News @ M-Media

ဘင်္ဂလားဒေ့ရှ်တွင် တံတားသစ်ပေါင်း ၁၀၀ ကို တစ်ပြိုင်တည်းဖွင့်လှစ်

နို၀င်ဘာ ၈၊ ၂၀၂၂

M-Media


-ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ် ရှိခ်ဟာဆီနာဟာ မနေ့က တံတားအစင်းပေါင်း ၁၀၀ ကို အွန်လိုင်းကနေ ဖွင့်လှစ်ပေးခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ သမိုင်း၀င်အခမ်းအနားတစ်ခုလည်း ဖြစ်ပါတယ်။ 

ခရိုင်ပေါင်း ၂၅ ခုက အဲဒီ တံတား ၁၀၀ ဟာ နိုင်ငံဖွံ့ဖြိုးရေးကို ပိုမို မြန်ဆန်လာစေလိမ့်မယ်လို့ ဟာဆီနာက ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ 

တံတားတွေကြောင့် အရင်က ရေလမ်းကနေ သွားရတဲ့ ခရီးလမ်းကြောင်း ၃၃ ခုဟာ အခုဆိုရင် ကုန်လမ်းကနေ အလွယ်တကူ အချိန်တိုတို အန္တရာယ်ကင်းကင်း သွားလို့ရပြီဖြစ်ပါတယ်။ တံတားတွေဟာ ခရိုင်တွေကို မြို့တော်ဒါကာနဲ့ ဆက်သွယ်ရာမှာလည်း အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ 

၀န်ကြီးချုပ် ရှိခ်ဟာဆီနာက တံတားတွေကြောင့် တရားဥပဒေစိုးမိုးရေးကို ပိုမိုအားကောင်းအောင် ဆောင်ရွက်လာနိုင်မှာဖြစ်သလို၊ သဘာ၀ဘေးတွေ ကြုံတွေ့ချိန်မှာလည်း လျင်လျင်မြန်မြန်နဲ့ အန္တရာယ်ကင်းတဲ့နေရာကို သွားရောက်နိုင်လိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

ကမ္ဘာကြီးက စွမ်းအင်အကြပ်အတည်း ကြုံတွေ့နေတဲ့အချိန် လျှပ်စစ်နဲ့ သဘာ၀ဓာတ်ငွေ့တွေကို ချွေတာအသုံးပြုကြဖို့ ဟာဆီနာက တိုက်တွန်းခဲ့ပါတယ်။ 

Ref: The Siasat Daily