ဒီဇင်ဘာ ၁၆၊ ၂၀၁၃
M-Media
– ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဂုံကျော် အမြန်လမ်းမပေါ်မှ ခရီးသည်တင် ဘတ်စကားတစ်စီးမှာ တံတားအောက်တွင်ရှိနေသည့် ဗင်ကားတစ်စီးပေါ်သို့ ထိုးကျမှု တစ်ခု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည် လူ ၂၂ ဦးသေဆုံးခဲ့သည်ဟုသိရသည်။
ခြောက်မီတာ(ပေ ၂၀) အမြင့်ရှိသည့် တံတားပေါ်မှ ကျခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူ ၂၀ မှာ ဘတ်စ်ကားပေါ်တွင် လိုက်ပါလာခဲ့ကြသူများနှင့် ကျန် ၂ ဦးမှာ ဗင်ကားပေါ်တွင် ရှိနေကြသူများဖြစ်ကြသည်။
ထို့ပြင် ဒဏ်ရာရသူများလည်း ရှိနေပြီး အချို့မှာ အခြေအနေ စိုးရိမ်ရသောကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်သည်ဟု ယာဉ်လမ်းကြောင်းဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူး ဂျိုဆေး အဘူယွဂ်က ပြောကြားခဲ့သည်။
ယာဉ်မောင်းသူမှာသေဆုံးခြင်း မရှိဘဲ တာဝန်ရှိသူများမှ စုံစမ်း စစ်ဆေးမှုများပြုလုပ်နေပြီး ထိုဘတ်စ်ကားအား ပိုင်ဆိုင်သည့် Don Mariano Transit ကုမ္ပဏီကိုလည်း ရက်သုံးဆယ် ပြေးဆွဲခွင့်ပိတ်ပင်ခဲ့သည်။
Ref:AFP/al
Photo- (AFP/Jay Directo)
Leave a Reply
You must be logged in to post a comment.