News @ M-Media

ကျန်းမာရေးဝန်ကြီးဌာနက သွေးလွန်တုပ်ကွေး သတိပေးချက် ထုတ်ပြန်ထား

ဇူလိုင် ၁၈၊ ၂၀၂၀
M-Media

-မိုးရာသီရောက်လာတဲ့အချိန် သွေးလွန်တုပ်ကွေးဖြစ်ပွားကာ အသက်ဆုံးရှုံးမှု များလာနိုင်တဲ့အတွက် သတိထားကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အခုနှစ်အတွင်း ဇွန်လ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၂၈၆၂ ခု ရှိခဲ့ပြီး သေဆုံးသူအရေအတွက်ဟာ ၂၀ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးက သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့က ဒုတိယနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ မိုးရာသီမှာ ဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါ တိုက်ဖျက်ရေးနဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေကို ဧပြီလအစောပိုင်းလောက်ကတည်းက လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံတစ်ဝှမ်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၂၄၃၄၅ ခု ရှိခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၁၀၀ လောက် ရှိခဲ့ပါတယ်။

Ref: The Star