News @ M-Media

ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၂)

ဇူလိုင် ၂၄၊ ၂၀၂၃

M-Media 


ဆော်ပေါ်လိုအသင်းသို့ 

အိုဆက်စ်ကိုအကယ်ဒမီ နည်းပြက ဆာပေါ်လိုအသင်းအတွက်လည်း နည်းပြလုပ်တယ်။ ကျွန်တော် အသက် ၈ နှစ်ရောက်တော့ ဆော်ပေါ်လိုအသင်းကို ရောက်ပြီး အသင်းသားဖြစ်လာပါတယ်။ 

ဆော်ပေါ်လိုအသင်းဟာ အသက် ၁၅ နှစ်ရောက်မှ အသင်းသားတွေကို ပြိုင်ပွဲ၀င်ကစားခိုင်းတယ်။ ကိုရင်သီယန်နဲ့ ဆန်းတို့စ်တို့က လူငယ်ခြေတက်တွေဟာ ပေါ်လစ္စတာပြည်နယ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားနေကြပြီ။ ကျွန်တော်လည်း ကစားချင်လာတယ်။ 

ဖခင်ရဲ့ ဖွင့်ဟချက်

ကျွန်တော့်သား အသက် ၁၅ နှစ်အထိ စောင့်ရမှာလားပေါ့။ ကျွန်တော် တွေးမိတယ်။ တစ်ရက် ဆန်းတို့စ်အသင်းနဲ့ ဖူဆယ်တစ်ပွဲ ကစားရတယ်။ တစ်သင်းလုံးကို သူ သမလိုက်တာ။ 

ဆန်းတို့စ်နည်းပြတစ်ယောက်က ခင်ဗျားသားကို ကျွန်တော်တို့အသင်း မပို့ချင်ဘူးလား လို့ မေးလာတယ်။ 

“သိပ်တော့အဆင်မပြေဘူးဗျ အိုဆက်စ်ကိုမှာ သူ့အမေနဲ့ သူနေတာ။ ၂ နာရီလောက် ကားနဲ့လာရမှာ” ကျွန်တော်က ပြန်ပြောလိုက်တယ်။ 

“တစ်ချိန်လောက်ပဲ ခေါ်လာကြည့်ပါလား” လို့ နည်းပြက ပြောပါတယ်။ 

ကျွန်တော့်သားက အသက် ၉ နှစ်၊ ပြိုင်ဘက်တွေက ၁၁ နှစ် ဒါပေမယ့် သူအားလုံးကို လိမ်ခေါက်သွားတယ်။ ခင်ဗျားသားမှာ ဆန်းတို့စ်အသင်းစတိုင် ရှိတယ်လို့ နည်းပြက ပြောလာပါတယ်။ 

နေးမာ၊ ရော်ဘင်ဟိုနဲ့ ဂန်ဆိုတို့လို ကစားသမားတွေ ထွက်တာကြောင့် ဆန်းတို့စ်ကလည်း တော်တော်နာမည်ကြီးတာ။ 

ရော်ဒရီဂိုကလည်း အဖေ ကျွန်တော် အဲဒီအသင်းမှာ ကစားချင်တယ်ဗျာ ဆိုပြီး တကျီကျီပဲ 

ဆန်းတို့စ် ဇာတ်လမ်း 

ဆန်းတို့စ်ကို ၇ နာရီအရောက်သွားရမှာဆိုတော့ အမေကပဲ အားလုံး လုပ်ပေးတယ်။ 

မနက် ၄ နာရီဆို အမေနိုးပြီ။ အိပ်နေတဲ့ကျွန်တော့်ကို အင်္ကျီ၊ ဘောင်းဘီ၊ ခြေစွတ် အားလုံး၀တ်ပေးတယ်။ ကျောင်းအင်္ကျီကို ခေါက်ထည့်ပေးလိုက်တယ်။ ကားထဲကို ချီပြီးထည့်ပေးတယ်။ ကျွန်တော့်ခေါင်းအောက်မှာ ခေါင်းအုံးထည့်ပေးတယ်။ 

ကျွန်တော့်ဦးလေးက ဆန်းတို့စ်ကို ကားမောင်းပို့ပေးတယ်။ လမ်းမှာ ကျွန်တော်နိုးလာပြီး မုန့်စားတတ်တယ်။ လေ့ကျင့်ရေးပြီးရင် အိုဆက်စ်ကိုပြန်ပြီး ကျောင်းတက်ရတယ်။ ပြီးရင် ဆော်ပေါ်လိုမှာ ဖူဆယ်သွားကစားတယ်။ 

အမှန်ပြောရင် တော်တော်ကို ခက်ခဲခဲ့ပါတယ်။ 

ပြင်းပြသူ

ရည်မှန်းချက်တွေက ကျွန်တော့်ကို တွန်းအားပေးနေတယ်။ ကျွန်တော်စိတ်မပျက်ဘူး။ လေ့ကျင့်ရေးမသွားရရင် ကျွန်တော် စိတ်ဆိုးတယ်။ ဘောလုံးကို ထိလိုက်တာနဲ့ အခက်အခဲတွေအားလုံး လွင့်ပါးသွားပါတယ်။ 

ဆန်းတို့စ်မှာ အရွေးခံရတဲ့ အခြားကလေးတွေလည်း ရှိတယ်။ ဒါပေမယ့် လေ့ကျင့်ရေးလာဖို့ သူတို့မှာကားမရှိဘူး၊ ပိုက်ဆံမရှိဘူး။ အသင်းမှာလည်း လာမနေနိုင်ကြပါဘူး။ 

ကျွန်တော်ကြတော့ စားဖို့ရှိတယ်၊ စောင့်ရှောက်မယ့် မိသားစုလည်း ရှိပါတယ်။ ပြီးပြည့်စုံတာမျိုး မဟုတ်ရင်တောင် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လုံလောက်ခဲ့ပါတယ်။ 

(ဆက်ရန်—–)