News @ M-Media

Author: editor

  • အစိုးရတပ်ဖွဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု ကုလ အရာရှိပြောကြား

    အစိုးရတပ်ဖွဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု ကုလ အရာရှိပြောကြား

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၆

    24112016062535capture-1000x0

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မြို့မှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲ John McKissick က မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာမွတ်စလင်တွေကို လုံးဝပပျောက်သွားအောင် လုပ်ဆောင်နေ တယ်လို့ ပြောဆိုကြောင်း မနေ့ကရတဲ့ အေဖက်ပီ သတင်းမှာဖေါ်ပြထားပါတယ်။

    မြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့တွေကြောင့် ဒီရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ ရှ်နိုင်ငံကို ထွက်ပြေးလာသူဦးရေ သုံးသောင်းခန့်ရှိပြီဖြစ်ကြောင်း၊ မြန်မာတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှုနဲ့ လုယက်မှုတွေကို ကျူးလွန်နေကြောင်း၊ ဒါဟာဒေသခံ လူနည်းစုမွတ်စလင်တွေကို  မြန်မာပြည်တွင်းမှာ တစ်ယောက်မှမရှိအောင် လုပ်ဆောင်နေတာဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့လည်း နယ်စပ်ဖွင့်ပေးရင် ဒုက္ခသည်တွေအလုံးအရင်းနဲ့ ဝင်လာမှာဖြစ်တဲ့အတွက်  အခက်ကြုံနေကြောင်း ကုလ အရာရှိကပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ထွက်ပြေးရောက်ရှိလာသူတွေဟာ သူတို့ကိုအာဏာပိုင်တွေ ကတွေ့ရင် မြန်မာပြည်ဖက် ပြန်ပို့မှာစိုးရိမ်တဲ့အတွက် ပုန်းအောင်းနေကြတယ်လို့လည်း နယ်ခြားဒေသကလာတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။

    RFA မှ ကူးယူဖော်ပြသည်။

  • အမျိုးသားနေ့၌ မန္တလေးတက္ကသိုလ်တွင် ဆရာကြီးဦးရာဇတ် ကြေးသွန်းရုပ်ဖွင့်ပွဲကျင်းပ

    အမျိုးသားနေ့၌ မန္တလေးတက္ကသိုလ်တွင် ဆရာကြီးဦးရာဇတ် ကြေးသွန်းရုပ်ဖွင့်ပွဲကျင်းပ

    15202496_573214146216445_3217850209640417090_n

    မန္တလေး နိုဝင်ဘာ ၂၄

    မန္တလေးတက္ကသိုလ် ထူးထောင်သူ အမျိုးသားစီမံကိန်းနှင့် ပညာရေး ၀န်ကြီးဌာန ၀န်ကြီး ဆရာကြီးဦးရာဇတ် ကြေးရုပ် ဖွင့်ပွဲအခမ်းအနားကို အမျိုးသားနေ့၌ မန္တလေးတက္ကသိုလ်၊ ရာဇတ်ခန်းမဆောင်တွင် နိုဝင်ဘာလ (၂၄)ရက် နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

    ဆရာကြီး ဦးရာဇတ် ကြေးရုပ်ဖွင့်ပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ၀န်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ တက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းများနှင့် ဆရာကြီးဦးရာဇတ်၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်။

    အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြားပြီး ဆရာကြီးဦးရာဇတ်ကြေးရုပ်ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဌ မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ဦးတင်မောင်က ရုပ်တုဖွင့်ပွဲဖြစ်မြောက်ရေး ကြိုးပမ်းအားထုတ်မှုအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆရာကြီးဦးရာဇတ်၏ သားကြီး ဦးတင်မြင့်နှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်း တို့က ကျေးဇူးတင်စကားများ ပြောကြားကာ ပါဠိဘာသာထူးချွန်ဆုရကျောင်းသူအား ရွှေတံဆိပ်နှင့် ငွေသားငါးသိန်းတို့ကို ချီးမြှင့်ခဲ့ကြသည်။

    ဆက်လက်ပြီး ရာဇတ်ခန်းမဆောင်ရှေ့တွင် ထားရှိထားသော ဆရာကြီးဦးရာဇတ် ကြေးသွန်းရုပ်အား ပြည်ထောင်စု လွှတ်တော်နာယက၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြေးရုပ်တုကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

    သတင်း- MOI
    ဓါတ်ပုံ- Zaw Min Tun & MOI

    ဦးရာဇတ် အကြောင်း သတင်းနှင့် ဆောင်းပါးများဖတ်လိုလျှင်
    http://www.m-mediagroup.com/news/tag/urazak-2

    15230571_573214302883096_229365544852075804_n 15203385_573214192883107_5362948240584878000_n 15219405_573214166216443_9043216767742412059_n 15203392_627257034113627_1654178931908100120_n 15095636_627256460780351_8343295623531721173_n

  • ရခိုင်ပြည်နယ် ပြဿနာ  လုံခြုံရေးကောင်စီမှာ အမေရိကန် တင်ပြ

    ရခိုင်ပြည်နယ် ပြဿနာ လုံခြုံရေးကောင်စီမှာ အမေရိကန် တင်ပြ

    နိုဝင်ဘာ ၂၃ ၊ ၂၀၁၆

    unsc
    မောင်တောမြို့နယ်မှာ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် ဓါတ်ပုံ – ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း

    ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ဆူပူမငြိမ်မသက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုင်တွယ်ဖြေရှင်းနေပုံနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက တနေ့တခြား စိုးရိမ်ပူပန်နေကြတယ် လို့ နေပြည်တော်နဲ့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်က ဒီကနေ့ ဗုဒ္ဓဟူးနေ့လာတဲ့ Reuters သတင်းတွေ မှာ ဖေါ်ပြထားပါတယ်။

    ဒီရက်ပိုင်းအတွင်း မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာမွတ်စလင်ရာပေါင်းများစွာ ထွက်ပြေး ခိုလှုံလာကြတာဟာ မြန်မာအစိုးရရဲ့ အရည်အချင်းကို စမ်းသပ်မှုတခုဖြစ်တယ်လို့ အဲဒီသတင်းက ရေးသား လိုက်ပါတယ်။

    ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် Samantha Power စမင်သာ ပါဝါ က ရခိုင်ပြည်နယ်အရေးအတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

    နောက်တနေ့ဖြစ်တဲ့ နိုဝင်္ဘာလ ၁၈ ရက်နေ့ နေပြည်တော်မှာ သံတမန်တွေနဲ့ တွေ့ဆုံရာမှာတော့ ဒေါ်အောင်ဆန်း စုကြည်က သူတို့နိုင်ငံဟာ မမျှမတဆက်ဆံမှုနဲ့ ကြုံတွေ့နေရကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ စွပ်စွဲမှုတွေကို အစိုးရအနေနဲ့ အများကတောင်းဆိုတဲ့အတိုင်း စုံစမ်းစစ်ဆေးနေကြောင်းနဲ့ နိုင်ငံတကာအသိုင်းအဝန်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကို အချက်အလက် တိကျခိုင်မာမှုမရှိဘဲ တဖက်သတ်ပြော ဆိုနေကြကြောင်း စိတ်ပျက်လက်ပျက်ပြောဆိုတယ်လို့ ဖေါ်ပြထားပါတယ်။

    RFA မှကူးယူဖော်ပြသည်။

  • မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ဦးစီးတဲ့ သွေးလှူဒါန်းမှု ၂၂ ကြိမ် မှာ သွေး (၄၆၃၉) ပုလင်း လှူဒါန်းခဲ့

    မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ဦးစီးတဲ့ သွေးလှူဒါန်းမှု ၂၂ ကြိမ် မှာ သွေး (၄၆၃၉) ပုလင်း လှူဒါန်းခဲ့

    နိုဝင်ဘာ၂၃ ၊ ၂၀၁၆
    M-Media
    သူရိန်

    15170922_10202656930220644_5974266154834657656_n
    ဓါတ်ပုံ-U Hla Aung

    မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ် မှ  ပြုလုပ်သော သွေးလှူဒါန်းပွဲ တစ်ရပ်ကို နိုဝင်ဘာ ၂၀ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

    ရန်ကုန်မြို့ အမျိုးသားသွေးလှူဘဏ်မှာ ကျင်းပတဲ့ သွေးလှူဒါန်းပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ မမလ သွေးလှူဒါန်းရေး တာဝန်ခံ ဦးအောင်ကျော်ဦးက ” လာရောက်လှူ ဒါန်းတဲ့အထဲမှာ အစ္စလာမ်ဘာသာဝင်များသာမက လူမျိုး ဘာသာပေါင်းစုံက မမလ အနေနဲ့ ပါဝင် လှူ ဒါန်းကြတဲ့အတွက်လဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ယခု ၂၂ ကြိမ်မြောက်မှာ လာရောက်သူ ၃၀၀ လောက်မှာ သွေးအောင်သူ ၂၀၉ ဦး ရှိပါတယ်။ အသျှင်မြတ် ရဲ့ အလိုတော်နဲ့ လေးလတစ်ကြိမ် ပုံမှန် ကျင်းပနိုင်ပြီး သွေးလှူရှင် ပိုမို ရ ရှိလာအောင် ကြိုးစားသွားပါမယ်။” ဟု M-Media ကိုပြောပါတယ်။

    မမလ အဖွဲ့သည် ၎င်း၏ ဆောင်ပုဒ်ဖြစ်သည့် ကိုယ်ချင်းစာနာတတ်ခြင်းသည်ပင်လျင် တရားစစ် တရားမှန် ဖြစ်ပေသည် ဆိုသည်ကို လက်တွေ့အကောင်အထည်ဖော်သောအားဖြင့် ပရဟိတ လုပ်ငန်းစဉ်တစ်ခုဖြစ်သော သွေးလှူ  ဒါန်းပွဲကို ၄ လ တစ်ကြိမ် စဉ်ဆက်မပြတ် ယခုလို ဆောင်ရွက် နေခြင်းဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

    ယခု အကြိမ်ထိ ဆိုလျှင် မမလ အဖွဲ့ အနေဖြင့် သွေးလှူဒါန်းပွဲ ၂၂  ကြိမ်ပြုလုပ်ခဲ့ပြီး သွေးပုလင်း စုစုပေါင်း (၄၆၃၉) ပုလင်း ကိုလှူ ဒါန်းနိုင်ခဲ့ပါပြီဟု သိရသည်။

    15037217_10202656927100566_9097015480343936807_n

    15094447_10202656928500601_6273934238785375362_n

    15109339_10202656927500576_4451118128518004025_n

    15128621_373825879622265_1283357888_n

    15134760_10202656932220694_8551771575877062841_n

  • ရိုဟင်ဂျာဒုက္ခသည်တွေ Bangladesh ဘက် ထွက်ပြေး

    ရိုဟင်ဂျာဒုက္ခသည်တွေ Bangladesh ဘက် ထွက်ပြေး

    c90ee621-af74-4dfb-87bc-e02fa4f2195b_w987_r1_s
    Cox’s Bazar မြို့က ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခတချို့

    ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေချိန်မှာပဲ၊ နတ်မြစ်တဖက်ကမ်းမှာရှိတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကိုထွက်ပြေးနေတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၅၀၀ လောက်ရှိတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဘင်္ဂလားဒေရှ့်ဖက်ကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခတချို့ကို Cox’s Bazar မြို့က ဒုက္ခသည်စခန်းတွေမှာ နေရာချထားပေးနေသလို တချို့ကိုတော့ မြန်မာနိုင်ငံဖက်ကို ပြန်ပို့နေတဲ့အကြောင်း Reuters ရုပ်သံသတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

    မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကြားက နတ်မြစ်ကို ဖြတ်ကျော်ပြီး Cox’s Bazar မြို့ကို နိုဝင်ဘာ ၂၁ ရက် တနင်္လာနေ့က ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို Kutupalong ဒုက္ခသည်စခန်းတွေဆီကို ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက ပို့ဆောင်ခဲ့ပါတယ်။ ရာနဲ့ချီရောက်လာကြသူတွေထဲက ၆၄ ယောက်ကို Bangladesh နယ်ခြားစောင့်တပ်က ထိန်းသိမ်းခဲ့ပြီး နေ့တွင်းချင်းမှာပဲ မြန်မာနိုင်ငံဖက်ကို ပြန်ပို့ခဲ့တယ်လို့ Reuters သတင်းကပြောပါတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတကာရွှေ့ပြောင်းသူများအရေးဆောင်ရွက်နေတဲ့ IOM အဖွဲ့က အမည်မဖော်လိုသူတယောက်ရဲ့ အပြောအရ တနင်္လာနေ့တနေ့ထဲ မြန်မာဖက်ကရောက်လာတဲ့ ရိုဟင်ဂျာ ၅၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ ခုလိုရောက်လာသူတွေအရေးကို ဘင်္ဂလားဒေရှ့်တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းဆောင်ရွက်ပေးနေတယ်လို့ IOM ရဲ့ ဒုက္ခသည်ရေးရာ အစီအစဉ်တာဝန်ခံ Saikat Biswas ကပြောပါတယ်။

    “ လက်ရှိအခြေအနေကို ကျွန်တော်တို့စောင့်ကြည့်နေပါတယ်။ လုံခြုံရေးတာဝန်ယူတဲ့အဖွဲ့တွေ၊ ဒေသခံအစိုးရအဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ ညှိုနှိုင်းဆောင်ရွက်နေပါတယ်။ သူတို့ဖက်က ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို စောင့်နေရင်း အခြေအနေကို လေ့လာနေပါတယ်။”

    မောင်တောခရိုင်ထဲက လုံခြုံရေးစခန်းတွေကို လက်နက်ကိုင်တွေရဲ့ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့သလို လက်နက်တွေကိုလည်း တိုက်ခိုက်သူတွေက ယူသွားခဲ့ပြီးနောက်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ပြီး လက်နက်တွေကို ပြန်လည်ရှာဖွေနေပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကြောင့် ကုလသမဂ္ဂ၊ အမေရိကန်အစိုးအရအပြင် လူ့အခွင့်အရေးအဖွဲ့တွေက ဒီစွပ်စွဲချက်တွေကို ပွင့်လင်းမြင်သာစွာ စုံစမ်းပေးဖို့ မြန်မာအစိုးရကို တောင်းဆိုနေပါတယ်။ အစိုးရဖက်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိဘူးလို့ ငြင်းဆန်ခဲ့သလို လူ့အခွင့်အရေးအဖွဲ့တချို့ရဲ့ပြောကြားမှုတွေမှာ အချက်အလက်တွေမှားနေတယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဆီကအချက်တွေကို အခြေခံပြီး ထွက်ပြေးသူတွေမရှိပါဘူးလို့ အစိုးရဖက်က ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာပဲ ပြောကြားခဲ့ပါတယ်။

    “ စစ်တပ်က ကျွန်မယောင်္ကျားကို သတ်ပစ်တယ်။ ကျွန်မတို့အိမ်ကိုလည်း မီးရှို့ကြတယ်။ ကျွန်မတို့ကို ဘယ်သူမှလည်း ကူညီမယ့်သူမရှိလို့ ကျွန်မတို့ဒီကို ထွက်ပြေးလာကြတာပါ။”

    “သူတို့နှိပ်စက်တာကို ကျွန်တော်တို့ မခံနိုင်တော့လို့ ကျွန်တော်တို့ ညဖက်မှာ လှေနဲ့ မြစ်ကိုဖြတ်ပြီး ထွက်ပြေးလာကြတာပါ။ ၄ နာရီလောက် ဘင်္ဂလားဒေရှ့်ကိုရောက်ပါတယ်။”

    ဘင်္ဂလားဒေရှ့်ဖက်ကိုရောက်လာတဲ့ ရိုဟင်ဂျာအမျိုးသမီး Marium Khatoon နဲ့ ရိုဟင်ဂျာအမျိုးသား မိုဟာမက် Hasim တို့ပြောခဲ့ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပါတ်က တိုက်ခိုက်မှုတွေတိုးလာတဲ့အတွက် ဘင်္ဂလားဒေရှ့်ဖက်ကို ထွက်ပြေးကြသူ ရာနဲ့ချီရှိတယ်လို့ ရိုဟင်ဂျာတွေက သူတို့ရဲ့ သတင်းထောက်တွေကို ပြောကြတယ်လို့ Reuters သတင်းထဲမှာရေးထားပါတယ်။ ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းမှူး Mohammad Abuzar Al Zahid ကလည်း မြန်မာဖက်ကနေ သူတို့နိုင်ငံထဲဝင်ဖို့ကြိုးစားနေကြသူတွေရှိတယ်လို့ ပြောပါတယ်။

    “အခြေအနေဆိုးတာ သေချာတာပေါ့ဗျာ။ မြန်မာနိုင်ငံဖက်မှာ တခုခုဖြစ်လို့ ဘင်္ဂလားဒေရှ့်ဖက်ကို ဝင်ဖို့ကြိုးစားကြတာပေါ့။ နယ်စပ်ဒေသလုံခြုံရေးကို ကျွန်တော်တို့ အထူးသတိထားတဲ့အတွက် တရားမဝင် ဝင်ရောက်ဖို့ကြိုးစားမှုမှန်သမျှကို တားဆီးနိုင်ဖို့ ကျွန်တော်တို့ဖက်ကတော့ ကြိုးစားပါတယ်။ ၂ နိုင်ငံနယ်စပ်ကြားမှာ နတ်မြစ်ပဲခြားနေတော့ သူတို့က လှေတွေနဲ့ ဘင်္ဂလားဒေရှ့်ဖက်ကို ဝင်နိုင်ဖို့ ကြိုးစားနေကြတာပါ။”

    ဘင်္ဂလားဒေရှ့်အစိုးရအနေနဲ့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် နယ်စပ်ကို ဖွင့်ပေးထားဖို့ ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးရုံးက အခုရက်ပိုင်းအတွင်းမှာပဲ တိုက်တွန်းခဲ့ပါတယ်။ လုံခြုံရေးစိုးရိမ်တဲ့ ရခိုင်ဒေသခံတချို့လည်း မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့ပေါ်တွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

    မောင်တောခရိုင်မှာ လက်တွေ့ဖြစ်နေတဲ့ အခြေအနေမှန်ကိုသိနိုင်ဖို့ သတင်းမီဒီယာတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့တွေကို သွားရောက်ခွင့်ပြုဖို့ တောင်းဆိုမှုတွေလည်း ပိုပြီးထွက်ပေါ်နေပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ကစလို့ အခုအထိ အိုးအိမ် တထောင်ကျော် ဖျက်ဆီးခံခဲ့ရတဲ့အကြောင်း HRW က ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး November လ ၂၀ ရက်နေ့က သတင်းထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။ မောင်တောခရိုင်ထဲမှာ လုံခြုံရေးဟာ စိုးရိမ်စရာရတဲ့ အခြေအနေမို့ စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ပြီး လုံခြုံရေး အထူးတင်းကြပ်ထားတယ်လို့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် အဖွဲ့ဝင်တွေကပြောပါတယ်။

    ကုလသမဂ္ဂ၊ အမေရိကန်အပါအဝင် သံတမန်တချို့ကတော့ နိုဝင်ဘာလဆန်းက အစိုးရရဲ့စီစဉ်ပေးမှုနဲ့ စစ်တွေနဲ့ မောင်တောင်မြို့တောင်ဖက်ကို သွားရောက်လေ့လာ နိုင်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးလုပ်နေစဉ် လက်နက်ကိုင်ဆောင်ထားသူတွေရဲ့ တိုက်ခိုက်မှုတွေလည်းရှိနေတာကြောင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေနဲ့ပါတ်သက်လို့ အဖြစ်မှန်ပေါ်နိုင်ဖို့ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားဖို့ရှိတယ်လို့ အစိုးရကဖက်က သတင်းထုတ်ပြန်ထားပါတယ်။

    VOA မှ ကူးယူဖော်ပြသည်။