News @ M-Media

Author: Ko Lay

  • လုံခြုံရေးအကြောင်းပြချက်ဖြင့် ကလေးဝတ် စမတ်နာရီများကို ဂျာမနီပိတ်ပင်

    လုံခြုံရေးအကြောင်းပြချက်ဖြင့် ကလေးဝတ် စမတ်နာရီများကို ဂျာမနီပိတ်ပင်

    နိုဝင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    – ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ စမတ်နာရီတွေဟာ တစ်ကိုယ်ရေလုံခြုံရေးကို ထိခိုက်စေတယ်ဆိုပြီး ဂျာမနီဆက်သွယ်ရေးအာဏာပိုင်အဖွဲ့ Federal Network Agency က ပိတ်ပင်လိုက်ပါတယ်။

    ဆင်းမ်ကဒ်ထည့်လို့ရပြီး ဖုန်းခေါ်ဆိုမှု လုပ်ဆောင်ချက်တစ်ချို့ ပါဝင်တဲ့ အဲဒီစမတ်နာရီကို ကလေးငယ်တွေ ဘယ်ရောက်နေလဲဆိုတာ မိဘတွေ သိရှိနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်တာဖြစ်ပြီး GPS နည်းပညာနဲ့ ဖုန်းထဲက အက်ပလီကေးရှင်းကိုအသုံးပြုပြီး ကြည့်နိုင်မှာဖြစ်ပါတယ်။

    Federal Network Agency ဟာ အရင်ကလည်း အင်တာနက်ချိတ်ဆက်အသုံးပြုရတဲ့ အရုပ်မ My Friend Cayla ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ပင်ခဲ့ဖူးပါတယ်။

    ကျွမ်းကျင်သူတွေက လုံခြုံရေးဆိုင်ရာ တော်တော်လေးအားနည်းတဲ့ ဒီ စမတ်နာရီတွေဟာ တစ်ကိုယ်ရေ လုံခြုံရေးကို ကျိုးပေါက်စေနိုင်ပြီး အန္တရာယ်ရှိကြောင်း၊ Federal Network Agency ရဲ့ ဒီလိုပိတ်ပင်မှုဟာ ဒီနယ်ပယ်မှာ အပြောင်းလဲဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    အေဂျင်စီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလို စမတ်နာရီ ထုတ်လုပ်ဖြန့်ဖြူးတဲ့ ကုမ္ပဏီတော်တော်များများကို အရေးယူထားတယ်လို့ ဖော်ပြထားပါတယ်။

    “အက်ပလီကေးရှင်းကနေတစ်ဆင့် မိဘတွေဟာ ဒီလို ကလေးပတ်နာရီတွေကို အသုံးပြုပြီး ကလေးပတ်ဝန်းကျင်က လှုပ်ရှားမှုကို မသိမသာ နားထောင်တာမျိုး လုပ်လာနိုင်ကာ ဒါဟာ တရားမ၀င်တဲ့ ဆက်သွယ်မှုစနစ်တစ်ခုပါ။ သုတသနတွေအရ ဒီနာရီတွေကို ကျောင်းခန်းထဲမှာ ဆရာတွေရဲ့ စာသင်မှုကို နားထောင်ဖို့ အသုံး
    ပြုတယ်ဆိုပြီး တွေ့ခဲ့ရပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။

    ကျောင်းသားတွေမှာ ဒီလို စမတ်နာရီမျိုး ၀တ်ဆင်ထားလားဆိုတာကို ဂရုစိုက်ဖို့လည်း အေဂျင်စီက စာသင်ကျောင်းတွေကို တိုက်တွန်းထားပါတယ်။

    Ref: BBC

  • ဆော်ဒီ စွန့်ဦးအမျိုးသမီးလုပ်ငန်းရှင်တစ်ဦး နိုင်ငံတကာ တီထွင်ဖန်တီးမှုဆု ရရှိ

    ဆော်ဒီ စွန့်ဦးအမျိုးသမီးလုပ်ငန်းရှင်တစ်ဦး နိုင်ငံတကာ တီထွင်ဖန်တီးမှုဆု ရရှိ

    နိုဝင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    – ဆော်ဒီက စွန့်ဦးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဟာ နိုင်ငံတကာ ထိပ်တန်း တီထွင်ဖန်တီးမှုဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

    ဂါဇဲလ် အလ်ဒိုဆာရီဖြစ်ပြီး စက်ရုံတွေကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုနိုင်အောင် သန့်စင်ပေးနိုင်မှုအတွက် ဗြိတိန်က လူငယ် စွန့်ဦးတီထွင်သူများအဖွဲ့ Shell LiveWIRE က ပြုလုပ်တဲ့ ‘ကမ္ဘာ့ထိပ်တန်း တီထွင်ဖန်တီးသူ ၁၀’ ဦး ရွေးချယ်ပွဲမှာ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

    သူမဟာ Oriental Promises Trading ကုမ္ပဏီကို တည်ထောင်ထားပြီး အဓိကအားဖြင့် ပိုလီကာဘွန်နိတ် စွန့်ပစ်ပစ္စည်းတွေကို ကုန်ကြမ်းပြန်ရအောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။

    အလ်ဒိုဆာရီဟာ စက်ရုံစွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုနိုင်ရေးကဏ္ဍမှာ ဆော်ဒီရဲ့ ပထမဆုံး အမျိုးသမီး စွန့်ဦးလုပ်ငန်းရှင်ဖြစ်ပြီး Shell LiveWIRE ရဲ့ ပြိုင်ပွဲမှာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိဒေသအတွက် တစ်ဦးတည်းသော ဆုရရှိသူ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ရိုဟင်ဂျာကိစ္စဆွေးနွေးမှု အားတက်စရာကောင်းသည်ဟု ဥရောပအကြီးအကဲပြော

    ရိုဟင်ဂျာကိစ္စဆွေးနွေးမှု အားတက်စရာကောင်းသည်ဟု ဥရောပအကြီးအကဲပြော

    နိုဝင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အီးယူ နိုင်ငံခြားရေးဝန်ကြီး

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုဟာ ‘အင်မတန် အားတက်ဖွယ်ကောင်းတယ်’ လို့ ဥရောသမဂ္ဂရဲ့ နိုင်ငံခြားရေးဝန်ကြီး ဖက်ဒရီကာ မိုဂ်ဟီရီနီက ပြောကြားလိုက်ပါတယ်။

    တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်ဖက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီကနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

    “ဆွေးနွေးမှုဟာ တော်တော်လေး အားတက်စရာကောင်းပါတယ်။ အမှန်တကယ် ထိထိရောက်ရောက် ဖြစ်လာမယ်လို့ ကျွန်မယုံကြည်တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဖြစ်နိုင်ချေတွေအတွက် ကျွန်မ အလွန်ကို အားတက်မိပါတယ်” လို့ မိုဂ်ဟီရီနီက နေပြည်တော်က တွေ့ဆုံမှုအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး ဆောင်ရွက်မှုတွေကိုလည်း ကြိုဆိုတယ်လို့ သူမက ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို ပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့အကြား ခိုင်မာတဲ့ သဘောတူညီချက်မျိုး မရသေးဘဲ၊ လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာတွေဟာ အကြမ်းဖက်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ ငတ်မွတ်ခါင်းပါးမှုတွေကြောင့် ဆက်လက်ထွက်ပြေးနေရတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ပြန်လာရေးဟာ မြန်မြန်ဆန်ဆန် ဖြစ်လာမှာမဟုတ်သေးဘူးလို့ ထောက်ပြကြပါတယ်။

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်မှာပြုလုပ်မယ့် အာရှနှင့် ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

    Ref: AFP

  • ဇင်ဘာဘွေပြည်သူများက ဆန့်ကျင်နေသော်လည်း အာဏာရှင်မူဂါဘီ သမ္မတအဖြစ် ဆက်ရှိမည်

    ဇင်ဘာဘွေပြည်သူများက ဆန့်ကျင်နေသော်လည်း အာဏာရှင်မူဂါဘီ သမ္မတအဖြစ် ဆက်ရှိမည်

    နိုဝင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    ရုပ်သံမှ မိန့်ခွန်းပြောကြားနေသည့် မူဂါဘီ

    – သမ္မတရာထူးမှ နှုတ်ထွက်ပေးရန် အာဏာရပါတီက အချိန်သတ်မှတ်ထားမှုအား ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီက လစ်လျူရှုလိုက်ပြီး နိုင်ငံမတည်မငြိမ်ဖြစ်မည့် အလားအလာများ မြင့်မားလာသည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ်တွင် ပြည်သူများက အကြီးအကျယ် ဆန္ဒပြခဲ့ပြီးနောက် ၎င်း၏ ZANU-PF ပါတီက ယနေ့နေ့လည် နောက်ဆုံးထား၍ ရာထူးမှနှုတ်ထွက်ရန် တောင်းဆိုခဲ့သည်။

    ယမန်နေ့ညနေက ရုပ်သံမှတစ်ဆင့် တိုင်းပြည်သို့ပြောကြားသော မိန့်ခွန်းတွင် မူဂါဘီမှာ နှုတ်ထွက်ကြောင်း ကြေငြာလိမ့်မည်ဟု အများက မျှော်လင့်ထားသော်လည်း ရာထူးမှဆင်းပေးရေးကိစ္စကို တစ်လုံးတစ်ပါဒမှ ထည့်မပြောခဲ့ပေ။

    ပါတီ၏ ဗဟိုကော်မတီက ယမန်နေ့တွင် မူဂါဘီအား ပါတီခေါင်းဆောင်အဖြစ်မှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပြီး သမ္မတအဖြစ်မှ ကိုယ်တိုင်ကိုယ်ကျ နှုတ်ထွက်ရန် သို့မဟုတ်ပါက အယုံအကြည်မရှိအဆို တင်သွင်းကာ ဖြုတ်ချမည်ဟု ရာဇသံပေးခဲ့သည်။

    မိန့်ခွန်းတွင် မူဂါဘီက ပြီးခဲ့သည့်တစ်ပတ် စစ်တပ်၏ အာဏာသိမ်းမှုကို ထည့်သွင်းပြောကြားခဲ့သော်လည်း မိမိ၏အုပ်စိုးမှုကို စိန်ခေါ်နိုင်ခြင်းမရှိဟု ဆိုသည်။ ပါတီတွင်း ပြဿနာများ ရှိနေသည်ဟုလည်း ၀န်ခံသွားခဲ့သည်။

    ဇင်ဘာဘွေပြည်သူများမှာ မူဂါဘီနှုတ်ထွက်မည်ဟု မျှော်လင့်ကာ မိန့်ခွန်းအား စောင့်ကြည့်ခဲ့ကြသော်လည်း မိန့်ခွန်းပြီးဆုံးချိန်တွင် အားလုံးတိတ်ဆိတ်သွားခဲ့သည်။

    ထို့ပြင် လာမည့်လတွင် ပြုလုပ်မည့် အာဏာရပါတီ ZANU-PF ၏ ညီလာခံကိုလည်း ဦးဆောင်သွားမည်ဟု မူဂါဘီက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Aljzeera

  • ဓာတ်ပုံများကပြောသည့် တောင်ကိုရီးယားမှ အစ္စလာမ်သာသနာ

    ဓာတ်ပုံများကပြောသည့် တောင်ကိုရီးယားမှ အစ္စလာမ်သာသနာ

    နိုဝင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    ၁။ ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ် အေ ရဟ်မန် လီဂျူဟွာဟာ ၁၉၈၄ ခုနှစ်မှာ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ခဲ့တာပါ။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါ သူ့အနေနဲ့ ၀က်သားစားလို့မရဘူး၊ အရက်သောက်လို့မရဘူးလို့ ပြောတဲ့အခါ သူငယ်ချင်းတွေက တစ်အံ့တသြဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ “အဲဒီအချိန်တုန်းက ကျွန်တော့်သူငယ်ချင်းတွေဟာ ကျွန်တော့်သာသနာအကြောင်း နားမလည်တာကြောင့် အတင်း စားခိုင်းသောက်ခိုင်းပါတယ်။ အချိန်တစ်ခုယူခဲ့ရပြီး အခုတော့ သူတို့ နားလည်နေပါပြီ” လို့ အီမာမ် လီဂျူဟွာက ပြန်ပြောင်းပြောပါတယ်။ ၂၀၀၇ ခုနှစ် အာဖဂန်မှာ ကိုရီးယားတွေ ပြန်ပေးဆွဲခံရတဲ့အခါ ကိုရီးယားရဲတွေက ဗလီရှေ့မှာ လာရောက်စောင့်ကြပ်ပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ “ကိုရီးယားဓားစားခံပြဿနာဟာ တောင်ကိုရီးယားနိုင်ငံက အစ္စလာမ်ာသာသနာသမိုင်းမှာ အရေးပါတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်”

    – အခုနှစ်ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ တောင်ရီးယားနိုင်ငံသားတွေ ဓားစားခံအဖြစ် ဖမ်းဆီးခံရတဲ့ ၁၀ နှစ်မြောက်ပါ။ ဒီအဖြစ်အပျက်ဟာ တောင်ကိုရီးယားနိုင်ငံက အစ္စလာမ်သာသနာသမိုင်းကို အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ ခရစ်ယာန်နဲ့ ကွန်ဖြူရှပ်သာသနာ အများစုရှိတဲ့ တောင်ကိုရီးယားနိုင်ငံမှာ အစ္စလာမ်ဘာသာကို
    သက်ဝင်ယုံကြည်သူဦးရေးဟာ ၀.၂ ရာခိုင်နှုန်းသာ ရှိပါတယ်။

    အမေရိကန်ရဲ့ THHAD ဒုံးခွင်းစနစ် ချထားမှုကို ဆန့်ကျင်တဲ့အနေနဲ့ တရုတ်နိုင်ငံရဲ့ သပိတ်မှောက်မှုအတွင်း တရုတ်ခရီးသွားတွေ လျော့ကျသွားခဲ့ပြီးတဲ့နောက် တောင်ကိုရီးယားဟာ မွတ်စလင်ခရီးသွားတွေကို စွဲဆောင်နိုင်ဖို့ ကြိုးပမ်းလာပါတယ်။

    ကိုရီးယားကျွန်းဆွယ်နဲ့ အစ္စလာမ်သာသနာ ဆက်စက်မှုဟာ ၉ ရာစု ပိုးလမ်းမကြီး ခေတ်ကောင်းချိန်ကတည်းက ရှိခဲ့တာပါ။ ဆက်သွယ်ရေးတွေ ပိုမိုကောင်းမွန်လာတဲ့ အခုခေတ်သစ်မှာတော့ ဌာနေ ကိုရီးယားမွတ်စလင်လူငယ်တွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ အစ္စလာမ်သာသနာအကြား ဟန်ချက်ညီအောင် ကြိုးစားလာကြ
    ပါတယ်။

    အောက်ပါ ဓာတ်ပုံတွေဟာ ကိုရီးယားနိုင်ငံ အစ္စလာမ်သာသနာအကြောင်းကို တစ်စိတ်တစ်ပိုင်း ပြောပြနေပါတယ်။

    ၂။ မြို့တော်ဆိုးလ်ရဲ့ အီတေ၀ွန်ရပ်ကွက်မှာရှိတဲ့ ‘ဆိုးလ်ဂျာမေဗလီကြီး’ (Seoul Central Masjid) ကို ၁၉၇၆ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး မလေးရှားနဲ့ ကိုရီးယားအစိုးရတို့ ပူေးပါင်းကာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

     

    ၃။ ကိုရီးယားမွတ်စလင်တစ်ဦး ၀တ်ပြုဖို့အတွက် ဆိုးလ်ဂျာမေဗလီကြီးကို လမ်းလျှောက်သွားနေတာပါ။ ၁၉၉၁ခုနှစ်မှာ ဒီဗလီကို ၃ ထပ်အဆောက်အဦးအဖြစ် တိုးချဲ့ခဲ့ပြီး ဂျစ်ဒါအခြေစိုက် အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ်က ဘဏ္ဍာရေးအထောက်အပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

    ၄။ ဗလီရဲ့ အဓိက၀တ်ပြုဆောင်ကို ၀င်တဲ့ လှေကားပါ။ အပတ်စဉ် သောကြာနေ့တိုင်း ဒီဗလီကြီးမှာ လူပေါင်း ၈၀၀ လောက် စုပေါင်းဝတ်ပြုလေ့ရှိပါတယ်။

    ၅။ ဟာရွန် ကာရာ (၀ဲ) ဟာ Mr Kebab ဆိုင်မှာ အလုပ်လုပ်နေတဲ့ တူရကီနိုင်ငံသားပါ။ အဲဒီ ကဘတ်ဆိုင်ဟာ ‘မွတ်စလင်လမ်း’ လို့ ဒေသခံတွေကခေါ်ပြီး ဆိုးလ်ဂျာမေဗလီကြီးဆီကို ဦးတည်တဲ့ လမ်းပေါ်မှာ အခြားသော အရှေ့အလယ်ပိုင်း စားသောက်ဆိုင်တွေနဲ့အတူ တည်ရှိပါတယ်။ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲမှာ တူရကီက စစ်သား ၁၅၀၀ လောက်ဟာ တောင်ကိုရီးယားတပ်တွေနဲ့အတူ စေတနာ့ဝန်းထမ်း တိုက်ခိုက်ပေးခဲ့ပြီး စစ်ပွဲပြီးဆုံးချိန်မှာတော့ တစ်ချို့ဟာ တောင်ကိုရီးယားမှာပဲ အခြေချခဲ့ပါတယ်။ ကာရာဟာ အဲဒီ တူရကီလူ့အဖွဲ့စည်းက ဖြစ်ပါတယ်။ တူရကီစစ်သားတွေဆီက သင်ယူလေ့လာပြီး အစ္စလာမ်ဘာသာဝင်ဖြစ်ခဲ့တဲ့ ဌာနေ တောင်ကိုရီးယားသားတွေဟာ ၂၀ရာစု တောင်ကိုရီးယားမှာ အစ္စလာမ်သာသနာပြန့်ပွားဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်ခဲ့ပါတယ်။ စစ်ပွဲအပြီး တောင်ကိုရီးယား ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာလည်း တူရကီတွေ ပါဝင်ခဲ့ကြပြီး တောင်ကိုရီးယားပြည်သူတွေက ‘သွေးချင်းညီအစ်ကိုတွေ’ လို့ ဂုဏ်ပြုရည်ညွှန်းခဲ့ကြပါတယ်။

    ဆိုးလ်ဂျာမေဗလီကြီးမှာ စာရင်းစစ်နဲ့ စီမံခန့်ခွဲရေးမန်နေဂျာအဖြစ် ၁၀ စုနှစ်တစ်ခုကြာ ဆောင်ရွက်ခဲ့ပြီးတဲ့နောက် ဆာဖီယာ ကန်(ယာ) ဟာ ၂၀၁၅ ခုနှစ်မှာ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ခဲ့ပါတယ်။ “ပထမတော့ တစ်ခြားလူတွေလိုပဲ ကျွန်မဟာ အစ္စလာမ့်အကြောင်းဘာမှမသိပါဘူး။ ၉/၁၁ တိုက်ခိုက်မှု၊ အကြမ်းဖက်ဝါဒတွေနဲ့ ဆက်စပ်သိရှိတာပါ။ ဒါပေမယ့် ကျွန်မဟာ တမန်တော်မိုဟာမက်သခင်အကြောင်း၊ အလ္လာဟ်အရှင်မြတ်နဲ့ အစ္စလာမ်ဆိုတာ ဘာလဲ ဆိုတာတွေကို သိချင်ခဲ့ပါတယ်။ အစ္စလာမ်သာသနာဟာ မှ န်ကန်တယ်လို့ ကျွန်မယုံကြည်တယ်။ ဒါ့ကြောင့်ပဲ ပြောင်းလဲသက်ဝင်ခဲ့တာပါ” လို့ သူမက ဆိုပါတယ်။ သူမရဲ့ ဒီအပြောင်းအလဲကို မိသားစုက နားလည်ပေးခဲ့ပြီး ခရစ်ယာန်ဘာသာဝင် ခင်ပွန်းက သူမချက်တဲ့ ဟာလာလ် ဟင်းလျာတွေရဲ့ အမာခံပရိတ်သတ်ပါ။

     

    ၆။ အသက် ၄၈ နှစ်အရွယ်ရှိတဲ့ အဟ်မဒ်ချို (၀ဲ) ဟာ မလေးရှားဟာ ဟာလာလ်အသိအမှတ်ပြုလက်မှတ်ရ Talent Cosmetic လုပ်ငန်းမှာ အရောင်းမြှင့်တင်ရေးဝန်ထမ်း ဖြစ်ပါတယ်။ သူဟာ ၁၉၉၀ ပြည့်နှစ်မှာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့ပြီး ဟဂ်ျခရီးစဉ်အတွက် ဖိတ်ကြားခံရတဲ့ ကိုရီးယားမွတ်စလင် ၂၀၀၀ မှာ ပါဝ
    င်သူတစ်ဦးပါ။

    “မက္ကာက ကအ်ဘာကျောင်းတော်ကိုလည်းရောက်ရော ပီတိမျက်ရည်တွေဟာ ထိန်းလို့မရတော့ပါဘူး”

    အီမီရ် ကင် (ယာ) ကတော့ အသက် ၂၈ နှစ်အရွယ်ရှိပြီး အင်ချီယွန်ကပါ။ သူဟာ ဆိုးလ်ဂျာမေဗလီရဲ့ အစ္စလာမ့်စင်တာမှာ အကြံပေးတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ တူရကီသူငယ်ချင်းက ၂၀၁၀ ခုနှစ် တရုတ်နိုင်ငံကို အလည်သွားတဲ့အချိန်မှာ အစ္စလာမ်သာသနာအကြောင်း စတင်မိတ်ဆက်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ကင်ဟာ သာသနာကို စိတ်ဝင်တစား လေ့လာဖြစ်ခဲ့ပါတယ်။

    “အစ္စလာမ်ဟာ ဘ၀တည်ဆောက်မှုလမ်းစဉ်ဖြစ်တယ်ဆိုတဲ့အချက်က ကျွန်တော့်ကို ပထမဆုံး စိတ်ဝင်စားစေခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ တန်းတူညီမျှမှုနဲ့ ညီရင်းအစ်ကို မောင်ရင်းနှမ သဘောတရားပါ”

    ၇။ အီတေ၀ွန်ရပ်ကွက်ဟာ ဆိုးလ်မြို့ရဲ့ မွတ်စလင်ရပ်ကွက်ဖြစ်ပါတယ်။ အဲဒီနေရာဟာ ကိုရီးယားနဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေရှိရာ နေရာ ဖြစ်ပါတယ်။ လူမျိုးစုံ၊ ဘာသာစုံရှိတဲ့ ဒီနေရာမှာ အမေရိကန်စစ်သားတွေလည်း အခြေစိုက်နေထိုင်ပါတယ်။ ဒီလို ကြွဝယ်တဲ့ယဉ်ကျေးမှု၊ မတူကွဲပြားမှုတွေကြောင့် ဒီနေရာကို
    ကမ္ဘာလှည့်ခရီးသွားတွေကလည်း စိတ်ဝင်စားပါတယ်။ အီတေ၀ွန်ဟာ ကိုရီးယားတွေ အစ္စလာမ်သာသနာနဲ့ ထိတွေ့ရာနေရာလည်း ဖြစ်ပါတယ်။

    ၈။ လူငယ်လေးတစ်ယောက်ဟာ အီတေ၀ွန်က လမ်းပေါ်မှာ ကစားနေတာပါ။ တောင်ကိုရီးယားမှာ အစ္စလာမ်ဘာသာဝင်ဦးရေဟာ ၁ သိန်းဝန်းကျင်လောက်ရှိပြီး ပါကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ဆီနီဂေါ၊ တူရကီနဲ့ အခြားနိုင်ငံတွေကလို နိုင်ငံရပ်ခြားက မွတ်စလင်တွေဟာ ဒီ အီတေ၀ွန်ဒေသမှာ အခြေစိုက် နေထိုင်ကြပါတယ်။

    ၉။ ဆိုးလ်ဂျာမေဗလီဝတ်ကျောင်းတော်ကို ဦးတည်နေတဲ့ လမ်းမှာ အမျိုးသားတစ်ယောက် ရပ်နေတာဖြစ်ပါတယ်။

    ၁၀။ ကိုရီးယားစစ်ပွဲအမှတ်တရကျောက်တိုင်ကို ၁၉၉၄ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ တည်ဆာက်ခဲ့ပြီး စစ်ပွဲအတွင်း တိုင်းပြည်အတွက် သက်ပေးလှူသွားကြသူတွေကို ဂုဏ်ပြုဖို့နဲ့ ကိုရီးယားစစ်တပ်အကြောင်း ပြည်သူတွေကို အသိပညာပေးဖို့ ဖြစ်ပါတယ်။ တူရကီဟာ တောင်ကိုရီးယားဖက်က စေတနာ့ဝန်ထမ်း ပါဝင်တိုက်ခိုက်
    ပေးခဲ့ပြီး အမေရိကန်ပြီးရင် စစ်သားအများဆုံး စေလွှတ်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

၁၁။ ၁၉၇၀ ပြည့်နှစ်တွေမှာ ဆော်ဒီဘုရင့်နိုင်ငံရဲ့ ဆောက်လုပ်ရေး စီမံကိန်းတွေအတွင်း အလုပ်သွားလုပ်ရတဲ့ တောင်ရီးယားနိုင်ငံသားတွေထဲမှာ မူစတာဖာ လီဒွန်ချိုလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် မေလမှာ ဆော်ဒီသွားရောက်ခဲ့တဲ့ သူဟာ အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ တောင်ကိုရီးယားကိုြ
ပန်လည်ရောက်ရှိလာခဲ့ပါတယ်။

၁၂။ ဆိုးလ်ဂျာမေဗလီကြီးမှာ ၀တ်ပြုနေကြသူတွေပါ။ အဲဒီဗလီကြီးမှာ သောကြာတစ်ပတ်ကို လူ ၈၀၀ လောက် လာရောက်ဝတ်ပြုကြပါတယ်။

၁၃။ အူမာရ် ချို (၀ဲ) ဟာ တောင်ကိုရီးယားမှာ အစ္စလာမ့်သတင်းစကား ဖြန့်ချီပေးနေတဲ့ လူငယ် ကိုရီးယားမွတ်စလင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ဆိုးလ် ခရီးသွားလာရေးအဖွဲ့နဲ့ ပူးပေါင်းကာ သူဟာ ဆိုးလ်မြို့အတွင်းမှာ ဟလာလ်စားသောက်ဆိုင်တွေ ဖြစ်လာရေး ဆောင်ရွက်နေသူပါ။ ချိုဟာ ဆော်ဒီမှာ အာရဘီနဲ့ အစ္စလာမ့်
ရေးရာတွေကို လေ့လာခဲ့ပါတယ်။

အိုလာ ဘိုရာ ဆွန် (ယာ) ကတော့ ၂၀၀၇ ခုနှစ်မှာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တဲ့ ကိုရီးယားမွတ်စလင်အမျိုးသမီး ဖြစ်ပါတယ်။ အဲဒီကာလဟာ အာဖဂန်မှာ တောင်ကိုရီးယားနိုင်ငံသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ပြဿနာပေါ်နေတဲ့ကာလပါ။

“တစ်ချို့တွေက ကျွန်မကို အော်ဟစ်ဝေဖန်ပြီး နင့်နိုင်ငံနင်ပြန်လို့ ပြောကြတာတွေရှိပါတယ်။ တစ်ချို့ကျတာ့ ကျွန်မအင်္ကျီထဲမှာ ဗုံးပါတယ်လို့လည်း ပြောကြပြန်တယ်။ သူတို့တွေဟာ နိုင်ငံခြားသားတစ်ယောက် အစ္စလာမ်ဘာသာဝင်ဖြစ်ရင် လက်ခံနိုင်ပေမယ့် ကိုရီးယားတစ်ယောက်ဆိုရင်တော့ လက်မခံနိုင်ကြပါဘူး။ မီဒီယာ
တွေမှာ တစ်ဖက်ဆွဲဖော်ပြတဲ့ အစ္စလာမ်အကြောင်းပဲ ကိုရီးယားအများစုက သိကြတယ်” လို့ ဆွန်က ပြောပါတယ်။

သူမဟာ အစ္စလာမ်ကို သက်ဝင်ပြီး အစောပိုင်းကာလတွေမှာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်ချက်တွေကို အွန်လိုင်းမှာ တော်တော်လေး ခက်ခက်ခဲခဲ ရှာဖွေဖတ်ရှုခဲ့ရသူပါ။ လက်ရှိ ဆိုးလ်ဂျာမေဗလီကြီးမှာ အစ္စလာမ့်သတင်းစကားဖြန့်ချီသူအဖြစ် ဆောင်ရွက်နေပြီး ခရစ်ယာန်တွေ၊ ဒါမှမဟုတ် အခြားဘာသာဝင်တွေထဲက အစ
္စလာမ်သာသနာကို စိတ်ဝင်စားသူတွေကို နေ့စဉ်နဲ့အမျှ အစ္စလာမ်အကြောင်း ပြန်လည်ရှင်းပြပေးနေပါတယ်။

သူမရဲ့အတန်းကို တက်ရောက်သူဟာ ၁၀၀၀ နဲ့ ၂၀၀၀ ကြားမှာ ရှိနေပြီး အဲဒီအထဲက ၁၀ ရာခိုင်နှုန်းလောက်ဟာ အစ္စလာမ်အကြောင်း ပိုမိုနက်နက်နဲနဲသိချင်ကာ အစ္စလာမ် ပြောင်းလဲသက်ဝင်မှုတွေလည်း ရှိနေတယ်လို့ သူမက ဆိုပါတယ်။

Instagram မှာ Follower ၁၄၀၀၀၀ ကျော်လောက်ရှိတဲ့သူမဟာ အာရှက မွတ်စလင်တွေအကြားမှာ လူသိများသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Ref: Aljazeera