News @ M-Media

မြို့ပြဧရိယာများကို ညဘက် လ,အတုဖြင့် အလင်းပေးရန် တရုတ် စီစဉ်

အောက်တိုဘာ ၁၉၊ ၂၀၁၈
M-Media


– မြို့ပြဒေသတွေမှာ ညဘက် လမ်းမီးတွေကို အစားထိုးဖို့နဲ့ လျှပ်စစ်ဓာတ်အားတွေ ချွေတာဖို့အတွက် တရုတ်က လ,အတုတစ်လုံးကို ၂၀၂၀ မှာ လွှတ်တင်ဖို့ ရှိနေပါတယ်။

နိုင်ငံတောင်ပိုင်း ဆီချွမ်ပြည်နယ် ချန်ဒူးမြို့မှာ လ,အတုကို ဖန်တီးနေပြီး တကယ့်လအစစ်လို နေအလင်းရောင်ကို ရယူကာ လ,အစစ်ထက် ၈ ဆ ပိုလင်းမှာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင်းသတင်းဌာန China Daily က ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

Tian Fu ခေတ်သစ် အာကာသသိပ္ပံအသင်း အကြီးအကဲ ၀ူချင်ဖန်က ၂၀၂၀ မှာ ဒီ လ,အတုကို စီချွမ်ပြည်နယ် ရှီချန်း အာကာသ လွှတ်တင်ရေး စခန်းကနေ လွှတင်မှာ ဖြစ်ပြီး စမ်းသပ်မှုအောင်မြင်ရင် ၂၀၂၂ ခုနှစ်မှာ နောက်ထပ် ၃ လုံး ထပ်မံ လွှတ်တင်ကာ ပြည်သူလူထုနဲ့ စီးပွားရေး ကိစ္စတွေအတွက် ထိထိရောက်ရောက် အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နေကအလင်းရောင်းကို အလင်းပြန်ကာ လွှတ်ပေးမယ့် အဲဒီ လ,အတုဟာ စကွဲယားကီလိုမီတာ ၅၀ ရှိတဲ့ဒေသကို ကောင်းမွန်စွာ အလင်းပေးနိုင်မှာဖြစ်ပြီး ချန်ဒူးမြို့မှာ တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ကန်ဒေါ်လာ သန်း ၁၇၀ ဖိုး ချွေတာနိုင်မှာ ဖြစ်ပါတယ်။

ဝူက လ,အတုဟာ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားပြတ်တောက်တဲ့အချိန် အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်ရာမှာလည်း အထောက်အကူ ဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ အာကာသ စူးစမ်းရေးနယ်ပယ်မှာ အမေရိကန်နဲ့ ရုရှားတို့ကို လိုက်မီအောင် ကြိုးစားနေပြီး လစူးစမ်းရေးယာဉ် Chang’e-4 ကို အခုနှစ်နှောင်းပိုင်းမှာ လွှတ်တင်ကာ လရဲ့ အမှောင်ဘက်ခြမ်းကို လေ့လာမှာဖြစ်ပါတယ်။ ဒါဟာ လအမှောင်ဘက်ခြမ်းကို လူသားတွေ ပထမဆုံးေ လ့လာမှုလည်း ဖြစ်ပါတယ်။

နေရဲ့အလင်းရောင်ကို ရယူကာ ကမ္ဘာကို အလင်းပြန်လွှတ်ပေးတဲ့ စီမံကိန်းကို ၁၉၉၀ ပြည့်နှစ်တွေမှာ ရုရှားက လုပ်ဆောင်ဖူးပါတယ်။

Ref: Aljazeera