News @ M-Media
Author: M-Media
  • ယူကရိန်း အရှေ့ပိုင်းတွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွား
    ယူကရိန်း အရှေ့ပိုင်းတွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွား
    နိုဝင်ဘာ ၁၀၊ ၂၀၁၄
    M-Media
    2014102313404592734_20
    – စက်တင်ဘာလတွင် အပစ်ရပ်ရေးစာချုပ် ချုပ်ဆိုပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအရှေ့ပိုင်း Donetsk မြို့တွင် ယမန်နေ့က တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    ခွဲထွက်ရေးသမားများ ကြီးစိုးရာ အဆိုပါဒေသ၌ ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ နောက်ထပ် ၂ နာရီ ကြာပြီးနောက်လည်း ထိုကဲ့သို့ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။
    သို့သော်လည်း ခွဲထွက်ရေးသမားများက အဆိုပါဒေသ၌ ကာဖျူးအမိန့် ထုတ်ထားခဲ့သောကြောင့် ထိုတိုက်ခိုက်မှုများ၏ အကျိုးဆက်များကို တွက်ချက်နိုင်ခြင်းမရှိသေးပေ။
    ဥရောပဒေသ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE ကမူ တင့်ကားစစ်ကြောင်းများ၊ အမြောက်များနှင့် စစ်သားများမှာ သူပုန်များကြီးစိုးရာ နိုင်ငံအရှေ့ပိုင်းသို့ ဖြတ်သန်းသွားရောက်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။
    ယူကရိန်းစစ်တပ်ကမူ စနေနေ့က Donetsk အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြီးမားသော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့သည်။
    AFP
  • လူလတ်ပိုင်းများတွင် အူမကြီး ကင်ဆာ ဖြစ်ပွားနှုန်း လာမည့် ၁၀ စုနှစ်အတွင်း ၂ ဆခန့် တိုးလာနိုင်
    လူလတ်ပိုင်းများတွင် အူမကြီး ကင်ဆာ ဖြစ်ပွားနှုန်း လာမည့် ၁၀ စုနှစ်အတွင်း ၂ ဆခန့် တိုးလာနိုင်
    နိုဝင်ဘာ ၁၀၊ ၂၀၁၄
    M-Media
    skynews.img.600.372.jpeg;pvf795d9f09f03654e
    – အသက် ၃၄ နှစ်အောက် လူများတွင် အူမကြီးကင်ဆာ ဖြစ်ပွားမှုနှုန်းမှာ လာမည့် ၁၅ နှစ်အတွင်း ၂ ဆခန့် တက်လာမည်ဖြစ်ပြီး အဆိုပါ ရောဂါအား မည်ကဲ့သို့ တွန်းလှန်ရမည် ဆိုခြင်းအတွက် စိုးရိမ်မှုများ တိုးလာစေသည်ဟု သုတေသန ပညာရှင်များက ပြောကြားလိုက်သည်။
    ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားခြင်းနှင့် လူနေမှုဘ၀ ပြောင်းလဲခြင်း စသည့် အချက်များမှာ အူမကြီးကင်ဆာဖြစ်ပွားမှု တိုးပွားလာခြင်း၏ အကြောင်းအရင်းများ ဖြစ်သည်။ အသက် ၅၀ ကျော်အရွယ်များတွင် အဆိုပါ ရောဂါ ဖြစ်ပွားမှုမှာ စနစ်တကျ စောင့်ကြည့်ခြင်းနှင့် ပုံမှန် မှန်ပြောင်းသွင်း စစ်ဆေးမှုတို့ကြောင့် လျော့ကျလာခဲ့သည်ဟု အမေရိကန် ခွဲစိတ်ကုသမှုဆိုင်ရာ ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။
    ၂၀၃၀ ခုနှစ်သို့ ရောက်ရှိလာသည့်အချိန်တွင် အူမကြီးကင်ဆာဖြစ်ပွားသူ ၁၀ ဦးလျှင် ၁ ဦးနှင့်အထက်၊ စအို ကင်ဆာ ဖြစ်ပွားသူ လေးဦးတွင် ၁ ဦးခန့်မှာ အသက် ၅၀ အောက် အရွယ် ဖြစ်လာမည်ဟု တက္ကဆက်တက္ကသိုလ် MD Anderson ကင်ဆာ စင်တာမှ ပြုလုပ်ခဲ့သည့် သုတေသနများအရ သိရှိရသည်။
    အဆိုပါရောဂါ ဖြစ်ပွားမှု တိုးပွားလာခြင်းမှာ အ၀လွန်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့်ဖြစ်ပြီး အနောက်တိုင်း အစားအစာ များကလည်း အူမကြီးကင်ဆာ ဖြစ်ပွားစေနိုင်သည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်ဟု ဆိုသည်။
    အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း အူမကြီးကင်ဆာဖြစ်ပွားသူ အရေအတွက်မှာ ၁၃၇၀၀၀ ရှိပြီး ၅၀၀၀၀ ကျော်မှာ အဆိုပါရောဂါကြောင့် သေဆုံးရမည်ဟု တွက်ချက်မှုများအရ သိရသည်။ အူမကြီးကင်ဆာမှာ ကမ္ဘာပေါ်တွင် တတိယ အဖြစ်များဆုံး ကင်ဆာရောဂါ တစ်ခုဖြစ်ပြီး ကင်ဆာကြောင့် သေဆုံးမှုတွင်လည်း တတိယ သေဆုံးမှု အများဆုံး ရောဂါဖြစ်သည်။
    ref_ – AFP/nd
  • ရော်နယ်ဒို၏ အဆင့်သို့ ရောက်ချင်သည်ဟု ဝေးလ် တိုက်စစ်မှူး ဂါရက်ဘေးလ်ပြော
    ရော်နယ်ဒို၏ အဆင့်သို့ ရောက်ချင်သည်ဟု ဝေးလ် တိုက်စစ်မှူး ဂါရက်ဘေးလ်ပြော
    နိုဝင်ဘာ ၁၀၊ ၂၀၁၄
    M-Media
    456945_heroa
    – အသင်းရှိ ကမ္ဘာ့ အကောင်းဆုံးဆုရှင် ခရစ္စတီယာနိုရော်နယ်ဒိုမှာ အခြားသူများထက် မြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီး မိမိမှာလည်း ထိုအဆင့်သို့ ရောက်ရှိချင်သည်ဟု ရီးယဲလ်အသင်း၏ ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးက ပြောကြားလိုက်သည်။
    ယမန်နေ့က ဗယ်လက်ကာနိုအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ဘေးလ်မှာ အသင်းအတွက် အဖွင့်ဂိုးသွင်းပေးခဲ့ပြီး ထိုပွဲမှာ ရီးယဲလ်အတွက် ၈ ပွဲကစားပေးထားသည့် ဘေးလ်အတွက် ၅ ဂိုး မြောက်လည်း ဖြစ်သည်။
    သို့သော်လည်း ၁၆ ပွဲကစားပြီး ၂၂ ဂိုးသွင်းထားနိုင်သည့် ရော်နယ်ဒိုကဲ့သို့ ကမ္ဘာ့ပြိုင်စံရှား ကစားသမားတစ်ဦးဖြစ်လာရန် ဘေးလ်က ဆန္ဒရှိနေသည်။
    “ကျွန်တော်ဟာ တစ်ချိန်လုံး တိုးတက်နေပြီး ရော်နယ်ဒိုလိုအဆင့်ရောက်ဖို့ ကြိုးစားနေပါတယ်။ သူသွင်းခဲ့တဲ့ဂိုးတွေနဲ့ အသင်းအတွက် သူစွမ်းဆောင်ပေးခဲ့တာတွေက အံ့သြလောက်စရာပါပဲ။ ဘယ်သူမှ သူ့လို မရှင်သန်နိုင်ပါဘူး။ အခုအချိန်မှာတော့ သူဟာ အခြားသူတွေထက် နောက်ထပ် အဆင့်တစ်ခုကို ရောက်ရှိနေပါပြီ။ လေ့ကျင့်ကွင်းနဲ့ ပွဲတွေထဲမှာ သူ့ကိုမြင်ရတာဟာ ကျွန်တော့်အနေနဲ့ ဆက်လက်တိုးတက်အောင်လုပ်ဖို့ အားဖြစ်စေပါတယ်။ တစ်နေ့တော့ ကျွန်တော်လည်း အဲဒီနေရာရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဘေးလ်က BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။
    ယမန်နှစ်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည့် ရော်နယ်ဒိုမှာ ယခုနှစ် ဇကာတင်စာရင်းတွင်လည်း ပါဝင်နေပြီး ဆက်လက်ရွေးချယ်ခံရရန် ရေပန်းစားနေသည်။
  • ၂၀၁၅ အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲ မော်ရိုကိုတွင် မကျင်းပတော့
    ၂၀၁၅ အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲ မော်ရိုကိုတွင် မကျင်းပတော့
    နိုဝင်ဘာ ၁၀၊ ၂၀၁၄
    M-Media
    2014910151310830734_20
    – အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲ ကျင်းပရေးအတွက် အကြောင်းပြန်ရန် အာဖရိကဘောလုံးအင်ဖွဲ့ချုပ် CAF ၏ နောက်ဆုံးရက် သတ်မှတ်ထားမှုမှာ ယမန်နေ့က ပြည့်သွားခဲ့ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် တာဝန်ယူထားသည့် မော်ရိုကိုနိုင်ငံမူ အကြောင်းပြန်ခဲ့ခြင်းမရှိဟု သိရသည်။
    အာဖရိကနိုင်ငံများမှ အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ကျင်းပရန် စီစဉ်ထားသော အဆိုပါ ဘောလုံးပြိုင်ပွဲသို့ အာဖရိက နိုင်ငံပေါင်းစုံမှ ပြည်သူများ လာရောက်မည်ဖြစ်သောကြောင့် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်နှံ့မည်ကို စိုးရိမ်သည့် အတွက် ရွှေ့ဆိုင်းရန် မော်ရိုကို ဘောလုံးအဖွဲ့ချုပ်က CAF ကို တောင်းဆိုခဲ့သည်။
    CAF ကမူ ယှဉ်ပြိုင်ကစားမည့် ၁၆ သင်းတွင် အီဘိုလာပြန့်နှံ့နေသည့် နိုင်ငံများထဲမှာ ဂီနီ တစ်နိုင်ငံတည်းသာ ပါဝင်မည်ဖြစ်သောကြောင့် မစိုးရိမ်ရန်နှင့် ပြိုင်ပွဲကိုလည်း  သတ်မှတ်ထားသည့်အတိုင်း ကျင်းပမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မော်ရိုကိုနိုင်ငံအနေဖြင့် ထိုပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အစီအစဉ် ရှိ၊ မရှိ ပြန်လည်အကြောင်းကြားရန်အတွက်လည်း ရာဇသံပေးခဲ့သည်။
    သို့သော်လည်း မော်ရိုကိုက အချိန်မီ အကြောင်းပြန်ခဲ့ခြင်း မရှိသောကြောင့် မည်သည့် နိုင်ငံက လက်ခံကျင်းပမည်ကို လာမည့် သီတင်းပတ်တွင် ပြုလုပ်မည့် CAF အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။
  • နယူးကာဆယ် နိုင်ပွဲဆက်၊ နောက်တန်းကြောင့် အာဆင်နယ်တို့ အရှုံးပေးခဲ့ရတဲ့ EPL ပွဲစဉ် ၁၁ စူပါဆန်းဒေး
    နယူးကာဆယ် နိုင်ပွဲဆက်၊ နောက်တန်းကြောင့် အာဆင်နယ်တို့ အရှုံးပေးခဲ့ရတဲ့ EPL ပွဲစဉ် ၁၁ စူပါဆန်းဒေး
    နိုဝင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    66
    – ပြီးခဲ့တဲ့တစ်ပတ်က ချန်ပီယံလိဂ်မှာ အန်ဒါလက်ခ်ျကို ၃ ဂိုးပြတ်နဲု့ဦးဆောင်ပြီး ၃ ဂိုး ပြန်ပေးခဲ့ရတဲ့ အာဆင်နယ်တို့ မနေ့က ကစားတဲ့ ပွဲမှာလည်း ဆွမ်ဆီးကို ဆန်းချက်ဇ်ရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ၂ ဂိုး ပြန်ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ရပါတယ်။ ပွဲအစကတည်းက အာဆင်နယ်တို့ ပိုကောင်းခဲ့ပြီး ၀ဲလ်ဘတ်၊ ချိန်ဘာလိန်တို့ရဲ့ အပိုင်ကန်သွင်းချက်တွေကို ဆွမ်ဆီးဂိုးသမား ကာကွယ်နိုင်တာကြောင့် စောစာစီးစီး ဂိုးမရခဲ့တာပါ။ ၆၄ မိနစ်မှာ ဂိုးသွင်းစက် ဆန်းချက်ဇ်က ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ထုံးစံအတိုင်း အာဆင်နယ်နောက်တန်းရဲ့ အားနည်းမှုကြောင့် ၇၅ မိနစ်နဲ့ ၇၈ မိနစ်တို့မှာ ဂိုးတွေပြန်ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ပါတယ်။
    55
    ပါဂျူးရဲ့ နယူးကာဆယ်ကတော့ ပုံစံကောင်းကို ဆက်လက်ပြသနိုင်ပြီး ၀က်စ်ဘရွန်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ၀က်စ်ဘရွန်းတို့က ပွဲအစမှာ ဖိအားအချို့ပေးနိုင်ခဲ့ပေမယ့် နယူးကာဆယ်တို့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး ပထမပိုင်း ပွဲပြီးကာနီးမှာ အေယိုဇီ ပီရက်ဇ်က ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ အနိုင်သေချာစေမယ့် ဂိုးကိုတော့ နောက်ခံလူ ကိုလို ချီနီက ၆၂ မိနစ်မှာ ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။ ပါဂျူးကတော့ ပွဲအပြီးမှာ ကစားသမားတွေကို ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။
    77
    စပါးကလည်း အိမ်ကွင်း လေးပွဲမြောက်ရှုံးပွဲအဖြစ် စတုတ်စီးတီးကို ရှုံးခဲ့ကာ အဲဗာတန်နဲ့ ဆန်းဒါးလန်းတို့ကတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
    ပွဲစဉ် ၁၁ အပြီးမှာတော့ ချယ်ဆီးက ၂၉ မှတ်နဲ့ ဇယားကို ဦးဆောင်နေပြီး အောက်မှာ ဆောက်သက်တမ်၊ မန်စီးတီးနဲ့ ၀က်စ်ဟမ်းတို့က အစဉ်လိုက်ရှိနေကြပါတယ်။ အာဆင်နယ်နဲ့ မန်ယူတို့ကတော့ ၆ နဲ့ ၇ နေရာမှာ ရှိနေပြီး နယူးကာဆယ်ကတော့ အဆင့် ၈ ရောက်လာခဲ့ပါတယ်။ တန်းဆင်းဇုန်မှာတော့ လက်စတာ၊ ကျူပီအာရ်နဲ့ ဘန်လေတို့ အသီးသီး ရှိနေပါတယ်။
    League_Table_Barclays_Premier_League_current_&_previous_standings_-_2014-11-10_13.46.56
    ပွဲစဉ် ၁၁ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဆန်းဒါးလန်း ၁-၁ အဲဗာတန်
    စပါး ၁-၂ စတုတ်
    ဆွမ်ဆီး ၂-၁ အာဆင်နယ်
    လီဗာပူးလ် ၁-၂ ချယ်ဆီး
    ဘန်လေ ၁-၀ ဟားလ်စီးတီး
    မန်ယူ ၁-၀ ခရစ္စတယ်ပဲလေ့စ်
    ဆောက်သက်တမ် ၂-၀ လက်စတာ
    ကျူပီအာရ် ၂-၂ မန်စီးတီး