ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ PEN Myanmar ၏ ထုတ်ပြန်ချက်
Author: editor
-
ဦကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး မြန်မာမွတ်စလင် အစည်းအရုံး(BMA) ၏ ကြေညာချက်
အထူးကြေကွဲဝမ်းနည်းကြောင်း ကြေညာချက်
ဇန္နဝါရီ ၃၀၊ ၂၀၁၇
အစိုးရအစီအမံဖြင့် အင်ဒိုနီးရှားသို့သွားရောက်ပြီး ပြန်ရောက်လာသော တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဇနဝ္နါရီ ၂၉၊ ၂၀၁၇နေတွ့င် ရန်ကုန်လေဆိပ၌် အစီအစဉ်ရှိရှိ သွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံရသဖြင့် မြန်မာမွတ်စလင် အစည်းအရုံးက အထူးကြေကွဲ တုန်လှုပ်ရပါသည်။
ဦးကိုနီသည် အာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အရေးပါသော ဥပဒေအကြံပေးတစ်ဦးဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးတို့၏ အဓိကနှင့် တစ်ခုတည်းသော ဘေးအန္တရာယ် ကပ်ဆိုးကြီးဖြစ်သည့် ၂၀၀၈အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထင်ရှားထက်မြက်သော ရှေ့တန်းတိုက်စစ်မှူးကြီး တစ်ဦးလည်းဖြစ်သည်။ မြန်မာပြည်ရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တိုင်းရင်းသားပြည်သူများ၏ လေးစားအားကိုးခြင်းကို ခံယူထားသူတစ်ဦးဖြစ်သည့်အပြင် မြန်မာမွတ်စလင် လူ့အဖွဲ့အစည်း၏ အစားထိုးမရသော ဦးဆောင်ကြယ်ပွင့်ကြီးလည်းဖြစ်၏။
အာဇာနည် ဦးကိုနီသည် ဆရာကြီးဦးရာဇတ်၊ ရဲဘော်ကိုထွေးတို့ကဲ့သို့ မြန်မာ့သမိုင်းကို မိမိအသက်သွေးဖြင့် စွန့်လှူ မော်ကွန်းထိုးခဲ့ချေပြီ။
အာဇာနည်မျိုး သေရိုးမရှိဆိုသော မြန်မာဆိုရိုး ရှိသကဲ့သို့ အာဇာနည်များကို သေလွန်သွားပြီလို့ ဘယ်သောအခါမှ မဆိုကြလေနဲ့ဆိုသော အစ္စလာမ့်သင်ကြားချက်လည်း ရှိပေသည်။
မြန်မာမွတ်စလင်များသည် သမိုင်းစဉ်ဆက် အစဉ်အလာအရ ခေါင်းပျော့ပေးနိုင်သော်လည်း ဘယ်သောအခါမှ ဒူးမပျော့ကြသူများဖြစ်သည်။ စိတ်ရှည်သည်းခံခြင်းနှင့် အညံ့ခံအရှုံးပေးခြင်းကို ခွဲခြားသိမြင်ကြသူများလည်း ဖြစ်သည်။
ငြိမ်းချမ်းရေးကို မြတ်နိုးသော လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တိုင်းရင်းသားပြည်သူများနှင့် ခိုင်မြဲစွာလက်တွဲ၍အာဇာနည် ဦးရာဇတ်၊ရဲဘော်ကိုထွေး၊ဦးကိုနီ တို့ကို့ စံနမူနာကိုယူပြီး ပြည်သူလူထုကို ဖိဆီး နှိပ်စက်သော ပြည်ထောင်စု၏ရန်သူ၊ ဒီမိုကရေစီ၏အန္တရာယ် အာဏာရှင် စနစ်ဆိုးကို အမိမြန်မာပြည်မှ အပြီးတိုင် အမြစ်ပြတ်ပျောက်ကွယ်သွားအောင် အကြမ်းမဖက်သော လူထုနည်းဖြင့် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်ကြမည်။
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သော အကြမ်းဖက်အုပ်စုကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးပါရန် NLDအစိုးရသို့ တောင်းဆိုလိုက်သည်။
-
လူမျိုးဘာသာမရွေး တက်ရောက်နိုင်တဲ့ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ရှေ့တပတ်စဖွင့်ပြီ
ဇန်နဝါရီ ၃၀ ၊ ၂၀၁၇
M-Media
သတင်း-သီဟ
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့မှာ၇ှိတဲ့ ကျိုလီယာ မွတ်စလင်မ် သာသနာ့ရန်ပုံငွေ အဖွဲ့မှ ဦးစီးဖွင့်လှစ်တဲ့ ၁၇ ကြိမ်မြောက် ပညာဒါန သင်တန်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခမဲ့သင်တန်းများကို ဖေဖော်ဝါရီလ ၁ ၇က်နေ့မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ဖွင့်လှစ်မည့်သင်တန်းများမှာ ကွန်ပျူတာ သင်တန်းများ၊ အင်္ဂလိပ်စာ နှင့် စက်ချူပ်/မောင်တာစက်ချူပ် သင်တန်းများဖြစ်ကြောင်း သိရှိရပါတယ်။
အဆိုပါ သင်တန်းများသို့ လူမျိုး ၊ ဘာသာမရွေး တက်ေ၇ာက်နိုင်ကြောင်း သိရှိရပါတယ်။
အဆိုပါ သင်တန်းလိပ်စာကတော့ အမှတ်(၁)၊ သုခလမ်း၊ ခ-ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။
သင်တန်းကိစ္စနှင့် ပတ်သက်၍ သိလိုသည်များရှိပါက ၀၁-၅၇၇၄၇၃၊ ၀၁-၈၅၅၁၁၉၁၊ ၀၉-၂၅၉၂၉၁၅၅၃၊ ၀၉-၂၅၉၂၉၁၅၅၄၊ ၀၉-၃၂၃၄၃၀၂၄၊ ၀၉-၇၃၁၃၇၅၃၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။
-
အမှန်တရားအတွက် ကြိုးစားဆောင်ရွက်သူ ဦးကိုနီ (ကြေးမုံ သတင်းစာ အယ်ဒီတာ့အာဘော်)
ဇန်နဝါရီ ၃၀ ၊ ၂၀၁၇
.
မည်သည့် လူ့အဖွဲ့အစည်းမဆို ပြည်သူတို့အကြား လွတ်လွတ်လပ်လပ် ဆန္ဒအလျောက် ထုတ်ဖော်ဆွေးနွေးမှုအရ အများစု၏ သဘောတူညီချက်ဖြင့် ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းတို့ကို လေးစားလိုက်နာရမည်ဖြစ်ပါသည်။ သို့မှသာ လူ့အဖွဲ့အစည်း၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများထွန်းကားမည်ဖြစ်ပါသည်။ လောကပါလ တရားများ ထွန်းကားမှသာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။
.
သို့သော် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို လျစ်လျူရှုလျက် ကိုယ်ကျိုးစီးပွားကိုသာ မျက်နှာမူသော အဖျက်အမှောင့်အင်အားစုတို့သည် အများပြည်သူ၏ သဘောတူညီမှုဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်တို့ကို ရှောင်ရှားပစ်ပယ်လိုကြပါသည်။ ကိုယ်ကျိုးစီးပွားဆိုရာ၌ ဓနဥစ္စာ ပစ္စည်း အကျိုးစီးပွားပါဝင်သကဲ့သို့ အသေဆုပ်ကိုင်ထားသည့် အယူအဆ သဘောထားတို့၏အကျိုးစီးပွားလည်း ပါဝင်ပါသည်။ကိုယ်ကျိုးစီးပွားကိုသာ မျက်နှာမူသော ဤအဖျက်အမှောင့်အင်အားစုတို့သည် ပြည်သူလူထုကို ရင်ဆိုင်စည်းရုံးရန် သတ္တိမရှိသော သူရဲဘောကြောင်သူများသာဖြစ်ပါသည်။ တစ်ခါတစ်ရံ ဤသတ္တိ မရှိ၊ သူရဲဘောကြောင်သော အဖျက်အမှောင့်သမားများသည် ၎င်းတို့၏ ဆန္ဒသဘောထားကို အများပြည်သူတို့က ကြောက်ရွံ့လက်ခံလာစေရန် လုပ်ကြံသတ်ဖြတ်ခြင်းကဲ့သို့သော စက်ဆုပ်ရွံရှာစရာလုပ်ရပ်တို့ကို ကျူးလွန်လေ့ရှိပါသည်။
.
ဝမ်းနည်းစရာကောင်းသည်မှာ ဤကဲ့သို့သော စက်ဆုပ်ရွံရှာ စရာကောင်းသည့် အဖျက်အမှောင့်သမားတို့၏ လုပ်ကြံမှုဖြင့် တရားလွှတ်တော်ရှေ့နေဦးကိုနီ ကျဆုံးခဲ့ရခြင်းဖြစ်ပါသည်။ တရားလွှတ်တော်ရှေ့နေဦးကိုနီသည် တိုင်းပြည်၏ ဒီမိုကရေစီရေးနှင့် တရားမျှတမှုအတွက် သန္နိဋ္ဌာန်ခိုင်မာစွာ ဆောင်ရွက်လျက်ရှိသော နိုင်ငံ၏ သားကောင်းတစ်ဦးဖြစ်ပါသည်။ ဒီမိုကရေစီရေးနှင့် တရားမျှတမှုဟူသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တနေသော အမျိုးသားရေးဦးတည်ချက်များ ဖြစ်ပါသည်။ ဦးကိုနီအား လုပ်ကြံသော အဖျက်အမှောင့်သမားတို့သည် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ဤအမျိုးသားရေးဦးတည်ချက်တို့ကို ဖျက်လိုဖျက်ဆီးလုပ်လိုသည်မှာ အထင်အရှားဖြစ်ပါသည်။
.
သို့သော် ပြည်သူလူထု၏ဆန္ဒလိုလားချက်ကို ချေမှုန်းဖျက်ဆီးနိုင်သည့် အဖျက်အမှောင့်အင်အားစုဟူသည် ကမ္ဘာ့သမိုင်း၌ အတိတ်ကာလကမရှိခဲ့သကဲ့သို့ ပစ္စုပ္ပန်ကာလတွင်လည်း ရှိမည် မဟုတ်ပါ။ အနာဂတ်ကာလတွင်လည်း ဖြစ်နိုင်စရာအကြောင်း ယုတ္တိတရားတို့ တည်ရှိခြင်းမရှိပါ။ ဦးကိုနီကဲ့သို့သော အမှန်တရားအတွက် ကြိုးစားဆောင်ရွက်သူများသည်သာ အချိန်ကာလ၏ကန့်သတ်ချက်ကိုကျော်လွှား၍ ကမ္ဘာတည်သရွေ့ ကမ္ဘာ့ပြည်သူတို့၏ နှလုံးသား၌ တည်ရှိနေမည်ဖြစ်ပါသည်။ ။
.
https://www.facebook.com/MOIWebportalMyanmar/photos/a.328140600647146.1073741828.318455204949019/1094317067362825/?type=3&theater