News @ M-Media

Author: editor

  • ရှမ်းပြည်နယ်မှ စစ်ဘေးရှောင်များကို ဒေသခံ မွတ်စလင်မ် လူမှုရေး အဖွဲ့များမှ ကူညီ

    ရှမ်းပြည်နယ်မှ စစ်ဘေးရှောင်များကို ဒေသခံ မွတ်စလင်မ် လူမှုရေး အဖွဲ့များမှ ကူညီ

    နိုဝင်ဘာ ၂၂ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    15109542_1316745705002092_6580886313197332160_n
    လတ်တလော တိုက်ပွဲများဖြစ်ပွားရာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသများမှ စစ်ဘေးရှောင်ပြည်သူများကို ဒေသခံမွတ်စလင်မ် လူမှုကူညီရေး ပရဟိတ အဖွဲများမှ လူနာကူသယ်ပေးခြင်း၊ အစားအစာ ချက်ပြုတ်ဝေငှပေးခြင်း၊ ဆေးကုသမှုပြုလုပ်ပေးခြင်းများ ဖြင့် ကူညီပေး နေကြောင်း သိရှိရပါတယ်။

    ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုဝင်ဘာ ၂၁ ရက်နေ့ ကျင်စန်းကျော့စစ်ဘေးရှောင်များသို့ သွားကြိုသော မေတ္တာမွန် မွတ်စလင် လူငယ်အသင်းကားအား ကျည်ဆံ ထိမှန်ခဲ့ကြောင်း၊ ကားပေါ်တွင် လိုက်ပါလာသည့်  ရွှေလီမြို့နေ ကြင်နာနွေးထွေး ပရဟိတလူငယ် အသင်းမှ ကိုရဲမင်းအောင်  သေနတ်ကျည်ထိမှန်ခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ချက်များအရ သိရှိရပါတယ်။

    Photo Credit – Thet Swe Win Namtu and Ko Soe Min,မူဆယ်အစ္စလာမ်လူငယ် လူမှုကူညီရေးအသင်း FB

    15094333_1810849385796189_1931181037174715048_n

    15109554_1810849405796187_992571007308239453_n

     

    15170800_686328578202431_2839604130854893090_n

    15134816_1316745801668749_3031960246415552682_n 15179094_1316745555002107_7880856159351410961_n 15193538_1316745615002101_2103864226202104751_n

  • ဘောလုံး (၁)- မြန်မာ့ဂုဏ်ဆောင် မွတ်စလင်မ် အားစားသမား အကျော်အမော်များ

    ဘောလုံး (၁)- မြန်မာ့ဂုဏ်ဆောင် မွတ်စလင်မ် အားစားသမား အကျော်အမော်များ

    နိုဝင်ဘာ ၂၁ – ၂၀၁၆
    M-Media
    ကြည်သာမောင် ရှာဖွေတင်ဆက်သည်။
    2

    တချိန်တခါက မြန်မာလက်ရွေးစင် အားကစားသမားများဟာ ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ အလေးမ စတဲ့ အားကစားနည်များမှာ  အရှေ့တောင်အာရှတွင်သာမက အာရှအဆင့် ၌ပင် အောင်ပွဲအလီလီဆွတ်ခူးကာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ကြပါတယ်။ အဆိုပါ တိုင်းပြည်ဂုဏ်ဆောင် အားကစားသမားများထဲမှာ အစ္စလာမ်ဘာသာဝင် အားကစားသမားအကျော်အမော်တွေ အများအပြားပါဝင်ခဲ့ပါတယ်။

    အမ်မီဒီယာ အနေဖြင့် အဆိုပါ အားကစားသမား အကျော်အမော်တို့ အကြောင်း လက်လှမ်းမှီသလောက် ရှာဖွေ တင်ဆက်သွားပါမယ်။ စာဖတ်ပရိတ်သတ်  များအနေဖြင့်လည်း မိမိတို့မှာ ရှိတဲ့ တိုင်းပြည်ဂုဏ်ဆောင် မြန်မာမွတ်စလင်မ် အားကစားသမားများ အကြောင်း သတင်းအချက်အလက်များကို [email protected] သို့ဖြစ်စေ၊ M-Media Facebook Page မှ Message ပို့၍ ဖြစ်စေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

    မြန်မာလက်ရွေးစင် မွတ်စလင်မ် ဘောလုံး အားကစားသမားများ (၁)
    ————————————-

    ၁။ ဟာဂျီ ဦးရွှေသိန်း (ဝါ) (ဘူဒါး) (S.A.M.B ကုန်သွယ်ရေး ၁၉၄၉-၅၀)
    ၂။ M.E ဘရူးချား          (ဧရဝတီအသင်း Friend Union ၁၉၄၅-၅၀)
    ၃။ ဦးစိန်ဝင်း(ခ) ဝါဆေး    (တပ်မတော်ကြည်း    ၁၉၅၀-၅၁)
    ၄။ ဦးပီတာ         (တပ်မတော်ကြည်း    ၁၉၅၀-၅၁)
    ၅။ ဦးကျော်စိန်         (တပ်မတော်ကြည်း    ၁၉၅၂-၅၄)
    ၆။ ဦးကိုကိုကြီး        (အကောက်ခွန်    ၁၉၅၅-၆၀)
    ၇။ ဟာဂျီဦးအေးမြင့် (ခ) ဘီကြူး  (S.A.M.B ကုန်သွယ်ရေး ၁၉၆၀-၆၁)
    ၈။ဦးအောင်သိန်း (ခ) တန်ဘီ      (S.A.M.B ကုန်သွယ်ရေး ၁၉၅၉-၆၀)
    ၉။ ဦးတင်အောင်         (ပြည်သူ့ရဲ ၁၉၆၀)
    ၁၀။ ဦးခင်အောင်         (ကုန်သွယ်ရေး ၁၉၆၀)
    ၁၁။ ဥိးမျိုးမြင့်        (အကောက်ခွန်  ၁၉၅၉)
    ၁၂။ ဦးအေးဖေ         (S.A.M.B ကုန်သွယ်ရေး ၁၉၆၃-၆၄)
    ၁၃။ဦးတင်မောင်        (အကောက်ခွန်     ၁၉၆၆-၆၇)
    ၁၄။ ဦးတင်မောင် (ငှက်မြန်)    (တက္ကသိုလ်အသင်း  ၁၉၆၄)
    ၁၅။ ဦးစိုးမြင့်         (လေတပ်        ၁၉၆၆)
    ၁၆။ ဦးတင်ဦး        (စာတိုက်နှင့် ကြေးနန်း ၁၉၅၉-၁၉၆၃)
    ၁၇။ ဦးချစ်ညို        (ဆောက်လုပ်ရေး ၁၉၇၃)
    ၁၈။ ဦးမောင်မောင်မြင့်    (တပ်မတော်ကြည်း    ၁၉၆၅-၇၁)
    ၁၉။ဦးဝင်းမောင်        (တပ်မတော်ကြည်း    ၁၉၆၉-၇၁)
    ၂၀။ ဦးကျော်ညွှန့်        (လျှပ်စစ်        ၁၉၆၉-၇၁)
    ၂၁။ ဦးငွေတော်        (ရုပ်ရှင်လုပ်ငန်း     ၁၉၇၆)
    ၂၂။ ဦးမောင်မောင်         (စည်ပင်သာယာ    ၁၉၇၆)
    ၂၃။ ဦးမျိုးတင်         (စည်ပင်သာယာ    ၁၉၇၆)

    မှတ်ချက် –
    အောက်ဖော်ပြပါ အချက်အလက်များဟာ ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေခဲ့သော အစ္စလာမ်ဓမ္မဗိမာန် (၇၅) နှစ်မြောက် စာစောင်တွင်  ဟာဂျီဦးအုန်းမြင့် (ဘတ်စကက်ဘော မြန်မာလက်ရွေးစင်ဟောင်းနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးဟောင်း)၏  စုစည်းတင်ပြချက်များဖြစ်ပါတယ်။
    ၁၉၇၆ ခုနှစ်အထိ မြန်မာလက်ရွေးစင် ဘောလုံးသမားများ၏ စာရင်းသာဖြစ်ပြီး နောက်ပိုင်းနှစ်များအတွက် ကျန်ရှိနေပါအုံး။ အမ်မီဒီယာအနေဖြင့် နောက်ထပ် အချက်အလက်များရရှိပါက ထပ်မံ၍ ဖော်ပြသွားပါမယ်။

    ဆက်စပ် အကြောင်းအရာ
    ၁၉၇၀ အာရှချန်ပီယံ နှင့် ဂိုးသွင်းဘုရင် မြန်မာ့လက်ရွေးစင် ဦးဝင်းမောင် (ဗိုလ်ကြီး-ငြိမ်း) ဖတ်ရန် Link

    1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-001 1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-002 1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-003 1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-004 1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-005 1_myanmar-muslim-sport-player_the-islamic-centre-of-myanmar-ruby-jubilee-magazine-op-page-006

  • စစ်ကိုင်းမြို့မဗလီသို့  သီရီလင်္ကာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ သွားရောက်လေ့လာ

    စစ်ကိုင်းမြို့မဗလီသို့ သီရီလင်္ကာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ သွားရောက်လေ့လာ

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media
    မိုးစက်
    15102007_1726673210988160_1054232897_o
    စစ်ကိုင်း။    ။ စစ်ကိုင်းမြို့ မြို့မ ဗလီဝတ်ကျောင်းတော်သို့ သီရိလကာင်္နိုင်ငံမှ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ဖြစ်သည့် Center for Peace building and Reconciliation (CPBR) အဖွဲ့မှ နိုဝင်ဘာလ (၁၇) ရက်နေ့ကလာရောက်လေ့လာခဲ့ကြပါတယ်။

    “အဓိကကတော့ သူတို့ ဒီနိုင်ငံက ဝတ်ကျောင်းတော်တွေကို လာရောက်လေ့လာကြတာပေါ့။ ကျွန်တော်တို့ဘက်ကလည်း သူတို့ကို တတ်နိုင်သလောက် ဗလီနဲ့ ပတ်သတ်ပြီး ရှင်းပြတယ်။ နောက် ကျွန်တော်တို့ ဝတ်ကျောင်းတော်တွေက ဝတ်ပြုရုံတင် မဟုတ်ဘဲ အသိပညာ အတတ်ပညာ စတဲ့အရာတွေပါ ဖွံ့ဖြိုးရေးလု ပ်ပေးတဲ့နေရာတွေပါ။ သူတို့ကို အဲ့ဒါတွေပါ နားလည်အောင် ပြောပြတော့ သူတို့လည်း နားလည်ပြီး သဘောကျကြပါတယ်” လို့ မြို့မဝတ်ကျောင်းတော်မှ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ကိုစိုးနေဦးက ဆိုပါတယ်။
    15032871_1725567381098743_6795798089230070348_n
    အဆိုပါ သီရိလကာင်္နိုင်ငံမှ အဖွဲ့အစည်းသည် မြန်မာနိုင်ငံမှ ကွဲပြားခြားနားခြင်းနှင့် အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH)ရဲ့ ဦးဆောင်မှုနှင့်အတူ စစ်ကိုင်းမြို့ ဗလီဝတ်ကျောင်းတော်ကို လာရောက်လေ့လာခဲ့ကြခြင်း ဖြစ်ပါတယ်။

    စစ်ကိုင်းမြို့တွင် ဗလီ (၅) လုံးရှိပြီး မြို့မဗလီ ဝတ်ကျောင်းတော်မှာ နှစ်ပေါင်း (၁၉၇) ကျော် သက်တမ်းရှိသည့် သမိုင်းဝင် ဗလီတစ်လုံး ဖြစ်ပါတယ်။

    15146645_1726673184321496_1360737491_o

  • Capital Hypermarket ပေါက်ကွဲမှု လက်လုပ်ဗုံးကြောင့်ဟု ရဲတပ်ဖွဲ့ ပြော

    Capital Hypermarket ပေါက်ကွဲမှု လက်လုပ်ဗုံးကြောင့်ဟု ရဲတပ်ဖွဲ့ ပြော

    0ef4375a-4641-4384-bba4-589ac1e0b0c5_cx14_cy7_cw74_w987_r1_s_r1
    Capital Hypermarket ဈေးဝယ်စင်တာ

    ရန်ကုန်တိုင်း ဒေါပုံမြို့နယ် Capital Hypermarket ဈေးဝယ်စင်တာမှာ နိုဝင်ဘာ ၂၀ တနင်္ဂနွေ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ ဓါတုပစ္စည်းတွေနဲ့ ရောစပ်ထားတဲ့ လက်လုပ်ဖေါက်ခွဲရေးပစ္စည်းတွေဖြစ်ကြောင်း ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့ တာဝန်မှူးရဲအရာရှိတဦးက VOA ကို ပြောပါတယ်။

    “ အတိအကျတော့ မသိရသေးဘူးခင်ဗျ၊ လောလောဆယ်တော့ ဓါတုပစ္စည်းတွေနဲ့ စပ်ပြီးတော့ လုပ်ထားတဲ့- လက်လုပ် ပေါက်ကွဲစေတဲ့ ဟာမျိုးပေါ့။ ဗုံးတော့ မဟုတ်ဘူး။ ခုမှ ကျနော်တို့က လောလောဆယ် ကျန်ခဲ့တဲ့ ဘေးနားက သက်သေခံပစ္စည်းတွေကို Chemical ဓါတုဓါတ်ခွဲခန်းကို ပို့ထားတုန်းပဲ ”

    Capital Hypermarket မှာ ၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ရှောပင်းစင်တာအပေါ်ထပ် လိုင်းနံပတ် ၂၄နဲ့ ၂၆ တွေမှာ ညနေ ၆နာရီ ထိုးခါနီးက နှစ်ကြိမ်၊ မြေညီထပ် လိုင်းနံပတ် ၁ နဲ့ ၄မှာ ၆ နာရီ ၁၅ လောက်က နှစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း၊ ဒေါပုံမီးသတ်ဌာနက အစောပိုင်းမှာ VOA ကို ပြောဆိုခဲ့ပါတယ်။

    ဒီပေါက်ကွဲမှုကြောင့် ဖြတ်သွားဖြတ်လာပြည်သူတွေနဲ့ ဒေသခံတွေက ဗုံးပေါက်ကွဲမှုလို့ ယူဆပြီး စိုးရိမ်းမှုရှိကြောင်း သိရပါတယ်။ ပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပဲ၊ အနီးနား ပလစ်စတစ်အရောင်းဆိုင်က ပစ္စည်းတချို့နဲ့ အချိုရည်ပုလင်းတချို့ ပျက်စီးခဲ့ကြောင်း ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။ ပေါက်ကွဲမှုရဲ့ လက်သည်တရားခံကိုလည်း စုံစမ်းနေဆဲပဲဖြစ်ပါတယ်။

    VOA မှ ကူးယူဖော်ပြသည်။

  • မန္တလေးတက္ကသိုလ်  ရာဇတ်ခန်းမရှေ့၌ ထားရှိသွားမည့် အာဇာနည် ဦးရာဇတ်ရုပ်တု ဖွင့်ပွဲပြုလုပ်မည်။

    မန္တလေးတက္ကသိုလ် ရာဇတ်ခန်းမရှေ့၌ ထားရှိသွားမည့် အာဇာနည် ဦးရာဇတ်ရုပ်တု ဖွင့်ပွဲပြုလုပ်မည်။

    နိုဝင်ဘာ ၁၇ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    ဓါတ်ပုံ- ဦးခင်မောင်ဝင်း(ဓူဝံ)
    15085577_374358786238087_9149937361803015589_n
    ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်က လုပ်ကြံခံခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ ရုပ်တုကို မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ ရာဇတ်ခန်းမ ထားရှိပြီး ဖွင့်ပွဲကို တန် ဆောင် မုန်း လ ပြည့် ကျော် ( ၁၀ ) ရက် (အ မျိုး သား နေ့) ၂၄ -၁၁-၂၀၁၆  ( ကြာ သပ တေး )နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။

    15055835_374358759571423_4610722170220112263_n

    ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအစိုးရအဖွဲ့တွင် ပညာရေးဝန်ကြီး ဖြစ်လာသောအခါ ပွဲဦးထွက်လုပ်ငန်း အနေ ဖြင့် မန္တလေးမြို့တွင် ရန်ကုန်တက္ကသိုလ်နှင့် စင်ပြိုင်တက္ကသိုလ် တစ်ခု ပေါ်ပေါက်လာရေး အတွက် ဦးရာဇတ်သည် ၁၉၄၇ ခုနှစ် ဇွန် ၁၆ ရက်တွင် အစီအစဉ်ရေးဆွဲကာ မန္တလေး ကောလိပ်ကျောင်းသားဟောင်း ဆရာကြီး ဦးကိုလေးအား တာဝန်ပေးအပ် ကာ ယောက်ျားလေး ဘော်ဒါဆောင် သာမက မိန်းကလေး ဘော်ဒါဆောင်ပါ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    အ ခမ်း အ နား ကို  မန္တလေးတက္ကသိုလ်  က ဆ ရာ ဆ ရာ မ ကြီး များ က ဦး စီး ကျင်းပ မှာ ဖြစ်ကြောင်းး သိရှိရသည်။