ဇူလိုင် ၇၊ ၂၀၁၈
M-Media

– ဂျပန်နိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတာကြောင့် လူ ၂၀ လောက်သေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။
မိုးရွာမှုကြောင့် မြေပြိုမှုတွေလည်း ဖြစ်ပွားနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာနေပါတယ်။
ဒေသခံ အာဏာပိုင်တွေက လူ ၂၀ လောက်သေဆုံးတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် NHK သတင်းဌာနက သေဆုံးသူ အရေအတွက်ကို ၃၈ ဦးလို့ ဖော်ပြပါတယ်။ လူပေါင်း ၁.၆ သန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားတယ်လို့လည်း သတင်းဌာနက ဆိုပါတယ်။ ပျောက်ဆုံးနေသူတွေကတော့ တော်တော်များများ ရှိနေပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထိခိုက်ခံစားရသူတွေကို အားသွန်ခွန်စိုက် ကယ်ဆယ်ကြဖို့အတွက် ၀န်ကြီးတွေကို တိုက်တွန်းခဲ့ပါတယ်။
လာမယ့်ရက်တွေမှာ မိုးထပ်ရွယ်မယ်လို့ ဂျပန် မိုးလေသဌာနက ခန့်မှန်းထားပြီး အစိုးရကလည်း ရေကြီးမှုတွေ ဖြစ်လာနိုင်တဲ့ ဒေသတွေမှာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
Ref: Aljazeera