News @ M-Media

Author: editor

  • ကျောင်းကုန်းက ရေဘေးသင့်သူတွေကို (၅၇) သိန်းကျော်ဖိုးလှူဒါန်း

    ကျောင်းကုန်းက ရေဘေးသင့်သူတွေကို (၅၇) သိန်းကျော်ဖိုးလှူဒါန်း

    သြဂုတ် ၂၂ ၊ ၂၀၁၆
    M-Media
    . 14045716_1767193753548433_7025187236425180190_n
    ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ရေဘေး ဒုက္ခကြုံတွေ့နေရသူများသို့ ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင်များ နှင့် ပုဇွန်တောင်မြို့နယ် မွတ်စလင်မ် လူငယ်များ သာရေးနာရေးအဖွဲ့တို့
    ပူးပေါင်းပြီး သြဂုတ်လ ၂၁ ရက်နေ့က  (ဆန်”ဆီ”ဆား”ဆေး) များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
    .
    ‎အမှတ်‬(၂)ကျောင်းကုန်း၊ အမှတ်(၃)ကျောင်းကုန်း၊‎ဥယျာဉ်ကြီးဘုန်းကြီးကျောင်း‬၊ ‎အညှာတန်းကျေးရွာ‬၊ ‎ဒေါ့င်ကြီးရွာ‬၊ ‎ဒေါင့်ကြီးရွာဘုန်းကြီးကျောင်း‬ မှ ရေဘေးသင့်ပြည်သူများအတွက် စုစုပေါင်း ငွေကျပ် (၅၇) သိန်း ကျော်ဖို့ လှူဒါန်းခဲ့တာ ဖြစ်ကြောင်း သိရှိရသည်။

    အလှူခရီးစဉ်တွင် ကျောင်းကုန်းဥယျာဉ်ကြီး ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား အလှူပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
    .
    **သတင်း နှင့် ဓါတ်ပုံ  CJ တစ်ဦးမှ ပေးပို့ပါသည်။

    14064283_1767192690215206_2894535180824543480_n

    14055168_1767192590215216_6555139990271231704_n

    14100338_1767192620215213_841184987336164978_n

    13934772_1767193640215111_6049274288591848012_n

  • ဧရာဝတီတိုင်း အတွင်း ရေဘေးသင့် မြို့နယ် ၇ ခုသို့ အစ္စလာမ်ဘာသာရေး အဖွဲ့မှ သိန်း(၅၀၀) လှူဒါန်း

    ဧရာဝတီတိုင်း အတွင်း ရေဘေးသင့် မြို့နယ် ၇ ခုသို့ အစ္စလာမ်ဘာသာရေး အဖွဲ့မှ သိန်း(၅၀၀) လှူဒါန်း

    သြဂုတ် ၂၂ ၊ ၂၀၁၆
    M-Media
    . 13912645_1738741033031057_4847724356149838692_n
    ဧရာဝတီတိုင်း ဒေသကြီး အတွင်း ဖြစ်ပွားနေသည့် ရေဘေး ဒုက္ခကြုံတွေ့နေရသည့် ပြည်သူများ အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ စုစုပေါင်း ကျပ်သိန်း (၅၀၀) ဖိုး ကယ်ဆယ်ေ၇း ပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
    .
    သြဂုတ်လ ၁၈  နေ့က ဧရာဝတီတိုင်း ဝန်ကြိးချူပ်အား အဆိုပါ အလှူ သိန်း(၅၀၀) လှူဒါန်း အခမ်းအနားဖြင့် ပေးအပ်လှူ ဒါန်း ခဲ့ပြီး အဆိုပါသိန်း(၅၀၀) ဖိုး အလှူပစ္စည်းများကို ရေဘေး သင့်ပြည်သူများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းဖို့ ဝန်ကြီးချူပ် မန်းဂျော်နီထံ ညှိနှိုင်းခွင့်တောင်းခဲ့ရာ ခွင့်ပြုခဲ့သဖြင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ခံအလှူ အဖွဲ့များက အောက်ခြေထိ သွားရောက်လှူဒါန်းလျက် ရှိကြောင်းသိရသည်။
    .
    ထိုသို့ သွားရောက် လှူဒါန်းသည့် အဖွဲ့မှ တာဝန်ရှိသူတဦးကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ
    ” သာပေါင်း၊ ရေကြည်၊ ကန်ကြီးထောင့်၊ ညောင်တုံး၊ ကျောင်းကုန်း၊ ကျုံပျော် တမြို့နယ်ကို အကြမ်းဖျဉ်း သိန်း (၅၀) စီ ပုသိမ်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ရွာတွေအတွက် သိန်း (၂၀၀) လှူဖို့ ရာထားကြောင်း၊ လှူတာအားလုံးကိုတော့ တာဝန်ရှိသူ အုပ်ချူပ်ရေး အာဏာပိုင်တွေရဲ့ ပေးတဲ့ သတင်းအချက်အလက်များဖြင့်သာ သွားရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ရေကြီးမှု အဆိုးရွားဆုံးဖြစ်နေသည့် နေရာများ နှင့် ကယ်ဆယ်ေ၇းပစ္စည်း အရေးပေါ်လိုအပ်သည့် ရွာများကို ဦးစားပေးပြီးလှူဒါန်းခဲ့ကြောင်း၊  လူမျိုးမရွေးဘာသာမရွေး ဒုက္ခရောက်သူ အားလုံးကို လှုဒါန်းခဲ့တာဖြစ်ကြောင်း ” ရှင်းပြခဲ့ပါသည်။

    14095865_1477082892308582_4217725371839600194_n

    14079642_1477086268974911_7168275872971367819_n

    14068312_1474673869216151_6516755875620318511_n

     

  • အမုန်းစကား ပြောဆို၊ ရေးသားသူများကို အရေးယူမည့် ဥပဒေကြမ်း ရေးဆွဲပြီးပြီ

    အမုန်းစကား ပြောဆို၊ ရေးသားသူများကို အရေးယူမည့် ဥပဒေကြမ်း ရေးဆွဲပြီးပြီ

    IMG_6787
    နေပြည်တော်(ဩဂုတ် ၁၉၊ ၂၀၁၆ခုနှစ်)။ ။ လူမျိုးတစ်ခုနှင့်တစ်ခုအကြား၊ ကိုးကွယ်ရာဘာသာတစ်ခုနှင့် တစ်ခုအကြား အမုန်းပွား(Hate Speech)စေသည့် ရေးသား၊ ပြောဆို၊ ဖြန့်ဖြူးသူများအား အရေးယူမည့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြီးပြီဖြစ်ပြီး ယင်းဥပဒေကြမ်းအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ကာ အကြံပြုချက်များ တောင်းခံထားည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။
    .
    ယင်းဥပဒေကြမ်းအား ဥပဒေပညာရှင်များ၊ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တို့က ရေးဆွဲထားခြင်းဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြန်လည်တည်းဖြတ်ကာ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဆက်လက်ပေးပို့ထားခြင်းဖြစ်သည်။
    .
    “ကျွန်တော်တို့က နိုင်ငံတော်သမ္မတရုံးကို ဆက်ပြီးတော့ တင်ပြပါ့မယ်။ ပြီးရင် လွှတ်တော်အသီးသီးကို ပေးပို့ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမေးမြန်းချက်တွေအပေါ်မှာ ပြင်ဆင်ချက်တွေနဲ့ ဒီ Hate Speech ဥပဒေကို ပြဌာန်းလိုက်မယ်ဆိုရင်တော့ ဒီပဋိပက္ခမှုတွေနဲ့ ပွတ်တိုက်မှုတွေဟာ တော်တော်လေးလျှော့ကျမှာဖြစ်ပါတယ်” ဟု ဦးဇာနည်ဝင်းက ပြောသည်။
    .
    ၂၀၁၆ခုနှစ်၊ ဩဂုတ် ၁၉ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင်ပြုလုပ်သော အစိုးရသစ်၏ ရက်(၁၀၀)စီမံချက် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းချက်အပေါ် ဦးဇာနည်ဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
    .
    သို့သော် ဥပဒေကြမ်းတွင်ပါဝင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်၍မူ အသေးစိတ် ပြောဆိုသွားခဲ့ခြင်း မရှိသေးပေ။
    .
    “အမုန်းစကားဖြန့်ဖြူးတဲ့ကိစ္စတွေက ဘာသာရေးနဲ့ပတ်သက်ပြီးတော့၊ လူမျိုးရေးနဲ့ပတ်သက်ပြီးတော့ ထိလွယ်၊ ရှလွယ်တဲ့ကိစ္စတွေ အများကြီးဖြစ်ပေါ်ပါတယ်” ဟုလည်း ဦးဇာနည်ဝင်းက ဆိုသည်။
    .
    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွန်းကလည်း “သာသနာရေးနဲ့ပတ်သက်လို့ နိုင်ငံတစ်ကာကအတိုင်း ဖွဲ့စည်းပုံအခြေခံနဲ့အညီ လွတ်လပ်စွာ ယုံကြည်၊ ကိုးကွယ်ခွင့်ရှိတယ်ဆိုတာကို ကျွန်မတို့က မူဝါဒအနေနဲ့ လက်ခံပြီးသားပါ” ဟု ပြောဆိုသည်။

    ဓါတ်ပုံအညွှန်း- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်း(အလယ်) (ဓာတ်ပုံ- အောင်ကျော်/မဇ္ဈိမ)

    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။

    http://mizzimaburmese.com/article/17139

  • ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကော်မရှင်ဖွဲ့မည်

    ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကော်မရှင်ဖွဲ့မည်

    Photo- Zin Linn/asiancorrespondent.com
    Photo- Zin Linn/asiancorrespondent.com

    စစ်တွေ၊ သြဂုတ် ၁၇ ရက် ။ ။ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာ လူ့အသိုက်အ၀န်းနှစ်ခုကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေး ပြည်ထောင်စုဝန်ကြီး ဦးရဲအောင်၏ သြဂုတ်လ ၁၆ ရက် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ပြောကြားချက်များအရ သိရသည်။
    .
    ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် နောက်ဆက်တွဲ ပြဿနာများအတွက် နိုင်ငံတကာမှ ပြစ်တင်ပြောဆိုမှုများ ရှိနေမှုအပေါ် အမြင်ရှင်းလင်းစေရန်အတွက် ကော်မရှင် ဖွဲ့နိုင်ရန် ဒေသခံများ၏ သဘောထားကို နယ်စပ်ရေးရာ လုံခြုံရေး ပြည်ထောင်စုဝန်ကြီး ဦးရဲအောင်နှင့် အဖွဲ့က ရယူခဲ့ကြသည်။
    .
    “ဝန်ကြီးပြောသွားတာကတော့ နောက်လာမယ့် အချိန်တွေမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းနဲ့ အစ္စလမ်ဘာသာ လူ့အဖွဲ့အစည်းတွေ အတူယှဉ်တွဲနေထိုင်ရေးအတွက် လုပ်သွားမယ်။ ဒါကို ဘက်မလိုက်တဲ့ နိုင်ငံတကာက ပညာရှင်တွေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းပြီးတော့ နိုင်ငံတကာကိုချပြမယ်။ မြန်မာနိုင်ငံဟာ အစ္စလမ် ဘာသာဝင်တွေကို လူ့အခွင့်အရေး ချိုးဖောက်နေပါတယ်လို့ မြင့်နေတာကို ကျွန်တော်တို့ဘက်က လူ့အခွင့်အရေး ချိုးဖောက်နေတာ မဟုတ်ကြောင်းကို ချပြဖို့အတွက် ကော်မရှင် ဖွဲ့ပြီးတော့ ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆိုပြီးတော့ ပြောသွားခဲ့ပါတယ်။” ဟု ရခိုင်အမျိုးသားပါတီ မြောက်ဦးမြို့နယ် အတွင်းရေးမှူး ဦးထွန်းနေဝင်းကပြောသည်။
    .
    ပြည်ထောင်စုဝန်ကြီး ဦးရဲအောင် ဦးဆောင်သော အဖွဲ့သည် သြဂုတ်လ ၁၆ ရက်က မြောက်ဦးမြို့နယ်ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုသို့ နိုင်ငံရေးပါတီများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက တက်ရောက်ခဲ့သည်။
    .
    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။
    http://mizzimaburmese.com/article/17064

  • DVB TV – ဘဝတူဆိုပေမယ့်

    ဒုက္ခသည်ချင်းတူပေမယ့် ပညာဆက်သင်ဖို့ အခွင့်အရေးချင်းမတူတဲ့ ရခိုင်ဒေသက ဘဝတွေအကြောင်းကို ရှုစားကြရမှာပါ။

    DVB TV မှ ကူးယူဖော်ပြပါသည်။