News @ M-Media

ကမ္ဘာ့ပထမဆုံး Hyperloop စနစ်ကို ၂၀၂၀ တွင် ယူအေအီး၌ ပြေးဆွဲမည်

ဇန်န၀ါရီ ၁၉၊ ၂၀၁၉
M-Media

Hyperloop ကွန်ပျူတာ ဒီဇိုင်း

– ကမ္ဘာ့ပထမဆုံး Hyperloop သယ်ယူရေးပို့ဆောင်ရေးစနစ်ကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမှာ ၂၀၂၀ ခုနှစ်ကနေစတင်ပြီး ပြေးဆွဲမယ်လို့ သိရပါတယ်။

ဒူဘိုင်းနဲ့ အဘူဒါဘီမြို့ကို ဆက်သွယ်ထားပြီး ကီလိုမီတာ ၁၅၀ အရှည်ရှိတဲ့ Hyperloop လမ်းကြောင်း ပထမအဆင့် ၁၀ ကီလိုမီတာကို လာမယ့်နှစ်မှာ စတင် ဆောက်လုပ်မှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီ Hyperloop TT ရဲ့ ဥက္ကဌဖြစ်သူ ဘီဘော့ပ် ဂရီစတာက ၁ ကီလိုမီတာ လမ်းပိုင်းကို ကန်ဒေါ်လာ သန်း ၄၀ လောက် ကုန်ကျမှာဖြစ်ပြီး ပထမအဆင့်ကို ၂၀၂၀ ခုနှစ်မှာ ပြေးဆွဲနိုင်မယ်လို့ Emirates News Agency သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

Hyperloop စနစ် အသုံးပြုဖို့ အယူအဆကို Tesla နဲ့ Space X ကို တည်ထောင်သူ အေလွန်မက်စ်က ၂၀၁၂ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ရထားတွဲလို အတွဲမျိုးတွေကို လေဖိအားမရှိတဲ့ သီးသန့် လှိုင်ခေါင်းထဲမှာ သံလိုက်အားနဲ့ ပြေးဆွဲမယ့် ဒီစနစ်ဟာ လက်ရှိ အသုံးပြုနေတဲ့ ပို့ဆောင်ရေးစနစ် အားလုံးက ပိုမြန်မှာ ဖြစ်ပါတယ်။

ယူအေအီးမှာ တည်ဆောက်မယ့် ပထမဆုံး Hyperloop စနစ် ပြီးစီးသွားရင် ဒူဘိုင်းနဲ့ အဘူဒါဘီကို ၁၂ မိနစ်နဲ့ သွားရောက်နိုင်မှာ ဖြစ်ပါတယ်။

ဂရီစတာက ပထမဆုံး Hyperloop အတွဲကို စပိန်မှာ တပ်ဆင်ပြီးစီးခဲ့ပြီး ပြင်သစ်နိုင်ငံ တူးလော့စ်မြို့ကို ပို့ဆောင်ကာ အဲဒီက လှိုင်ခေါင်းမှာ စမ်းသပ်မယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Alarabiya