News @ M-Media

Author: Ko Lay

  • လူမည်များကို စော်ကားသည့် ရဲအရာအရှိတစ်ဦးကို အမေရိကန် ထုတ်ပယ်မည်

    လူမည်များကို စော်ကားသည့် ရဲအရာအရှိတစ်ဦးကို အမေရိကန် ထုတ်ပယ်မည်

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    – မိမိတို့မှာ လူမည်းသီးသန့်သာ သတ်ဖြတ်သည်ဟု ပြောကြားခဲ့သည့် ဂျော်ဂျီယာပြည်နယ်မှ ရဲအရာရှိတစ်ဦးအား ထုတ်ပယ်ပစ်မည်ဟု ဒေသတွင်းရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ဂရဂ်ျ အက်ဘော့ဆိုသည့် ဗိုလ်ကြီးမှာ ၂၀၁၆ ခုနှစ် ဇူလိုင်လက လမ်းဘေးတွင် ကားတစ်စီးအား စစ်ဆေးစဉ် ကားပိုင်ရှင် လူဖြူအမျိုးသမီးက ထိန့်လန့်ကာ ဖုန်းယူမည့်အချိန် အက်ဘော့က “ခင်ဗျားက လူမည်းမဟုတ်ဘူးလေ။ မှတ်ထား ကျွန်တော်တို့က လူမည်းသီးသန့်သတ်တာ၊ ဟုတ်တယ်နော်၊ ကျွန်တော်တို့က လူမည်းတွေကိုပဲ သတ်တာဗျ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထိုစစ်ဆေးမှုကို ရဲကား၏ ဒက်ရှ်ဘုတ်ကင်မရာမှတ်တမ်းတွင် တွေ့ခဲ့ရသည်။

    အက်ဘော့မှာ လွန်ခဲ့သည့် နှစ် ၂၀ ကတည်းက ကော့ဘ်ခရိုင်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုလုပ်ရပ်အတွက် ပြီးခဲ့သည့်တစ်ပတ်က စုံစမ်းဆေးမှု စတင်ပြုလုပ်ကာ ၎င်းအား အနားပေးထားသည်။

    ၎င်း၏ရှေ့နေက စစ်ဆေးမှုအတွင်း ခရီးသွားများ ပူးပေါင်းဆောင်ရွက်မှု မရှိသည့်အခြေအနေမျိုးတွင် စိတ်ပြေလျော့စေရန် အက်ဘော့က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့တွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    ကော့ဘ်ကောင်တီမှ ရဲတပ်ဖွဲ့အကြီးအကဲ မိုက် ရက်ဂျစ်စတာက ထိုကဲ့သို့ ပြောကြားမှုမှာ လက်မခံနိုင်စရာဖြစ်ပြီး အက်ဘော့အား ရဲတပ်ဖွဲ့မှ ထုတ်ပယ်သွားမည်ဟု ပြောကြားခဲ့သည်။

    “ဘာပဲဖြစ်ဖြစ် ဒီလိုပြောကြားမှုမျိုးဟာ လက်မခံနိုင်စရာဖြစ်ပြီး၊ ရဲတပ်ဖွဲ့နဲ့ ကောင်တီအတွင်းမှာ ကျွန်တော်တို့ တည်ဆောက်နေတဲ့ ဓလေ့ကို ကောင်းကျိုးမဖြစ်စေပါဘူး”

    အမေရိကန်ရဲဌာနမှာ လူမည်းများကို ပစ်ခတ်သတ်ဖြတ်မှုအတွက် ပြီးခဲ့သည့်နှစ်များအတွင်း ဝေဖန်မှုများ ခံလာခဲ့ရသည်။ ပြီးခဲ့သည့်နှစ်တွင် ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့သူ ၁၀၉၃ ဦးရှိပြီး ထိုအထဲမှ ၄ ပုံ ၁ ပုံမှာ အာဖရိကန်-အမေရိကန်များဖြစ်သည်။

    အမေရိကန်တွင် လူမည်းဦးရေမှာ ၁၂ ရာခိုင်နှုန်းသာ ရှိသည်။

    Ref : Aljazeera

  • သမ္မတဖြစ်လျှင် လစာအားလုံးကို လှူဒါန်းမည်ဟု စင်ကာပူစီးပွားရေးလုပ်ငန်းရှင် ဆာလေဟ် ပြော

    သမ္မတဖြစ်လျှင် လစာအားလုံးကို လှူဒါန်းမည်ဟု စင်ကာပူစီးပွားရေးလုပ်ငန်းရှင် ဆာလေဟ် ပြော

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    စင်ကာပူသမ္မတအဖြစ် ၀င်ရောက်အရွေးခံရန် အမည်စာရင်း တင်သွင်းထားသည့် ဆာလေဟ် မာရီကန်

    – မိမိအနေဖြင့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါက ရရှိမည့် လစာအားလုံးကို ပရဟိတလုပ်ငန်းအတွက် လှူဒါန်းသွားမည်ဟု စင်ကာပူသမ္မတအဖြစ် ၀င်ရောက်အရွေးခံမည့် စီးပွားရေးလုပ်ငန်းရှင် ဆာလေဟ် မာရီကန်က ပြောကြားလိုက်သည်။

    စင်ကာပူသမ္မတရာထူးအတွက် လက်ရှိတွင် မလေးလူ့အဖွဲ့အစည်းက အလှည့်ကျပြီး ဆာလေဟ်မာရီကန်၊ လွှတ်တော်ဥက္ကဌဟောင်း ဟာလီမာ ယာကွဘ်နှင့် Bourbon Offshore Asia မှ ဥက္ကဌ ဖာရစ်ခန်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    ရွေးကောက်ပွဲကို စက်တင်ဘာလနှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။

    မာရီကန်ကမူ ၎င်းအနေဖြင့် သမ္မတဖြစ်ခဲ့ပါက ရရှိမည့်လစာအားလုံးကို ပရဟိတအတွက် လှူဒါန်းသွားမည်ဟု ဆိုသည်။ ၎င်း၏အဖွဲ့မှာ Mind The Gap ဟုခေါ်သည့် လူမှုလှုပ်ရှားမှုတစ်ခုတွင်လည်း ပါဝင်ဆောင်ရွက်နေသည်။

    အဆိုပါ လှုပ်ရှားမှုမှာ စင်ကာပူနိုင်ငံအတွင်းရှိ ပရဟတိအဖွဲ့ငယ်များအတွက် ရန်ပုံငွေရရှိရေး၊ အသိပညာပေးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

    “ခင်ဗျား သမ္မတမဖြစ်လည်း ဒီလို ပရဟိတအလုပ်မျိုး လုပ်နိုင်တာပဲလို့ လူတော်တော်များများက ပြောကြတယ်ဗျ။ ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် ခြားနားချက်တော့ ရှိတယ်။ သမ္မတဆိုတဲ့ အရှိန်အ၀ါက သူမြှင့်တင်ဖို့ ရွေးချယ်လိုက်တဲ့ နယ်ပယ်မှာ ပိုပြီးတော့ ထိရောက်မှု ရှိလာနိုင်ပါတယ်။ ဥပမာအားဖြင့် ဒီလို ပရဟိတလုပ်ငန်းမှာ လှူဒါန်းဖို့အတွက် ကုမ္ပဏီကြီးတွေက စီအီးအိုတွေဆီကို သမ္မတက စာရေး တိုက်တွန်းရင် သူတို့တော်တော်များများက လှူကြမှာပါ။ သာမန်နိုင်ငံသားတစ်ယောက်အနေနဲ့ ဒါမျိုးလုပ်ရင် သူ့စာကို ဖတ်ပါ့မလားတောင်မသိဘူး” ဟု မာရီကန်က ပြောကြားခဲ့သည်။

    မာရီကန်မှာ ၀င်ရောက်ယှဉ်ပြိုင်မည့်သူ ၃ ဦးတွင် ရွေးကောက်ပွဲဌာနသို့ ပထမဆုံး အမည်စာရင်းတင်သွင်းခဲ့သူလည်းဖြစ်သည်။

    ၎င်းကမူ ထိုကဲ့သို့ လျှောက်ထားရန်အတွက် နာရီ ၁၀၀ ကျော် စဉ်းစားတွေးတောခဲ့ရသည်ဟု ဆိုသည်။

    “အခုဆိုရင်တော့ သူတို့အပေါ်မှာ မူတည်နေပါပြီ။ ကျွန်တော့်ကို သမ္မတလောင်း အရည်အချင်းနဲ့ ပြည့်မီသူအဖြစ် ဆုံးဖြတ်ချက်ထွယ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

    မာရီကန်မှာ သာမန် လက်လုပ်လက်စားမိသားစုမှ မွေးဖွားလာသူဖြစ်ပြီး ငယ်စဉ်က ငွေရေးကြေးရေး အခက်အခဲများကို ရင်ဆိုင်ခဲ့ရသည်။ ထို့နောက် ကိုယ့်ဒူးကိုယ်ချွန်ကာ စီးပွားရေးလောကထဲ ၀င်ရောက်လာခဲ့ပြီး အထည်လုပ်ငန်းဖြင့် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာခဲ့သည်။

    Ref : CNA

  • တက္ကဆက်မှ မုန်တိုင်းသင့်ပြည်သူများကို ဒေသတွင်းဗလီများက ကူညီကယ်ဆယ်ထား

    တက္ကဆက်မှ မုန်တိုင်းသင့်ပြည်သူများကို ဒေသတွင်းဗလီများက ကူညီကယ်ဆယ်ထား

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ဟာဗီးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ဒေသတွင်း ဗလီဝတ်ကျောင်းတော်တွေက နေရာထိုင်ခင်းပေးကာ ကြည့်ရှုစောင့်ရှောက်နေတယ်လို့ သိရပါတယ်။

    ဟူစတန်မြို့ ဂရိတ်တား ဟူစတန်ရပ်ကွက်က အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ လက်ရှိမှာ ဗလီဝတ်ကျောင်းတော်တွေအတွင်း ခိုလှုံနေရပါတယ်။

    “သူတို့ဟာ မွတ်စလင်လူ့အဖွဲ့အစည်းက မဟုတ်ကြပါဘူး။ ကျွန်တော်တို့ဟာ လူတိုင်းကို ကြိုဆိုနေပါတယ်” လို့ ဂရိတ်တားဟူစတန် အစ္စလာမ့်လူ့အဖွဲ့အစည်း (ISGH) ဥက္ကဌ အမ် ဂျေ ခန်းက ပြောကြားခဲ့ပါတယ်။

    ဂရိတ်တားဟူစတိန်ဒေသက ဗလီဝတ်ကျောင်းတော်ပေါင်း တစ်ဒါဇင်လောက်ဟာ မုန်တိုင်းသင့်ပြည်သူတွေကို ကယ်ဆယ်ပေးထားပြီး အစားအသောက်တွေနဲ့ အခြားသော ထောက်ပံ့ကူညီမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

    ISGH အဖွဲ့ဟာ မုန်တိုင်းမတိုက်ခင်ကတည်းက ဒေသတစ်ဝိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ဆိုရှယ်မီဒီယာတွေကို အသုံးပြုပြီး လိုအပ်နေတဲ့ အလှူငွေတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေကို စုဆောင်းခဲ့ပါတယ်။

    မွတ်စလင်လူ့အဖွဲ့အစည်းက စေတနာ့ဝန်ထမ်းတွေကလည်း ဗလီဝတ်ကျောင်းတော်မှာ လာရောက်ခိုလှုံသူတွေ အဆင်ပြေစေဖို့ နေ့မအား၊ ညမနား ကူညီဖေးမမှုတွေ ပြုလုပ်နေတယ်လို့ ခန်းက ပြောပါတယ်။

    တမ်ပါမြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးကလည်း အကူအညီပေးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာမုန်တိုင်းသင့်ပြည်သူတွေကို ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

    Ref: Pri.org, wmnf.org

     

  • ပြည်နယ်တစ်ခု IS လက်မှ လုံးဝလွတ်မြောက်ပြီဟု အီရတ် ကြေငြာ

    ပြည်နယ်တစ်ခု IS လက်မှ လုံးဝလွတ်မြောက်ပြီဟု အီရတ် ကြေငြာ

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – တာလ် အက်ဖာရ်ခရိုင်ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက် နိုင်နီဗာဟ်ပြည်နယ်မှာ IS အကြမ်းဖက်အဖွဲ့လက်မှ လုံးဝ လွတ်မြောက်သွားပြီဟု အီရန်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက ပြောကြားလိုက်သည်။

    IS အဖွဲ့ဝင်များမှာ တာလ် အက်ဖာရ်မြို့မှ ထွက်ပြေးကာ အာယာဒီယာမြို့တွင် ခိုလှုံနေပြီး အီရတ်စစ်တပ်က ထိုမြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ လက်ရှိတွင် IS မှာ မြို့၏ ဒေသအချို့နှင့် ကန္တာရ ဒေသအချို့ကို ထိန်းချုပ်ထားသည်။

    “ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုက ပြီးပြည့်စုံသွားပါပြီ။ နိုင်နီဗာဟ်ပြည်နယ်ဟာ အခုအချိန်မှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ လက်တွင်းကို လုံးဝ ရောက်ရှိသွားပါပြီ” ဟု ၀န်ကြီးချုပ်က ယနေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    IS အကြမ်းဖက်အဖွဲ့မှာ ၂၀၁၄ ခုနှစ် ပြည်နယ်မြို့တော် မူဆိုးလ်အပါအ၀င် နီုင်နီဗာဟ်ပြည်နယ် တစ်ချို့တစ်ဝက်ကို သိမ်းယူနိုင်ခဲ့သည်။

    သို့သော်လည်း အီရတ်စစ်တပ်၏ ထိုးစစ်ကြောင့် ပြီးခဲ့သည့်လများအတွင်း ၎င်းတို့ သိမ်းပိုက်ထားသော ဒေအများအပြားကို ပြန်လည်စွန့်လွှတ်ခဲ့ရသည်။

    Ref: BBC

  • ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ရိုဟင်ဂျာများ ရေနစ်သေဆုံးမှု ရှိနေ

    ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ရိုဟင်ဂျာများ ရေနစ်သေဆုံးမှု ရှိနေ

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာရင်း ရေနစ်သေဆုံးခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ အလောင်းတွေကို ဆယ်ယူရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA ဟာ ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ပြီးခဲ့တဲ့တစ်ပတ်က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြင့်တက်လာတဲ့ မတည်ငြိမ်မှုတွေကနေလွတ်အောင် အမျိုးသမီးနဲ့ ကလေးတွေ အများစုပါဝင်တဲ့ ရိုဟင်ဂျာအုပ်စုတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးနေရပါတယ်။

    ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေဟာ တော်တော်ဆိုးဝါးနေပြီး လှေနဲ့ ထွက်ပြေးဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

    ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရိုဟင်ဂျာတွေဟာ ပင်လယ်ပြင်ကို ဖြတ်သန်းဖို့အတွက် မသင့်လျော်တဲ့ လှေငယ်လေးတွေနဲ့ ထွက်ပြေးနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ရိုဟင်ဂျာ သိန်းချီလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အခုတစ်ခေါက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို လက်မခံဘဲ ပြန်လည် နှင်ထုတ်နေပြီး ရိုဟင်ဂျာတွေဟာ နှစ်နိုင်ငံနယ်ခြားက နေရာလွတ်တွေမှာ ပိတ်မိနေပုံရပါတယ်။

    ဒေသ မတည်ငြိမ်တာကြောင့် အရေအတွက်အတိအကျကို သတင်းသမားတွေ သွားရောက်သတင်းယူခွင့် မရပါဘူး။

    ဘင်္ဂလားဒေ့ရှ်မှာ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ လုပ်သားတွေကတော့ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်နေပြီး နောက်ထပ်ရောက်လာတဲ့ သူတွေမှာ သေနတ်ဒဏ်ရာတွေပါ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC