News @ M-Media

Author: Ko Lay

  • တောင်ကိုရီးယားသမ္မတ ပြုံးယမ်သို့လာရောက်ရန် ကင်ဂျုံအန် ဖိတ်ကြား

    တောင်ကိုရီးယားသမ္မတ ပြုံးယမ်သို့လာရောက်ရန် ကင်ဂျုံအန် ဖိတ်ကြား

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၈
    M-Media

    ကင်ဂျုံအန်၏ ညီမ(၀ဲ) နှင့် တောင်ကိုရီးယားသမ္မတ (ညာ)

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ တောင်ကိုရီးယားသမ္မတအား ပြုံးယမ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံအကြား ထူးခြားသည့် ဖိတ်ခေါ်မှုလည်းဖြစ်သည်။

    ကင်ဂျုံအန်၏ ညီမ ကင်ယိုဂျွန်ဦးဆာင်သည့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ ယမန်နေ့က ဆိုးလ်မြို့ရှိ သမ္မတနန်းတော်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နှင့် တွေ့ဆုံစဉ် ကင်ဂျုံအန်၏ ဖိတ်ခေါ်စာကို ပေးခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားသမ္မတ ပြောရေးဆိုခွင့်ရှိသူက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “သမ္မတ မွန်ဂျယ်အင်နဲ့ သိပ်မကြာခင်မှာ တွေ့ဆုံလိုတဲ့အကြောင်း၊ သင့်လျော်တဲ့အချိန်မှာ သမ္မတမွန်အနေနဲ့ မြောက်ကိုရီးယားကို လာရောက်လည်ပတ်မယ်လို့ မျှော်လင့်ကြာင်း ကင်ဂျုံအန်ရဲ့ အမှာကို သူမက ပါးခဲ့ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ ကင်အီကျွန်က ဆိုသည်။

    သမ္မတ မွန်ဂျယ်အင်က တွေ့ဆုံမှု အကောင်အထည်ပေါ်လာရန်အတွက် မှန်ကန်သော အနေအထားတစ်ခုကို နှစ်ဖက် ပူးပေါင်းတည်ဆောက်ရမည်ဟု ပြန်လည်ပြောကြားခဲ့သည်။

    မြောက်ကိုရီယား ကိုယ်စားလှယ်အဖွဲ့မှာ ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် သောကြာနေ့က တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကိုရီယားနှစ်နိုင်ငံမှ ကစားသမားများမှာ ညီညွတ်သော အလံတော်အောက်၌ စုပေါင်း ချီတက်ခဲ့ကြသည်။

    Ref: Aljazeera

  • အရှေ့အလယ်ပိုင်း၏ ပထမဆုံး တီထွင်ဖန်တီးမှုစင်တာ ဒူဘိုင်းတွင် ဖွင့်လှစ်

    အရှေ့အလယ်ပိုင်း၏ ပထမဆုံး တီထွင်ဖန်တီးမှုစင်တာ ဒူဘိုင်းတွင် ဖွင့်လှစ်

    ဖေဖော်ဝါရီ ၉၊ ၂၀၁၈
    M-Media

    – အရှေ့အလယ်ပိုင်းမှာ ပထမဆုံးဖြစ်တဲ့ လူငယ် သိပ္ပံနဲ့ နည်းပညာ တီထွင်ဖန်တီးမှုစင်တာတစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်ပါတယ်။

    Innovation Hub လို့ အမည်ပေးထားတဲ့ အဲဒီသင်တန်းကျောင်းမှာ အက်ပလီကေးရှင်းတွေ၊ ကွန်ပျူတာပရိုဂရမ်တွေ၊ ဟက်ကင်းနည်းစနစ်တွေ၊ ဉာဏ်ရည်တု နည်းပညာတွေ စသဖြင့် နောက်ဆုံးပေါ် သိပ္ပံနဲ့ နည်းပညာဆိုင်ရာ နည်းလမ်းအသစ်တွေကို လေ့လာတီထွင်နိုင်မှာ ဖြစ်ပါတယ်။

    အသက် ၈ နှစ်ကနေ ၂၄ နှစ်အထိ ကျောင်းသားပေါင်း ၁၂၀ လောက် တက်ရောက်နိုင်မှာဖြစ်ပြီး ဒေသတွင်း သိပ္ပံနဲ့ နည်းပညာပိုင်းမှာ ထိပ်တန်းအဆင့်ရောက်နိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။

    Al Bayt Mitwahid အသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ဆအစ်ဖ် အလီ အလ် ကူဘိုင်စီက Google က ပံ့ပိုးတဲ့ Innovation Hub ကို ဖွင့်လှစ်နိုင်တဲ့အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။

    “ဒီစင်တာရဲ့ နောက်ဆုံးပေါ် ပစ္စည်းတွေက ကျောင်းသားတွေကို တန်ဖိုးရှိတဲ့ နည်းပညာမြင့် သင်တန်းတွေကို သင်ပေးနိုင်မှာဖြစ်ပြီး ယူအေအီးက ပါရမီရှိလူငယ်မျိုးဆက်သစ်အတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်”

    ဒီစင်တာကို ယူအေအီးတက္ကသိုလ်၊ အဘူဒါဘီ ပညာရေးဌာနနဲ့ Google တို့က ပူးပေါင်းပြီး တည်ထောင်ထားတာဖြစ်ပါတယ်။

    Ref: Khaleejtimes

  • ဆီးရီးယားစစ်ပွဲတွင် အမေရိကန်ပါဝင်မှု တရားမ၀င်ဟု ရုရှားထပ်ပြော

    ဆီးရီးယားစစ်ပွဲတွင် အမေရိကန်ပါဝင်မှု တရားမ၀င်ဟု ရုရှားထပ်ပြော

    ဖေဖော်ဝါရီ ၉၊ ၂၀၁၈
    M-Media

    – ဆီးရီးယားစစ်ပွဲတွင် အမေရိကန်က ပါဝင်နေမှုမှာ တရားဝင်ခြင်းမရှိဟု ရုရှားက ထပ်မံပြောကြားလိုက်ပြီး သူပုန်များ၏ လက်ချက်ကြာင့် ဆီးရီးယားအစိုးရလိုလားသူ လက်နက်ကိုင်များ သေဆုံးပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အဆတ်အစိုးရနှင့် ရုရှားတို့မှာ သူပုန်များ ထိန်းချုပ်ထားရာ ဒေသသို့ ထိုးစစ်ဆင်မှုများ တိုးမြှင့်ပြုလုပ်ခဲ့ပြီး အရပ်သား ၂၀၀ ကျော်သေဆုံးခဲ့သည်။

    ထိုတိုက်ခိုက်မှုများအတွက် လက်စားချေသည့်အနေဖြင့် ဒီအက်ဇိုပြည်နယ်ရှိ အစိုးရတပ်ဖွဲ့များအား လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က ယမန်နေ့တွင် ကြေငြာခဲ့သည်။

    အမေရိကန်က ကျောထောက်နောက်ခံပြုထားသည့် သူပုန်များ၏ တိုက်ခိုက်မှုကြောင့် အာဆတ်အစိုးရကို လိုလားသည့် ပြည်သူ့စစ် ၁၀၀ ကျော် သေဆုံးခဲ့သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ကုလ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတွင် ကုလဆိုင်ရာ ရုရှားသံအမတ်က အမေရိကန်ကို ဆီးရီးယားစစ်ပွဲတွင် ပါဝင်ရန် မည်သူကမှ ဖိတ်ခေါ်ခဲ့ခြင်းမရှိဘဲ အခြေအနေတည်ငြိမ်ရေး ကြိုးပမ်းမှုကို အမေရိကန်က ဖျက်ဆီးနေသည်ဟု ပြောကြားခဲ့သည်။

    ရုရှားကာကွယ်ရေးဝန်ကြီးက အစိုးရလိုလားသော ပြည်သူ့စစ်များမှာ IS အဖွဲ့ကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး အမေရိကန်ကမူ ထိုလက်နက်ကိုင်များမှာ ၎င်းတို့ ထောက်ပံ့ထားသည့် သူပုန်အဖွဲ့ SDF ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ၂၀၁၁ ခုနှစ် အာဆတ်အစိုးရအား ဆန့်ကျင်ရေး လူထုအုံကြွမှုမှ စတင်လာခဲ့သည့် ဆိးရီးယားပြည်တွင်းစစ်မှာ ၇ နှစ်ရှိလာပြီဖြစ်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က အစိုးရဆန့်ကျင်ရေး သူပုန်အုပ်စုကို ပံ့ပိုးပေးကာ ရုရှားနှင့် အီရန်တို့က အာဆတ်အစိုးရဖက်မှ တိုက်ခိုက်ပေးနေသည်။

    Ref : RT

  • ကင်ဂျုံအန်၏ညီမ တောင်ကိုရီးယားသို့ သမိုင်းဝင် လာရောက်

    ကင်ဂျုံအန်၏ညီမ တောင်ကိုရီးယားသို့ သမိုင်းဝင် လာရောက်

    ဖေဖော်ဝါရီ ၉၊ ၂၀၁၈
    M-Media

    – ပြုံချန်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန်အတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ညီမမှာ တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ပြီး သမိုင်းဝင် လာရောက်မှုလည်း ဖြစ်သည်။

    ကင်ယိုဂျွန်မှာ ယနေ့မနက်ပိုင်းက ကင်ဂျုံအန်၏ ကိုယ်ပိုင်လေယာဉ်ဖြင့် အင်ချီယွန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၁၉၅၀ ပြည့်နှစ် ကိုရီးယားစစ်ပွဲနောက်ပိုင်း မြောက်ကိုရီးယား အုပ်စိုးသူမိသားစုဝင်တစ်ဦး ပထမဆုံး တောင်ကိုရီးယားသို့ လာရောက်ခြင်းလည်း ဖြစ်သည်။

    ကင်ယိုဂျန်နှင့် မြောက်ကိုရီးယားအစိုးရ၏ ရုပ်ပြအကြီးအကဲ အသက် ၉၀ အရွယ် ကင်ယုံနမ်တို့မှာ မနက်ဖြန်တွင် ဆိုလ်းမြို့ သမ္မတနန်းတော်၌ တောင်ကိုရီးယားသမ္မတနှင့် တွေ့ဆုံရန် ရှိနေသည်။

    မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တွင် အမျိုသား အားကစား လမ်းညွှန်မှုကော်မတီ ဥက္ကဌ ချိုဟွေနှင့် ကိုရီးယား ပေါင်းစည်းညီညွန်ရေးဆိုင်ရာ ဥက္ကဌ ရီဆွန်ဂွန်တို့ ပါဝင်သည်။

    ယနေ့ပြုလုပ်မည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကိုရီးယားနှစ်နိုင်ငံမှာ ‘ညီညွတ်သော အလံတော်’ အောက်၌ ပူးပေါင်း ချီတက်မည်ဖြစ်သည်။

    Ref: Aljazeera

  • အလ်နက္ကဘာ (သို့) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု – အပိုင်း (၂) (မြန်မာစာတမ်းထိုး)

    အလ်နက္ကဘာ (သို့) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု – အပိုင်း (၂) (မြန်မာစာတမ်းထိုး)

    ဖေဖော်ဝါရီ ၉၊ ၂၀၁၈
    M-Media
     

    ဒီ မှတ်တမ်းရုပ်ရှင် အပိုင်း ၂ မှာ ….
     
    – ပါလက်စတိုင်းတို့၏ ဗြိတိသျှတော်လှန်ရေး
    – တော်လှန်ရေးခါင်းဆောင် ခရစ်ယာန်ဘုန်းတော်ကြီး ဂရီဂိုရီဟဂျာ အကြောင်း
    – ပါလက်စတိုင်းခေါင်းဆောင်ပိုင်းကို နိုင်ငံခြားရောက်သွားအောင် ဗြိတိသျှရဲ့ စီမံမှု
    – တော်လှန်ရေးကို ဗြိတိသျှက ပြင်းပြင်းထန်ထန်ဖြိုခွဲမှု
    – ပါလက်စတိုင်း တော်လှန်ရေးမျိုးဆက်ကို ဗြိတိသျှက ဖြတ်ပစ်ခြင်း
    – အကြမ်းဖက်ဝါဒ၏ ခေါင်းကိုင်ဖခင် ဇိုင်ယွန်ဝါဒအကြောင်း
    – ဂျူးအကြမ်းဖက်များ၏ တိုက်ခိုက်မှုများ
    – ဂျူးများက အစ္စလာမ့်မစ်အဖွဲ့ ဖွဲ့ပေးကာ ပါလက်စတိုင်းအများအကြား သပ်လျှိုမှု
    – အာရပ်များ၏ ဖော်ရွေမှုကို ဂျူးများ အမြတ်ထုတ်ခြင်း
    – အမေရိကန်နဲ့ပေါင်းပြီး ဗြိတိသျှကို ဂျူးများ ကျေးစွပ်မှု
    – ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တဲ့ ဂျူးအကြမ်းဖက်ခေါင်းဆောင်
    – ဗြိတိသျှ၏ မျက်နှာလွှဲခဲပစ်လုပ်မှု
     
    … စတာတွေကို ရှုစားရမှာ ဖြစ်ပါတယ်။
     
    Source – Aljazeera