ကားမတော်တဆဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။

    ဂျိုတာနဲ့ သူ့ရဲ့ညီ အန်ဒရေဆေးလ်ဗားတို့ စီးလာတဲ့ Lamborghini ကားဟာ အခြားကားတစ်စီးကို ကျော်တက်ရာမှာ တာယာကွဲပြီး လမ်းဘေးအကာအယံတွေကို ၀င်တိုက်ကာ မီးလောင်သွားခဲ့တာဖြစ်ပါတယ်။

    ကွယ်လွန်ချိန်မှာ ဂျိုတာဟာ အသက် ၂၈ နှစ်သာ ရှိသေးပြီး ဆေးလ်ဗားက ၂၅ နှစ်သာ ရှိပါသေးတယ်။ ယူကေကို သင်္ဘောနဲ့ပြန်ဖို့ ဆန်တန်ဒါ သင်္ဘောဆိပ်ကိုအသွားမှာ ဒီလိုကံကြမ္မာဆိုးကို ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ဂျိုတာဟာ မကြာသေးခင်က အဆုတ်ကို ခွဲစိပ်ကုသထားတာကြောင့် လေယာဥ်မစီးဖို့ ဆရာ၀န်က ညွှန်ကြားထားတာပါ။

    ဂျိုတာဟာ ငယ်ချစ်ဦး ရူတီကာဒိုဆိုနဲ့ ကလေး ၃ ဦး ရရှိပြီးတဲ့နောက် ဇွန်လ ၂၂ ရက်နေ့က ပူပူနွေးနွေးလက်ထပ်ထားတာ ဖြစ်ပါတယ်။

    ဂျိုတာ ကားမတော်တဆဖြစ်ခဲ့တဲ့ A‑52 အ၀ေးပြေးလမ်းဟာ စပိန်မှာ အန္တရာယ်များပြီး မတော်တဆမှု အဖြစ်များတဲ့ လမ်းဖြစ်ကြောင်း စပိန်မီဒီယာတွေက ဖော်ပြကြပါတယ်။

    Ref: The Sun

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၂၂၊ ၂၀၂၀
    M-Media

    ချန်ပီယံလိဂ်အရှုံးက မိမိ၏ လိုအပ်ချက်ကြောင့်ဟု ဇီဒိန်းဝန်ခံ

    ဒီနေ့မနက် ချန်ပီယံလိဂ်မှာ အရှက်တကွဲရှုံးနိမ့်မှုအတွက် မိမိမှာသာတာဝန်ရှိပြီး ဝေဖန်မှကိုလက်ခံတယ်လို့ ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။

    ကိုဗစ်ကြောင့် အဓိကကစားသမား ၁၃ ဦး မကစားနိုင်ဘဲ လူငယ်တွေနဲ့သာ ပွဲထွက်လာရတဲ့ ယူကရိကန်းကလပ် ရှက်တာဒိုးနက်ကို အိမ်ကွင်းမှာ ရီးယဲလ်က ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

    ဇီဒိန်းက ဆိုးရွားတဲ့ပွဲ၊ ဆိုးရွားတဲညတစ်ခု ဖြစ်ခဲ့ပြီး ​ဒီအခြေအနေကို ကျော်လွှားနိုင်ရေး နည်းလမ်းရှာသွားမယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ရီးယဲလ်ဟာ စနေနေ့ကလည်း လာလီဂါမှာ တန်းတက်အသင်း ကာဒစ်ဇ်ကို အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    အန်ဆူဖာတီကို လူမျိုးရေးခွဲခြားခဲ့သည့် စပိန်ဂျာနယ်လစ် ပြန်တောင်းပန်

    ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ်မှူး အန်ဆူ ဖာတီကို လူမျိုးရေးခွဲခြား ရေးသားခဲ့တယ်လို့ ဝေဖန်ခံရတဲ့ စပိန်ဂျာနယ်လစ်တစ်ဦးက သူ့ရဲ့လုပ်ရပ်အတွက် ပြန်တောင်းပန်လိုက်ပါတယ်။

    ချန်ပီယံလိဂ်ပွဲ ABC သတင်းဌာနအတွက်ရေးတဲ့ ပွဲသုံးသပ်ချက်မှာ ဂျာနယ်လစ် ဆာဗာဒို ဆော့စ်ထရက်စ်က ဖာတီကို ‘လူမည်းလမ်းဘေးစျေးသည်’ လို့ ထည့်ရေးခဲ့ပါတယ်။ ဆော့စ်ထရက်စ်က ဖာတီရဲ့ လှလှပပ လှုပ်ရှားမှုကို ရည်ညွှန်းလိုတဲ့အတွက် ဒီလိုရေးသားခဲ့တာဖြစ်ပြီး နားလည်မှုလွဲခဲ့တဲ့အတွက် အလွန်အမင်း ဝမ်းနည်းရတယ်လို့ ABC မှာ တောင်းပန်ရေးသားခဲ့ပါတယ်။

    အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ ဖာတီဟာ အသက် ၁၈ နှစ်မပြည့်ခင် ချန်ပီယံလိမှာ ၂ ဂိုးသွင်းယူတဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။

    ဗန်ဒိုက်ဒဏ်ရာရသည်အတွက် ဝမ်းနည်းကြောင်း အန်ဆယ်လော့တီပြော

    မိမိ​လူကြောင့် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားတဲ့အတွက် ဝမ်းနည်းမိတယ်လို့ အဲဗာတန်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်ပါတယ်။

    ၂ ဂိုးစီသရေကျတဲ့ ပြီးခဲ့တဲ့တစ်ပတ် ပရီးမီးယားလိဂ်ပွဲမှာ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့ ဖြတ်ထုတ်မှုကြောင့် ဗန်ဒိုက်ဟာ အရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့တာပါ။

    အန်ဆယ်လော့တီက ဗန်ဒိုက် အမြန်ကျန်းမာပါစေကြောင်း ဆုတောင်းခဲ့ပြီး ပစ်ဖို့ဒ်က ရည်ရွယ်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ပြောကြားမှုကိုတော့ ငြင်းဆိုခဲ့ပါတယ်။

    ဘောလုံးအဖွဲ့ချုပ် FA ကလည်း ဒီအဖြစ်အပျက်ဟာ မတော်တဆသာ ဖြစ်တဲ့အတွက် ပစ်ဖို့ဒ်ကို အရေးမယူဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: BBC

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၁၇၊ ၂၀၂၀
    M-Media

    ဘိုင်ယန်ကွင်းလယ်လူ သီယာဂိုကို လီဗာပူးလ်ခေါ်ယူ

    လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်လူ သီယာဂို အလ်ကန်တာရာကို ၄ နှစ်စာချုပ် ပေါင် ၂၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီချက် ရခဲ့ပါတယ်။

    အသက် ၂၉ နှစ်အရွယ် သီယာဂိုဟာ ၂၀၁၃ ခုနှစ်က ဘာစီလိုနာကနေ ဘိုင်ယန်ကို ရောက်လာတာပါ။ လီဗာပူးလ်မှာ နံပါတ် ၆ ဂျာစီ ဝတ်ဆင်မှာ ဖြစ်ပါတယ်။

    သီယာဂိုဟာ ဂရိနောက်ခံလူ ကော့စ်တက်စ် စီမီကက်စ်နောက် လီဗာပူးလ်အသင်းက အခုနှစ် ဒုတိယမြောက်ခေါ်ယူတဲ့ ကစားသမား ဖြစ်ပါတယ်။

    ဘိုင်ယန်နည်းပြ ဟန်ဆီ ဖလစ်က သီယာဂိုဟာ ခြွင်းချက်မဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ဖြစ်ပြီး သူအသင်းကထွက်သွားတဲ့ ဒီနေ့ဟာ စိတ်မကောင်းစရာနေ့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ် စပါးကို ပြန်လာမည်

    ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အသက် ၃၁ နှစ်အရွယ် ဘေးလ်ဟာ အသင်းဟောင်းစပါးကို အငှားနဲ့ ပြန်လာတော့မှာဖြစ်ပြီး သောကြာနေ့မှာ လန်ဒန်ကို လာရောက်ဖို့ ရှိနေပါတယ်။

    ၂၀၀၇ ခုနှစ်က ဆောက်သက်တမ်ကနေ စပါးကိုပြောင်းလာတဲ့ ဘေးလ်ဟာ ၂၀၁၃ ခုနှစ်မှာ အဲဒီတုန်းက စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ရီးယဲလ်ကို ရောက်ရှိကာ ဂိုး ၁၀၀ ကျော်သွင်းပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ရရှိခဲ့ပါတယ်။

    ဘေးလ်အတွက် ဆွေးနွေးမှုတွေဟာ တိုးတက်မှုရှိပေမယ့် စပါးနည်းပြ မော်ရင်ဟိုကတော့ ဒီကိစ္စအတွက် ထုတ်မပြောလိုဘူးလို့ ဆိုပါတယ်။ ဘေးလ်ဟာပြီးခဲ့တဲ့ ရာသီတွေမှာ ရီးယဲလ်ကနေ ထွက်ခွာဖို့ ကြိုးစားပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။

    ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က နေးမာကို ၂ ပွဲပယ်ပြစ်ဒဏ်ချ

    တနင်္ဂနွေနေ့ မာဆေလ်းနဲ့ပွဲက အပြုအမူအတွက် ပီအက်စ်ဂျီတိုက်စစ်မှူး နေးမာကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ၂ ပွဲ ကစားခွင့် ပိတ်လိုက်ပါတယ်။

    ပီအက်စ်ဂျီရှုံးခဲ့တဲ့ အဲဒီပွဲမှာ နှစ်ဖက်အသင်းသမားတွေ စကားများတာကြောင့် ၅ ဦးအထိ အထုတ်ခံခဲ့ရပါတယ်။ မာဆေးလ်နောက်ခံလူ အလ်ဗာရိုဂွန်ဇာလက်ကို ဦးခေါင်းရိုက်မှုအတွက် ထုတ်ပယ်ခဲ့ရတဲ့ နေးမာက ဂွန်ဇာလက်ဟာ သူ့ကို လူမျိုးရေးခွဲခြား စော်ကားပြောဆိုခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    ပြင်သစ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    ပီအက်စ်ဂျီနောက်ခံလူ လေဗင် ကူရ်ဇာဝါက ၆ ပွဲ၊ လီယန်ဒရို ပရာဒက်စ်က ၂ ပွဲ၊ မာဆေးလ်က ဂျော်ဒန် အေမာဗီက ၃ ပွဲ၊ ဒါရီယို ဘန်ဒက်တိုက ၁ ပွဲ အသီးသီး ပွဲပွယ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

    Ref : BBC

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၁၃၊ ၂၀၂၀
    M-Media

    တိုက်စစ်မှူးဆာလာဟ်မှာ ထူးရှယ်ကစားသမားဟု ကလော့ပ်ပြော

    တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ ထူးရှယ်ကစားသမားတစ်ဦးဖြစ်ပြီး အနာဂတ်ကာလ အချိန်အတော်ကြာတဲ့အထိ ဒီအတိုင်း ရှိနေလိမ့်မယ်လို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပြောကြားလိုက်ပါတယ်။ မနေ့က လိဒ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဆာလာဟာ ဟက်ထရစ် သွင်းယူခဲ့ပြီး တက်ဒီရှာရင်ဂမ်ပြီးရင် ၄ ရာသီဆက်တိုက် ရာသီအဖွ့င်ပွဲတွေမှာ ဂိုးသွင်းနိုင်တဲ့ ဒုတိမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းမှာ ၁၉၈၈-၈၉ နောက်ပိုင်း အဖွင့်ပွဲစဉ် ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာတာပါ။ နောက်ခံလူ ဗန်ဒိုက်ကလည်း မီဒီယာတွေက ဆာလာဟ်ကို ဝေဖန်နေကြပေမယ့် အသင်းကတော့ ဆာလာဟ်ကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

    အသင်းစွမ်းဆောင်ရည်ကို ဂုဏ်ယူနေတဲ့ လိဒ်နည်းပြ ဘီယဲလ်ဆာ

    လီဗားပူးလ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် အသင်းစွမ်းဆောင်ရည်အတွက် ဂုဏ်ယူမိတယ်လို့ လိဒ်နည်းပြ မာဆယ်လို ဘီယဲလ်ဆာက ပြောပါတယ်။ ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးခဲ့ပေမယ့် လိဒ်က ကစားပုံကောင်းခဲ့သလို၊ ဂိုးတွေလည်း အပြန်အလှန်သွင်းနိုင်ခဲ့ပြီး ပွဲပြီးကာနီး ပင်နယ်တီကြောင့်သာ အမှတ်ဆုံးရှုံးခဲ့ရတာပါ။ ဘီယဲလ်ဆာက မိမိတို့ဟာ လီဗာပူးလ်ကို ယှဉ်ကစားနိုင်ခဲ့ပြီး အသင်းရဲ့ တိုးတက်မှုတွေအတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။ တစ်ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ပက်ထရစ် ဘမ်ဖို့ဒ်က ရှုံးနိမ့်ခဲ့ပေမယ့် အသင်းသားတွေအကြား အားရကျေနပ်မှုရရှိပြီး ဒီီပုံစံကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပရီးမီးယားလိဂ်ဖလားကို မန်စီးတီး စိန်ခေါ်နိုင်မည်

    အခုနှစ်ပရီးမီးယားလိဂ်ရာသီသစ်မှာ မန်စီးတီးဟာ ချန်ပီယံဘွဲကို စိန်ခေါ်နိုင်လိမ့်မယ်လို့ တောင်ပံကစားသမားဟောင်း ရှောင် ရိုက်ဖီးလစ်က ​ပြောပါတယ်။ ၂၀၁၈-၂၀၁၉​ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးဟာ မနှစ်က ချန်ပီယံဘွဲကို မကာကွယ်နိုင်ခဲ့ဘဲ လီဗာပူးလ်အသင်းကို လွှဲပြောင်းပေးခဲ့ရပါတယ်။ ရိုက်ဖီးလစ်က လီဗာပူးလ်ဟာ ဒီနှစ်မှာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပြဿနာကို ကြုံတွေ့ရနိုင်ပြီး၊ မန်စီးတီးရဲ့ ကစားသမား ဝယ်ယူအားဖြည့်မှုက အားရစရာ ကောင်းတာကြောင့် ကွာဟချက်ကို လျှော့ချနိုင်မှာဖြစ်ကြောင်း၊ ချယ်ဆီးကလည်း လီဗာပူးလ်ကို စိန်ခေါ်နိုင်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Goal, BBC

  • စနနေ့ ဘောလုံးသတင်းများ

    စနနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၁၂၊ ၂၀၂၀
    M-Media

    ကွင်းအတွင်း ပရိသတ်ဝင်ခွင်ပြုရေး ပရီးမီးယားလိဂ်က ဗြိတိန်အစိုးရကို တောင်းဆို

    ဘောလုံးပွဲတွေမှာ ပရိတ်သတ်ဝင်ခွင့်ပြုရေး ကန့်သတ်မယ့် အစိုးရရဲ့အစီအစဉ်ကို ပြန်လည်စဉ်းစားပေးဖို့ ပရီးမီးယားလိဂ်က ဗြိတိန်အစိုးရကို စာပို့တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲတွေမှာ ပရိတ်သတ်တွေ ဝင်ခွင့်ပြုဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကြောင့် ဒီအစီအစဉ်ကို ပြန်သုံးသပ်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။ ပရီးမီးယားလိဂ် ကျင်းပရေး ကော်မတီက ပရိတ်သတ်မပါဘဲ ကစားရင် တစ်လကို ပေါင် သန်း ၁၀၀ လောက်ရှုံးနိုင်ပြီး လူ ၁ သိန်းလောက်ရဲ့ အလုပ်အကိုင်တွေလည်း ဆုံးရှုံးမယ်လို့ ထောက်ပြခဲ့ပါတယ်။ ကိုဗစ်ကြောင့် ခေတ္တရပ်နားပြီး ပြန်စတဲ့ ဇွန်လကစလို့ ဥရောပဘောလုံးပြိုင်ပွဲတွေမှာ ပရိတ်သတ်မပါဘဲ ကစားခဲ့ကြတာ
    ဖြစ်ပါတယ်။

    မလိုအပ်ဘဲ ငွေမဖြုန်းဟု ကလော့ပ်ပြော

    အပြောင်းအရွှေ့စျေးကွက်မှာ မလိုအပ်ဘဲ ငွေကြေးဖြုန်းတီးသွားမှာ မဟုတ်ဘူးလို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ်ချိန်ပီယံဟာ လက်ရှိအချိန်အထိ ကစားသမားတစ်ဦးသာ ဝယ်ယူထားပြီး ပြင်ဆင်မှုအားနည်းတယ်လို့ ဝေဖန်ခံနေရပါတယ်။ က​လော့ပ်ကတော့ ဒီကစားသမားမရှိလို့ ရာသီစလိုမရတော့ဘူးဆိုတဲ့အတွေးမျိုး လီဗာပူးလ်ရောက်စဉ်ကတည်းက မရှိကြောင်း ထိုက်တန်သလောက် ပြန်ရတဲ့အခြေအနေမျိုးမှသာ မိမိတို့က ငွေကြေးသုံးစွဲကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ လာမယ့်ဘောလုံးရာသီဟာ အရင်နှစ်ကထက် ပိုမိုခက်ခဲလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

    အသင်း၏အုတ်မြစ် ကန်တေကို ချယ်ဆီးက ရောင်းမည်မဟုတ်

    အန်ဂိုလိုကန်​တေဟာ အသင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ပြောကြားလိုက်ပါတယ်။ ကန်တေကို ခေါ်ယူဖို့ ဥရောပအသင်းကြီး တော်တော်များများက ကြိုးစားနေကြပြီး အသင်းက ထွက်မယ်လို့လည်း သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ လမ်းပတ်က ပြီးခဲ့တဲ့နှစ်မှာ ဒဏ်ရာကြောင့် ကန်တေ ခြေစွမ်းမပြနိုင်ပေမယ့် လက်ရှိ ကြံ့ခိုင်မှုပြည့်၀နေပြီး အဆုံးရှုံးမခံနိုင်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ချယ်ဆီးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် တနင်္လာနေ့မှာ ဘရိုက်တန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

    Ref: Goal,BBC