News @ M-Media

လာအို-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်မည်

ဇူလိုင် ၂၅၊ ၂၀၁၈
M-Media

လာအိုဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်စဉ်က

– လျှပ်စစ်ဓာတ်အားကဏ္ဍ အပါအ၀င် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးမြှင့်လုပ်ဆောင်ဖို့အတွက် မြန်မာနဲ့ လာအိုနိုင်ငံတို့က သဘောတူညီခဲ့ကြပါတယ်။

မနေ့က နေပြည်တော်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နဲ့ လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့ တွေ့ဆုံမှုအတွင်း ဒီလို သဘောတူညီခဲ့ကြတာပါ။

ဇန်န၀ါရီလက လာအိုဝန်ကြီးချုပ် Saleumxay Kommasith မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်းမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်တွေအကြောင်းကို ၀န်ကြီးနှစ်ဦးက မနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေမှာ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ မြန်မာ-လာအို ချစ်ကျည်ရေးတံတား တည်ဆောက်မှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနဲ့ ခရီးသွားကဏ္ဍတွေ ပါဝင်ပါတယ်။

ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေအကြောင်းကိုလည်း ၀န်ကြီးနှစ်ဦးက ဆွေးနွေးခဲ့ကြပါတယ်။

လာအို နိုင်ငံခြားရေးဝန်ကြီး Kommasith ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

Ref: Xinhua