News @ M-Media

ယူကရိန်း အရှေ့ပိုင်းတွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွား

နိုဝင်ဘာ ၁၀၊ ၂၀၁၄
M-Media
2014102313404592734_20
– စက်တင်ဘာလတွင် အပစ်ရပ်ရေးစာချုပ် ချုပ်ဆိုပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအရှေ့ပိုင်း Donetsk မြို့တွင် ယမန်နေ့က တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ခွဲထွက်ရေးသမားများ ကြီးစိုးရာ အဆိုပါဒေသ၌ ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ နောက်ထပ် ၂ နာရီ ကြာပြီးနောက်လည်း ထိုကဲ့သို့ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

သို့သော်လည်း ခွဲထွက်ရေးသမားများက အဆိုပါဒေသ၌ ကာဖျူးအမိန့် ထုတ်ထားခဲ့သောကြောင့် ထိုတိုက်ခိုက်မှုများ၏ အကျိုးဆက်များကို တွက်ချက်နိုင်ခြင်းမရှိသေးပေ။

ဥရောပဒေသ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE ကမူ တင့်ကားစစ်ကြောင်းများ၊ အမြောက်များနှင့် စစ်သားများမှာ သူပုန်များကြီးစိုးရာ နိုင်ငံအရှေ့ပိုင်းသို့ ဖြတ်သန်းသွားရောက်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်ကမူ စနေနေ့က Donetsk အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြီးမားသော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့သည်။

AFP

Comments

Leave a Reply