News @ M-Media

Author: Ko Lay

  • အစ္စရေးနှင့် အဆက်အသွယ်ဖြတ်ရေး ပါလက်စတိုင်းက စတင်ဆောင်ရွက်

    အစ္စရေးနှင့် အဆက်အသွယ်ဖြတ်ရေး ပါလက်စတိုင်းက စတင်ဆောင်ရွက်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၈
    M-Media

    – နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှာ တိုင်ကြားတာအပါအ၀င် အစ္စရးနဲ့ ဆက်ဆံရေးဖြတ်တောက်မယ့် ဆောင်ရွက်မှုတွေကို စတင်နေတယ်လို့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO က ပြောကြားလိုက်ပါတယ်။

    စနေနေ့မှာ ပြုလုပ်ခဲ့တဲ့ PLO အမှုဆောင်ကော်မတီအစည်းအဝေးမှာ ‘ကျူးကျော်သူ အစ္စရေးအာဏာပိုင်တွေနဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေအားလုံး ဖြတ်တောက်မယ့် အစီအစဉ်ကို စတင်ဖို့’ အစိုးရကို ပြောကြားခဲ့တာပါ။

    PLO က အစ္စရေးကို အသိအမှတ်ပြုထားတာကို ရပ်ဆိုင်းမယ့် ကိစ္စလို ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အဆင့်မြင့် ကော်မတီတစ်ခု ဖွဲ့စည်းရေးလည်း အမှုဆောင်ကော်မတီက ဆုံးဖြတ်ခဲ့ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူတစ်ဦးက Wafa သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်း နိုင်ငံရေးပါတီတွေထဲက တစ်ခုဖြစ်တဲ့ PLO အနေနဲ့ အစ္စရေးပတ်သက်တဲ့ ပေါ်လစီကို ပြောင်းဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ဖိအားတွေ ၀င်လာခဲ့ပါတယ်။

    ဒီဇင်ဘာ ၆ ရက်နေ့က အမေရိကန်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ခဲ့မှုဟာ အအနာက်ဖက်ကမ်း၊ ဂါဇာကမ်းမြှောင်နဲ့ အရှေ့ဂျေရုစလင်တို့ကိုပေါင်းပြီး ပါလက်စတိုင်းနိုင်ငံထူထောင်ဖို့ နှစ်ပေါင်း ၂၀ ကြာ ကြိုးပမ်းခဲ့တဲ့ ပါလက်စတိုင်းခေါင်းဆောင်ပိုင်းကို အထိနာစေခဲ့ပါတယ်။

    ပြီးခဲ့တဲ့လမှာ PLO က အစ္စရေးအပေါ် အသိအမှတ်ပြုတာကို ရုပ်သိမ်းခဲ့ပြီး ပါလက်စတိုင်းပိုင်နက်တွေကို အသိအမှတ်ပြုမှသာ အစ္စရေးကိုလည်း ပြနလည်အသိအမှတ်ပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကက်ရှ်မီးယားတွင် ပါကစ္စတန်နှင့် အိန္ဒိယတို့ တိုက်ပွဲဖြစ်

    ကက်ရှ်မီးယားတွင် ပါကစ္စတန်နှင့် အိန္ဒိယတို့ တိုက်ပွဲဖြစ်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၈
    M-Media

    – ပါကစ္စတန်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသတွင် နယ်စပ်ဖြတ်ကျော် တိုက်ပွဲကြောင့် အရာရှိတစ်ဦးအပါအ၀င် အိန္ဒိယစစ်သား ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ညနေပိုင်းတွင် ဂျာမူးဒေသရှိ အိန္ဒိယ စစ်စခန်းများကို ပါကစ္စတန်စစ်တပ်က တိုက်ခိုက်ခဲ့ပြီး အခြေအနေမှာ တင်းမာနေကြောင်း၊ ညဘက်ဖြစ်သောကြောင့် အရပ်သားများကို ကယ်ထုတ်ရန် ခက်ခဲကြောင်း၊ လက်ရှိတွင် အခြေအနေကို စောင့်ကြည့်နေကြောင်း အိန္ဒိစစ်တပ်မှ တာဝန်ရှိသူ ရှာဟစ် အစ်က်ဘားလ် ချောင်ဒရီက ပြောကြားခဲ့သည်။

    လက်ရှိတွင် နယ်စပ်ရှိ စာသင်ကျောင်းများကို နောက်ထပ် ၃ ရက်ကြာ အိန္ဒိယက ပိတ်ထားသည်။

    ယခုကိစ္စနှင့်ပတ်သက်၍ ပါကစ္စတန်ဖက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

    ကက်ရှ်မီးယားဒေသတွင် ပါကစ္စတန်နှင့် အိန္ဒိယတို့မှာ ပြီးခဲ့သည့်လကတည်းက တင်းမာမှု မြင့်တက်လာခြင်းဖြစ်ပြီး ၃ ရက်ဆက်တိုက် နှစ်ဖက်ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး အပါအ၀င် လူ တစ်ဒါဇင်ကျော် သေဆုံးခဲ့သည်။

    ၂၀၀၃ ခုနှစ်တွင် အပစ်ရပ်ရေး စာချုပ်ချုပ်ဆိုထားသော်လည်း အိန္ဒိယနှင့် ပါကစ္စတန်တို့မှာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့ကြသည်။

    Ref: Aljazeera

  • ဆော်ဒီ၏ ပထမဆုံး အမျိုးသမီးလက်ဝှေ့သမား နိုင်ငံတကာအဆင့်တွင် အောင်ပွဲရ

    ဆော်ဒီ၏ ပထမဆုံး အမျိုးသမီးလက်ဝှေ့သမား နိုင်ငံတကာအဆင့်တွင် အောင်ပွဲရ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၈
    M-Media

    – ဆော်ဒီအာရေဗျရဲ့ ပထမဆုံး အမျိုသမီး လက်ဝှေ့သမား ဒိုနာ မိုဟာမက် အလ်-ဂမ်ဒီဟာ နိုင်ငံတကာပြိုင်ပွဲတစ်ခုမှာ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

    ဂျော်ဒန်နိုင်ငံ ဘာလ်ကာပြည်နယ်မှာ မနေ့ကပြီးစီးခဲ့တဲ့ International Boxing Championship ပြိုင်ပွဲမှာ အနိုင်ရခဲ့တာဖြစ်ပြီး အာရပ်ကမ္ဘာနဲ့ နိုင်ငံတကာအဆင့်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ တစ်ဦးတည်းသော ဆော်ဒီ အမျိုးသမီးလည်း ဖြစ်ပါတယ်။

    အခုပြိုင်ပွဲမှာ နော်ဝေ၊ ဂျာမနီ၊ ပါလက်စတိုင်း၊ အီဂျစ်၊ အီရတ်၊ ယူအေအီး၊ ကူဝိတ်နဲ့ ဂျော်ဒန်တို့အပါအ၀င် ကမ္ဘတစ်ဝှမ်းက လက်ဝှေ့သမားတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

    အလ်-ဂမ်ဒီဟာ ပြီးခဲ့တဲ့နှစ် ဂျော်ဒန်မှာ ကျင်းပခဲ့တဲ့ အာရပ်လက်ဝှေ့ချန်ပီယံမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အလ်အာရေဗျနဲ့ အင်တာဗျူးမှာ သူက အထက်တန်းကျောင်း ပြီးကတည်းက လက်ဝှေ့လောကကို စတင်ဝင်ရောက်လာတာဖြစ်ပြီး ခါးပတ်အနက်နဲ့ ဆုတံဆိပ် ၄ ခု ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ဆီးရီးယားတွင် ကာ့ဒ်တပ်ဖွဲ့များ၏ တုန့်ပြန်မှုကြောင့် တစ်ရက်အတွင်း တူရကီစစ်သား ၈ ဦး သေဆုံး

    ဆီးရီးယားတွင် ကာ့ဒ်တပ်ဖွဲ့များ၏ တုန့်ပြန်မှုကြောင့် တစ်ရက်အတွင်း တူရကီစစ်သား ၈ ဦး သေဆုံး

    ဖေဖော်ဝါရီ ၄၊ ၂၀၁၈

    M-Media

    – ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ကာ့ဒ်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ယမန်နေ့တွင် အနည်းဆုံး တူရကီစစ်သား ၈ ဦး သေဆုံးခဲ့ပြီး တူကီတပ်ဖွဲ့အတွက် လတ်တလောတိုက်ပွဲများတွင် အထိနာဆုံး ဖြစ်ရပ်လည်းဖြစ်သည်။

    IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ခဲ့သည့် ကာ့ဒ်တပ်ဖွဲ့ကို အကြမ်းဖက်အဖြစ် သမုတ်ကာ ပြီးခဲ့သည့် နှစ်ပတ်မှစ၍ တူရကီမှာ ဆီးရီးယားရှိ အက်ဖရင်မြို့သို့ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်တစ်လျှောက် စစ်ကင်းမဲ့ဇုန်အဖြစ် ဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်သည်။

    ယမန်နေ့တွင် ရှိခ် ဟာရုဇ်ဒေသ၌ တူရကီတင့်ကားတစ်စင်းအား ကာ့ဒ်တပ်ဖွဲ့က တိုက်ခိုက်မှုအတွင်း တူရကီစစ်သား ၅ ဦး သေဆုံးခဲ့ပြီး၊ အက်ဖရင်မြို့ အခြားနေရာများတွင် တိုက်ခိုက်မှုများကြောင့် နောက်ထပ် ၃ ဦး သေဆုံးခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွက် လက်တုန့်ပြန်သွားမည်ဟု တူရကီ ၀န်ကြီးချုပ်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ရှိခ် ဟာရုဇ်တွင် တိုက်ခိုက်ခံရပြီးနောက်ပိုင်း မိမိတို့အနေဖြင့် ကာ့ဒ်တပ်ဖွဲ့ဝင်များ၏ နေရာများ၊ လက်နက်ဂိုထောင်များအား လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု တူရကီစစ်တပ်က ပြောကြားခဲ့သည်။ တူရကီက ဆီးရီးယားသို့ ၀င်ရောက်တိုက်ခိုက်မှုနောက်ပိုင်းတွင် ကာ့ဒ်တပ်ဖွဲ့က တူရကီနိုင်ငံတောင်ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    Ref : Aljazeera

  • မိဘများ၏ စိုးရိမ်မှုကြောင့် ဖိလစ်ပိုင်တွင် ကလေးများ ကာကွယ်ဆေးထိုးမှု သိသိသာသာ လျော့ကျ

    မိဘများ၏ စိုးရိမ်မှုကြောင့် ဖိလစ်ပိုင်တွင် ကလေးများ ကာကွယ်ဆေးထိုးမှု သိသိသာသာ လျော့ကျ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၈

    M-Media

    – ဖိလစ်ပိုင်နိုင်ငံမှာ မိဘတွေရဲ့ အစိုးရိမ်လွန်မှုကြောင့် ကလေးငယ်တွေ ကာကွယ်ဆေးထိုးနှံမှုဟာ သိသိသာသာလျော့ကျသွားတယ်လို့ ကျန်းမာရးအာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။

    ပြင်သစ် ဆေးကုမ္ပဏီ Sanofi က ထုတ်လုပ်တဲ့ ငှက်ဖျားကာကွယ်ဆေး Dengvaxia ကို ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ထိုးနှံခဲ့တဲ့ ကလေးငယ် ၈ သိန်းကျော်မှာ ၁၄ ဦး သေဆုံးခဲ့ပြီးတဲ့နောက် မိဘတွေဟာ ပိုလီယိုနဲ့ ကျောက်ရောဂါတွေလို ကာကွယ်ဆေးတွေကိုထိုးနှံဖို့ ငြင်းဆန်လာတာဖြစ်တယ်လို့ ဖိလစ်ပိုင် ကျန်းမာရေးဌာန တာဝန်ရှိသူ အန်းရစ် ဒိုမင်ဂိုက ပြောကြားခဲ့ပါတယ်။

    Sanofi နဲ့ ဒေသတွင်း တာဝန်ရှိသူတွေက အဲဒီ ကလေးငယ် ၁၄ ဦး သေဆုံးမှုဟာ ကာကွယ်ဆေးနဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောထားပါတယ်။

    ဒါပေမယ့် အရင်က ငှက်ဖျားရောဂါမရှိတဲ့သူတွေဟာ ဆေးထိုးအပြီးမှာ အခြေအနေ ပိုဆိုးသွားတယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကုမ္ပဏီက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်းမှာ လူ သန်း ၄၀၀ လောက်ဟာ နှစ်စဉ် ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားပြီး Dengvaxia က ကမ္ဘာ့ ပထမဆုံး ငှက်ဖျားကာကွယ်ဆေးဖြစ်ပါတယ်။ မစ္စတာဒိုမင်ဂိုက ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး ကာကွယ်ဆေးထိုးနှံမှုဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ၆၀ ရာခိုင်နှုန်းလောက်အထိ လျော့ကျခဲ့တယ်လို့ ဆိုပြီး နိုင်ငံတစ်ဝှမ်းပစ်မှတ် ၈၅ ရာခိုင်နှုန်းအောက် သိသိသာသာကျဆင်းသွားတာဖြစ်ပါတယ်။

    အခုလို မိဘတွေရဲ့ စိုးရိမ်မှုကြောင့် သန်း ၁၀၀ လောက်ရှိတဲ့ ဖိလစ်ပိုင်မှာ ငှက်ဖျားရောဂါကူးစက်မှု မြင့်တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : BBC