News @ M-Media

Author: editor

  • အိုင်အက်စ် စစ်သွေးကြွများ မြန်မာပြည် ရောက်နေသည် ဆိုခြင်းမှာ ကောလာဟလဟုဆို

    အိုင်အက်စ် စစ်သွေးကြွများ မြန်မာပြည် ရောက်နေသည် ဆိုခြင်းမှာ ကောလာဟလဟုဆို

    13886465_1146280485444646_9218220696528434591_n
    အိုင်အက်စ်စစ် သွေးကြွအဖွဲ့များ မြန်မာပြည် ရောက်ရှိနေသည် ဆိုသည်မှာ မဟုတ်မှန်ဘဲကောလာဟလသာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားလိုက်သည်။
    .
    ‘‘အိုင်အက်စ် အဖွဲ့တွေ ရောက်ရှိတယ်ဆိုတဲ့သတင်း ပြန် လည် စိစစ်တဲ့အခါမှာ မှားယွင်းမှုဖြစ်ပါတယ်။ ကောလာဟလဖြစ် ပါတယ်’’ဟု ဦးတင်မြင့်က သြဂုတ်၁၆ ရက်တွင် ပြုလုပ်သည့် အစိုးရ သစ်ရက် ၁၀၀ သတင်းစာ ရှင်း လင်းပွဲ၌ ပြောကြားခဲ့သည်။
    .
    လက်ရှိအချိန်ထိ အိုင် အက်စ်စစ်သွေးကြွများ ရောက်ရှိ လာသည့် သတင်းမရရှိသေးဘဲ မိမိတို့အနေဖြင့် လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပြီး နယ်စပ်ဒေသများကိုလည်း အမြဲမပြတ် စောင့်ကြည့်နေကြောင်း ၎င်းကဆိုသည်။
    .
    ပြည်ပနိုင်ငံများတွင် အိုင် အက်စ်များ လုပ်ကြံသည့်ဖြစ်စဉ် များကြောင့် မြန်မာနိုင်ငံ အတွင်း အိုင်အက်စ်အဖွဲ့များ ဝင်ရောက် လာနိုင်ကြောင်း သတိထားရန် ခရိုင်၊ မြို့နယ်အဆင့်မှ ရပ်ကျေး အဆင့်ထိ ညွှန်ကြားချက် ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။
    .
    ‘‘အိုင်အက်စ်တွေ မြန်မာ ပြည်ဝင်ရောက်လာနိုင်တယ်။ အရေးကြီးအခမ်းအနားတွေနဲ့ ပွဲ လမ်းသဘင်၊ လူစည်ကားတဲ့နေ ရာတွေမှာ သတိထားစောင့်ကြည့် နိုင်အောင် ညွှန်ကြားချက် ထုတ် တာ၊ အဲဒါကို တိုင်းရင်းသားလည်း ဖြစ်တော့ ဘာသာစကားအရ အိုင်အက်စ်တွေ ရောက်လာနိုင် တယ်ဆိုတဲ့ အစား ဝင်ရောက်နေ ပြီဆိုပြီး မှားယွင်းသွားတာပါ’’ဟု ဦးတင်မြင့်က ပြောသည်။
    .
    ရှမ်းပြည်နယ် ဖယ်ခုံမြို့တွင် အိုင်အက်စ်အဖွဲ့များ ရောက်ရှိနေ သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး နောက် အဆိုပါ သတင်းကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုများမြင့်တက်လာခဲ့ကြသည်။
    .
    အိုင်အက်စ်စစ်သွေးကြွ အဖွဲ့က မလေးရှားအစိုးရထံသို့ပေး ပို့ခဲ့သည့် ခြိမ်းခြောက်စာ တစ်စောင် တွင် မြန်မာအစိုးရ၏ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြား ရေး ဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည်ကိုလည်း ပစ်မှတ်စာရင်း၌ ထည့်သွင်းထားခဲ့သည်။

    7Day မှ ကူးယူဖော်ပြသည်။
    http://www.7daydaily.com/story/72981

  • မွတ်စလင်မ်လူငယ် ပရဟိတ အဖွဲ့  (MIYF) မှ  ရေဘေးသင့်သူများအတွက် သိန်း ၆၀ ဖိုး ပစ္စည်းများလှူ

    မွတ်စလင်မ်လူငယ် ပရဟိတ အဖွဲ့ (MIYF) မှ ရေဘေးသင့်သူများအတွက် သိန်း ၆၀ ဖိုး ပစ္စည်းများလှူ

    သြဂုတ် ၁၆၊ ၂၀၁၆
    M-Media
    သတင်း- မိုးစက်
    .    14051653_1788096564742511_879207820086818189_n
    ရန်ကုန်။    ။ ဧရာဝတီတိုင်း ဒေသရှိ သာပေါင်းမြို့နှင့် ပဲခူးတိုင်း မိုးညို မြို့နယ်များရှိ ရေဘေးသင့် ပြည်သူများကို လူမျိုးဘာသာ မခွဲခြားဘဲ ရန်ကုန်အခြေစိုက် ပရဟိတ ကူညီရေးအဖွဲ့ဖြစ်တဲ့  Myanmar Islamic Youth Foundation (MIYF) မှ သွားရောက် ကူညီခဲ့ကြောင်း သိရပါတယ်။
    .
    အဆိုပါ အဖွဲ့သည် ယာယီကယ်ဆယ်ရေးစခန်း မှ ရေဘေးသင့်ပြည်သူများအား  ဆန်၊အိတ်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ ပေါင်မုန့်၊ မဆလာ၊ ဓါတ်ဆား၊ ငါးသေတ္တာ၊ အသင့်စား လက်ဖက် အကြော်စုံ၊ သောက်ရေသန့် တို့ကို အလျဉ်းသင့်သလို ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။
    .
    “ကျွန်တော်တို့ လှူတယ်ဆိုတာ လူမျိုးဘာသာ မရှိပါဘူး။ ရွာက တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးတော့ တကယ်လိုအပ်နေတဲ့လူတွေကို လိုသလို ခွဲခြမ်းပြီး လှူဒါန်းခဲ့တာပါ” MIYF  အဖွဲ့ မှ အတွင်းရေးမှူးက  ပြောပါတယ်။
    .
    MIYF အဖွဲ့ သည် သာပေါင်းမြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက် ၃၅ သိန်းကျော်၊ မိုးညိုမှ ရေဘေးသင့်ပြည်သူများအတွက် ၂၅ သိန်းကျော် လှူဒါန်းခဲ့ပြီးလည်း ဖြစ်ကြောင်း သိရှိရပါတယ်။
    .
    အလှူငွေများမှာလည်း အဖွဲ့ဝင်များ လစဉ်ကြေးများ အပြင်၊ ရေဘေးအတွက် ပြင်ပမှ သီးသန့် လှူဒါန်းငွေများလည်း ရရှိခဲ့ကြောင်း ဆိုပါတယ်။
    .
    ” ကျွန်တော်တို့ အစ္စလာမ်သာသာနာရဲ့ အဆုံးအမမှာ လူတွေရဲ့ အသက်ကို ကယ်ဖို့၊ တန်ဖိုးထားဖို့လည်း ဆိုထားပါတယ်။ ကျွန်တော်တို့ အခုလုပ်နေရတဲ့ ရည်ရွယ်ချက်တွေကလည်း ဘာသာတရားရဲ့ အဆုံးအမတွေကို လိုက်နာပြီးတော့ လူသားချင်း စာနာစိတ်နဲ့ ကူညီနေတာ ဖြစ်ပါတယ်” လို့ MIYF  အဖွဲ့ မှ အတွင်းရေးမှူးက လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရှင်းပြပါတယ်။
    .
    Myanmar Islamic Youth Foundation ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ကစတင်ဖွဲ့စည်းခဲ့ပြီး သဘာဝဘေးအန္တရယ်များ၊ ပညာရေးအတွက် လိုအပ်ချက်ရှိသော နေရာများကို အဓိက လိုက်လံကူညီနေသော အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
    .
    ဓါတ်ပုံ-MIYF Facebook Page

    13938542_1788096738075827_5959237382529375739_n

    13880182_1788096678075833_4844370802811656324_n

    14045995_1788097241409110_4471776186637560753_n

    13934789_1788097174742450_2667470669981018674_n

  • စစ်အတွင်း ကလေးငယ်များ၏ မှတ်တမ်းဓာတ်ပုံများ

    စစ်အတွင်း ကလေးငယ်များ၏ မှတ်တမ်းဓာတ်ပုံများ

    သြဂုတ် ၁၅၊ ၂၀၁၆
    M-Media
    နိုင်မြတ်ဇော်

    ဂျေရုစလင်က ဓာတ်ပုံဆရာ မိုဟမ္မဒ် မိုဟိုက်ဆန်ဟာ ကင်မရာလွယ်ပြီး ကြီးပြင်းလာခဲ့တဲ့သူဖြစ်ပြီး သူ့အနီးအနားဝန်းကျင်ကလည်း သတင်းတွေနဲ့ပြည့်နေတာပါ။

    အရှေ့အလယ်ပိုင်း၊ အာဖဂန်နစ္စတန် နဲ့ ပါကစ္စတန်တို့အတွက် A.P သတင်းဌာနရဲ့ အကြီးတန်း ဓာတ်ပုံဆရာ ဖြစ်တဲ့ မိုဟိုက်ဆန်ဟာ ကျန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံး စစ်ပွဲတွေနဲ့ စစ်ဒဏ်ကြုံတွေ့နေရတဲ့ လူတွေကို ဓာတ်ပုံမှတ်တမ်းတွေရိုက်နေခဲ့တာပါ။

    သူ့ရဲ့ထူးချွန်ပြောင်မြောက်တဲ့ လက်ရာတွေဟာ ဆုအမြောက်အများပေးအပ်ခံရပြီး (၂၀၀၅) နဲ့ (၂၀၁၃) ခုနှစ်တွေမှာ အီရတ်နဲ့ ဆီးရီးယားပြည်တွင်းစစ်တွေအတွင်း အရေးကြီး သတင်း ပူလစ်ဇာ ဆု တွေ ရရှိခဲ့တယ်။

    မိုဟမ္မဒ် မိုဟိုက်ဆန်ကို ဘီဘီစီသတင်းဌာနက မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

  • ကမန်တိုင်းရင်းသားတွေ လွတ်လပ်စွာသွားလာနိုင်

    ကမန်တိုင်းရင်းသားတွေ လွတ်လပ်စွာသွားလာနိုင်

    RFA မှ ကူးယူဖော်ပြသည်။
    Kaman Party

    ကမန်တိုင်းရင်းသားတွေအနေနဲ့ ပြည်တွင်းမှာ အထောက်အထားမလိုဘဲ လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူတွေက ကမန်အမျိုးသား တိုးတက်ရေး ပါတီနဲ့ တွေ့ဆုံစဉ်မှာ ပြောလိုက်ပါတယ်။

    အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေရဲ့ ညွန်ကြားချက်နဲ့ မြို့နယ်တိုင်းကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ တွေ့ဆုံခဲ့တဲ့ ကမန်အမျိုးသား တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က ပြောပါတယ်။

    အရင်က ကမန်တိုင်းရင်းသားတွေဟာ ပြည်နယ် အစိုးရနဲ့ သက်ဆိုင်ရာမြို့နယ်လဝကရုံးတွေမှာ ထောက်ခံချက်ရယူရပြီးမှသာ ရက်အကန့်အသတ်နဲ့ သွားလာခွင့်ရရှိတာ ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ ကမန်တိုင်းရင်း သားတွေရဲ့ နေအိမ်တွေပြန်လည် တည်ဆောက်ပေးဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းကို တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။

    ဒါ့အပြင် ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေတဲ့ ကမန်တိုင်းရင်းသား ကလေး ငယ်တွေရဲ့ ပညာရေးကိစ္စတွေနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိရေးကိစ္စတွေကိုလည်း ဝန်ကြီးချုပ် ဦးညီပုနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့တာဝန်ရှိသူတွေကို တွေ့ဆုံတင်ပြသွားဖို့ရှိပါတယ်။

    တစ်နိုင်ငံလုံးမှာ ကမန်တိုင်းရင်းသား အရေအတွက် ငါးသောင်းဝန်းကျင်ရှိပြီး ကမန်တိုင်းရင်းသား တွေဟာ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ အများဆုံးနေထိုင်ကြတာဖြစ်ပါတယ်။

    ဓါတ်ပုံအညွှန်း- ( ကမန်အမျိုးသားတိုးတက်ရေးပါတီ(ဗဟို)မှ ပါတီခေါင်းဆောင်များကို သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ် )
    Photo: ကမန်အမျိးသားတိုးတက်ရေးပါတီ/ Facebook

  • ဧရာဝတီတိုင်း ကျောင်းကုန်းရေကြီးနေ၊ ရေမြှပ် ရွာအချို့ အကူအညီ မရရှိသေး

    ဧရာဝတီတိုင်း ကျောင်းကုန်းရေကြီးနေ၊ ရေမြှပ် ရွာအချို့ အကူအညီ မရရှိသေး

    သြဂုတ် ၁၅၊ ၂၀၁၆
    M-Media
    မိုးစက်
    13989528_1809735609258676_103564095_n
    ရန်ကုန်။    ။ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ရေကြီးမှု ဒုက္ခကြုံတွေနေရပြီး အညှာတန်း၊ ထောင်ကြီး၊ တံတားဦး အစရှိသည့် ရွာများတွင် ရေကြီးနေသည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့တိုင် အကူအညီများ မရရှိသေးကြောင်း ဒေသခံများက ဆိုပါတယ်။

    “အဲ့ရွာတွေက ကျောင်းကုန်းကနေ အထဲကို တော်တော်လေးဝင်ရတယ်။ စက်လှေ တစ်နာရီခွဲ နှစ်နာရီလောက်စီးမှ ရောက်တဲ့နေရာဆိုတော့ လူအစသိနည်းနေပြီး အရောက်အပေါက် နည်းနေတာပါ။ အဲ့ရွာတွေက လူတွေလည်း အကူအညီမရသေးတော့ တော်တော်လေး အခက်ကြုံနေရတယ်” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

    ရေကြီးနေသော ရွာများမှာ များပြားနေသောကြောင့် ကယ်ဆယ်ရေးစခန်းများတွင်လည်း လူမဆံ့ဖြစ်နေသောကြောင့် မိမိတို့ မူလအိမ်တွင်သာ ရေလွတ်အောင် မြှင့်ပြီးနေနေကြကြောင်းလည်း သိရပါတယ်။

    ကျောင်းကုန်းမြို့နယ်တွင် ရွာပေါင်း (၂၀၀) ကျော်အနက် ရွာပေါင်း (၁၈၀) ကျော်ရေမြုပ်နေပြီး ကားလမ်းဘေးတွင် ယာယီဖွင့်ထားသော ကယ်ဆယ်ရေးစခန်းများသာ အကူအညီရနေကြပြီး အတွင်းကျသော ရွာများသို့ အကူအညီများ မရောက်သေးကြောင်း သိရပါတယ်။

    အဆိုပါ ရွာများကို ဆက်သွယ်လှူဒါန်းလိုပါက ဒေသခံတစ်ဦးဖြစ်သူ ကိုတင်မောင်ဝင်း (၀၉၉၇၅၁၆၆၅၃၀) ကို ဆယ်သွယ်မေးမြန်းနိုင်ပါတယ်။

    14040186_281500435553835_2587921062541913770_n

    14030704_1809735615925342_2003359909_n