News @ M-Media

ဂါဇာ ရှေးဟောင်းပြတိုက်မှ ပစ္စည်း ၁၇၀၀၀ ကျော်ကို အစ္စရေးက ခိုးယူး

နို၀င်ဘာ ၁၇၊ ၂၀၂၅

M-Media 

(ဓာတ်ပုံ – ဖျက်ဆီးခံထားရသည့် Al-Basha Palace Museum ပြတိုက်)

ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်က ရှေးဟောင်းပစ္စည်းပြတိုက် Al-Basha Palace Museum ကနေ ပစ္စည်းအားလုံးနီးပါးကို အစ္စရေးက ခိုးယူသွားတယ်လို့ ပြတိုက် ကြီးကြပ်ရေးမှူး ဟာမူဒါ အလ်-ဒဟ်ဒါက ပြောပါတယ်။ 

ပြတိုက်မှာ မမ်လူက်ခေတ်၊ အော်တိုမန်ခေတ်၊ ဘိုင်ဇန်တိုင်းခေတ်၊ ရောမခေတ်နဲ့ သမိုင်းမတိုင်ခင်ခေတ်တွေက ရှေးဟောင်းပစ္စည်းပေါင်း ၁၇၀၀၀ ကျော် ရှိခဲ့တာပါ။ အလ်-ဒဟ်ဒါက ရှေးဟောင်းပစ္စည်း အားလုံးနီးပါးကို အစ္စရေးက ခိုးယူသွားခဲ့ပြီး လက်ရှိ ပြတိုက်အပျက်အစီးတွေကြားမှာ ၂၀ လောက်သာ ပြန်တွေ့တော့တယ်လို့ ဆိုပါတယ်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အစ္စရေးဟာ Al-Basha Palace Museum ပြတိုက်ကို ဗုံးကြဲဖျက်ဆီးခဲ့သလို၊ နောက်ပိုင်းမှာ ဘူဒိုဇာနဲ့ ထိုးကာ ရှင်းလင်းခဲ့ပါတယ်။ 

Ref: Roya News