News @ M-Media

Author: Ko Lay

  • တရုတ်နိုင်ငံ ဟွေမွတ်စလင်တွေ ရမ်ဇာန်ဥပုသ်လကို ဘယ်လို ကုန်ဆုံးကြသလဲ

    မေ ၃၀၊ ၂၀၁၇

    M-Media

    – တရုတ်နိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်တဲ့ ဟွေလူမျိုး အစ္စလာမ်ဘာသာဝင်တွေဟာ ရမ်ဇာန်ဥပုသ်လကို ဘယ်လိုပုံစံနဲ့ ဖြန်သန်းကြလဲ၊ သူတို့ရဲ့ ဗလီဝတ်ကျောင်းတော်တွေက ဘယ်လိုပုံစံလဲ၊ သူတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို ဘယ်လိုတန်ဖိုးထားကြလဲ စတာတွေကို ဒီဗီဒီယိုအတိုလေးမှာ ရှုစားနိုင်မှာဖြစ်ပါတယ်။

  • မွတ်စလင်တွေရဲ့ ရမ်ဇာန်ဥပုသ်လအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ဘယ်လို ဆုမွန်ကောင်းတောင်းကြသလဲ

    မွတ်စလင်တွေရဲ့ ရမ်ဇာန်ဥပုသ်လအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ဘယ်လို ဆုမွန်ကောင်းတောင်းကြသလဲ

    မေ ၂၉၊ ၂၀၁၇
    M-Media

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရမ်ဇာန်ဥပုသ်လအထိမ်းအမှတ် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ‘မွတ်စလင်တွေအားလုံး ပျော်ရွှင်စရာကောင်းတဲ့ ရမ်ဇာန်ဥပုသ်လ ဖြစ်ပါစေကြောင်း၊ အမေရိကန်ပြည်သူတွေကိုယ်စား ဆုမွန်ကောင်းတောင်းပါတယ်’ လို့ အစပြုထားပြီး ရမ်ဇာန်ဥပုသ်လမှာ မွတ်စလင်တွေဟာ ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊ တရားထိုင်ခြင်းတို့ကို ပြုလုပ်ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

    “ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေအနေနဲ့ ရမ်ဇာန်ရဲ့ ဓလေ့ထုံးတမ်းတွေဖြစ်တဲ့ အလှူဒါနပြုခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတွေကို ပြုလုပ်ကာ ကောင်းချီးမင်္ဂလာပြည့်စုံတဲ့ လမြတ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”

    ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူ

    “အတ်စလားမု အလိုက်ကွမ်း (ငြိမ်းချမ်းသာယာမှုအပေါင်း ကျရောက်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်) ဒီ တစ်ပတ်ကစလို့ ကနေဒါနဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေဟာ ရမ်ဇာန်ဥပုသ်လကို စတင်တော့မှာ ဖြစ်ပါတယ်။ လူတွေဟာ ဗလီဝတ်ကျောင်းတော်တွေမှာ၊ အိမ်တွေမှာ မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ စုစုစည်းစည်းနဲ့ ဒီလမြတ်ကို ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ရမ်ဇာန်လမြတ်ဟာ ကျွန်တော်တို့ ရရှိနေတဲ့ ကောင်းချီးမင်္ဂလာတွေအတွက် ကျေးဇူးတင်ဖို့၊ လူ့အဖွဲ့အစည်းကို ပြန်လည်ပေးဆပ်ဖို့၊ မိမိတို့လိုအပ်ချက်ထက် တစ်ပါးသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ကို သတိပေးနေပါတယ်။ ကနေဒါနိုင်ငံတည်ထောင်မှု နှစ်ပေါင်း ၁၅၀ ပြည့်တဲ့ ဒီနှစ်မှာ ကျွန်တော်တို့တိုင်းပြည်ကို နေထိုင်ဖို့ကောင်းမွန်တဲ့နေရာ ဖြစ်စေတဲ့ ဓလေ့ထုံးတမ်းတွေ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ အယူဝါဒတွေအားလုံးကို တန်ဖိုးထားကြပါစို့” လို့ ပြောကြားထားတဲ့ ရမ်ဇာန်နှုတ်ခွန်းဆက်ဗီဒီယိုကို ကနေဒါဝန်ကြီးချုပ် ထရူဒူက သူ့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    နောက်ပြီး ကနေဒါမွတ်စလင်တွေဟာ တိုင်းပြည်တာဝန်ကို ကျေပွန်ကြသူတွေဖြစ်ကြောင်း မွတ်စလင်တွေအားလုံးအတွက် ပျော်ရွှင်စရာ ရမ်ဇာန်ဥပုသ်လ ဖြစ်ပါစေကြောင်း ၀န်ကြီးချုပ်က ဆုမွန်ကောင်းတောင်း ပေးခဲ့ပါတယ်။

    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ

    မွတ်စလင်တွေရဲ့ ရမ်ဇာန်ဥပုသ်လအတွက် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ထုတ်ပြန်တဲ့ သ၀ဏ်လွှာမှာ ရမ်ဇာန်လမြတ်ဟာ ဗြိတိန်နဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေအတွက် ထူးခြားတဲ့ အချိန်ကာလဖြစ်ကြောင်း၊ ဒီကာလမှာ ဘုရားသခင်အပေါ် မိမိတို့ရဲ့ ယုံကြည်မှုကို ပြန်လည်ဆန်းသစ်ပြီး၊ နာမ်ပိုင်းဆိုင်ရာ အရည်အချ
    င်းကိုလည်း တိုးမြှင့်ကြကြောင်း၊ နေ့တာရှည်တဲ့ နွေဦးကာလဖြစ်ပေမယ့် ဗြိတိန်မွတ်စလင်တွေ အနေနဲ့ အစ္စလာမ့်ရဲ့ မဏ္ဍိုင်ကြီး ၅ ခုထဲက တစ်ခုကို နှစ်နှစ်ကာကာနဲ့ ဆောက်တည်ဖြည့်ဆည်းဖို့ အင်အားတွေ ရရှိမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    “ငြိမ်းချမ်းခြင်း၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းနဲ့ ဘာသာရေးကိုင်းရှိုင်းခြင်းဆိုတဲ့ ဒီပွဲတော်ကာလရဲ့ လူတွေကို ပိုမိုနီးကပ်စေတဲ့ နည်းလမ်းကို ကျွန်မတို့ ဒီရမ်ဇာန်မှာ ရယူခံစားကြပါစို့။ ဗြိတိန်နဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေအတွက် ရမ်ဇာန်ကရင်မ်လို့ နှုတ်ခွန်းဆက်ပါရစေ” လို ထရီဇာမေက ဆုမွန်ကောင်းတောင်း ပေးခဲ့ပါတယ်။

    ကင်ညာသမ္မတ အူရူ ကန်ယက်တာ

    “ဖြောင့်မတ်မှန်ကန်မှုကို ရရှိဖို့အလိုငှာ ဥပုသ်သီလဆောက်တည်ရမယ်လို့ ကုရ်အာန်ကျမ်းတော်မြတ်က ကျွန်တော်တို့ရဲ့ မွတ်စလင် ညီအစ်ကို၊ မောင်နှမတွေကို ညွှန်ကြားထားပါတယ်။ ခင်ဗျားတို့ရဲ့ စွန့်လွှတ်မှု၊ ပေးဆပ်မှုတွေကို ဘုရားသခင်က လက်ခံတော်မူပါစေ။ ရမ်ဇာန် ကရင်မ်ပါ”

    မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်

    “အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်ကြောင့် မျှော်လင့် စောင့်စားရဆုံး လမြတ်ဟာ နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပါပြီ။ ရမ်ဇာန်လမြန် ရောက်ရှိလာခြင်းဟာ မလေးရှားနဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေအားလုံးအတွက် နာမ်ပိုင်းဆိုင်ရာအရ တကယ့်ကို အနှစ်သာရ ပြည့်ဝပါတယ်။ ဒီလမှာ နေ့စဉ် စည်းလုံးညီညွတ်ေ
    ရးဆိုတဲ့ စိတ်ဓာတ်ကို စိတ်နှလုံးသားထဲ စွဲထင်စေတဲ့ လှုပ်ရှားမှုတွေနဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆက်ဆံရေးဟာ ခိုင်မာလာစေပါတယ်။ မတူညီတဲ့ ဘာသာတရားတွေ၊ ယဉ်ကျေးမှုတွေ ရှိကြတဲ့ ပြည်သူတွေကြားထဲ အပြန်အလှန် နားလည်ပေးမှုဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ကျော်ကြားတဲ့ အရာတစ်ခုပါပဲ”

  •  ဥပုသ်ကာလမှာ ၀တ်ပြုဆုတောင်းရာနေရာ ရှားပါးလာတဲ့ မြန်မာမွတ်စလင်များ

     ဥပုသ်ကာလမှာ ၀တ်ပြုဆုတောင်းရာနေရာ ရှားပါးလာတဲ့ မြန်မာမွတ်စလင်များ

     

    မေ ၂၉၊ ၂၀၁၇
    M-Media

    သာကေတတွင် ချိတ်ပိတ်ခံလိုက်ရသည့် အစ္စလာမ့်ဘာသာရေး စာသင်ကျောင်း

    – မွတ်စလင်တို့ အထွတ်မြတ်ထားတဲ့ ရမ်ဇာန်ဥပုသ်လ အကြို ရန်ကုန်မြို့ သာကေတမြို့နယ် က မွတ်စလင်တွေမှာ ဘာသာရေးဆိုင်ရာ ၀တ်ပြုဆုတောင်းဖို့၊ သူတို့ရဲ့ ဘာသာတရားကို လေ့လာဆည်းပူးဖို့ နေရာအနည်းငယ်လောက် ပဲ ရှိပါတယ်။ အရင်လကပဲ၊ အဲဒီမြို့နယ်ရဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း နှစ်ခုကို ပိတ်ပေးဖို့ ဗုဒ္ဓဘာသာအမျိုးသားရေး အစွန်းရောက်လူအုပ်ကြီးက အစိုးရအာဏာပိုင်တွေကို ဖိအားပေးပြီးတဲ့နောက်မှာ သံကြိုးနဲ့ သော့ခတ်ချိတ်ပိတ်ခံလိုက်ရပါတယ်။ ဘာသာရေး စာသင်ကျောင်းတွေကို ပြန်ဖွင့် ခွင့်လည်း မပေးခဲ့သလို၊ တစ်ချို့ကလည်း အရင်က အာဏာပိုင်တွေ ပိတ်ပစ်ခဲ့တဲ့ မဒ်ရာဆာတွေ ပြန်ဖွင့်ခွင့် မရတော့တဲ့ ကံကြမ္မာမျိုး ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    ဒါဟာ မြန်မာပြည်မှာ မွတ်စလင်တွေ ရင်ဆိုင်နေရတဲ့ ဖိအားတွေနဲ့ ပတ်သတ်ပြီး အသေးအမွှားပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီရဲ့ သက်ရောက်မှု့ကတော့ တော်တော်လေးကို ကြီးပါတယ်။ မွတ်စလင်တွေ တိုးပွားလာတာနဲ့ အမျှ၊ သူတို့တွေ ၀တ်ပြု ဆုတောင်းရာနေရာလည်း အတော်လေးကို ရှားပါးလာပါတယ်။ ဗုဒ္ဓဘာသာ လူဦးရေဟာ ကိုးဆယ်ရာခိုင်နှုန်း လောက်ရှိပြီး၊ သူတို့တွေနဲ့ နှိုင်းစာရင် မွတ်စလင် လူဦးရေဟာ ဂဏန်းတစ်လုံးစာတောင် မပြည့်တပြည့်ပဲ ရှိပါတယ်။

    ဟိုး အရင်တုန်းက ဗုဒ္ဓဘာသာ အစွန်းရောက်တွေက မဒရဆာတွေမှာ မွတ်စလင်တွေကို ၀တ်ပြုဆုတောင်းခွင့် မပြုဖို့ ဖိအား မှန်သမျှ ပေးခဲ့ပေမဲ့လည်း၊ သာကေတက မွတ်စလင်တွေ ပြောတာကတော့ ရာမ်ဇာန် ဥပုသ်ကာလ ရောက်ရင် အစိုးရက သူတို့ကို ပြန်လည်ပြီး ၀တ်ပြုဆုတောင်းခွင့်ပေးခဲ့တာ နှစ်နဲ့ချီနေပြီလို့ ဆိုပါတယ်။ အခုတော့ သူတို့မှာ ရွေး ချယ်စရာမရှိတော့ပါဘူး၊ သူတို့ နေရာကနေ မိနစ်သုံးဆယ်လောက် လျှောက်မှ ရောက်တဲ့ လူပြည့်သိပ်နေတဲ့ ဗလီထဲမှာ ဒယိမ်းဒယိုင်နဲ့ မိုးထဲရေထဲမှာ (ဗလီအပြင်ဘက်မှာ) ၀တ်ပြုဆုတောင်းကြရပါတော့မယ်။

    “ကျနော်တို့ တိုင်းပြည်မှာ ဗလီအသစ်တစ်လုံး ဆောက်ခွင့်မရတာ နှစ်နဲ့ချီကြာနေပါပီ” လို့ မွတ်စလင် အဖွဲ့ ခေါင်းဆောင် ကိုကျော်ခင်က ပြောပြပါတယ်။ “တခြားဗလီတွေ တော်တော်များများလည်း အကြမ်းဖက်ခံရလို့ ပျက်စီးသွားခဲ့ပါပြီ။ တစ်ချို့ ဗလီတွေကိုလည်း အစိုးရက ပိတ်ထားကြတယ်။”

    မြန်မာအစိုးရတွေက သက်ဆိုင်ရာ ဘာသာရေးအဆောက်အအုံတွေကို အသစ်ပြန်လည် မွမ်းမံပြုပြင်ဖို့၊ တည်ဆောက်ဖို့ ခွင့်ပြုမိန့် ရဖို့ ခက်ခက်ခဲခဲ ကန့်သတ်တားမြစ်ထားတာတွေနဲ့ ဘယ်လိုမှ နည်းလမ်းရှာလို့မရအောင် ခွင့်မပြုထားတာတွေ ပိတ်ပင်တားဆီးတာတွေ လုပ်ဆောင်ထားပါတယ်။ ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေ၊ ၀တ်ပြု ဆု တောင်းပွဲတွေမှာလည်း ကန့်သတ်ချက်တွေ ရှိနေပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူမျိုးစုတွေ အပါအ၀င်၊ မြန်မာ ပြည်က မွတ်စလင်တွေဟာ စနစ်တကျ ခွဲခြားဆက်ဆံခြင်း ခံနေရတာတွေကိုလည်း မြန်မာပြည်မှာ ကျနော်တို့ အထောက် ထားတွေ ရရှိထားခဲ့တာ ဆယ်စုနှစ်နဲ့ချီ ရှိပါပြီ။

    သက်ဆိုင်ရာ အန်အလ်ဒီ အစိုးရက မြန်မာပြည်က လူတွေအားလုံးကို လွတ်လွတ်လပ်လပ် ၀တ်ပြုဆုတောင်းခွင့် ပေးဖို့ လိုအပ်ပါတယ်။ ပိတ်ထားခဲ့တဲ့ ဘာသာရေး အဆောက်အအုံတွေကိုလည်း ပြန်ဖွင့်ပေးရမယ်။ ဘုန်းတော်ကြီးတွေရဲ့ရန်ကနေ လူနည်းစုဝင်တွေကို အကာကွယ် ပေးရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ပျက်နေစဉ်မှာပဲ သာကေတမှာ ရှိတဲ့ မွတ်စလင်တွေ ကတော့ နေ့စဉ် ငါးကြိမ်ဝတ်ပြုဆုတောင်းဖို့ မဖြစ်မနေ နာရီနဲ့ချီတဲ့ ခရီးရှည်ကြီးကို နေစဉ်နဲ့အမျှ လျှောက်နေကြ ရမှာပဲ ဖြစ်ပါတယ်။

    (HRW တွင် ဖော်ပြထားသည့် Burma’s Muslims Face Long Walks to Pray during Ramadan သတင်းဆောင်းပါးကို ရဲဗလမင်းထင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

     

  • လူဖြူအစွန်းရောက်၏ သတ်ဖြတ်ခြင်း ခံရသူများအတွက် အမေရိကန်မွတ်စလင်များ ထောက်ပံ့ကူညီမည်

    လူဖြူအစွန်းရောက်၏ သတ်ဖြတ်ခြင်း ခံရသူများအတွက် အမေရိကန်မွတ်စလင်များ ထောက်ပံ့ကူညီမည်

    မေ ၂၉၊ ၂၀၁၇
    M-Media

    – မွတ်စလင်အမျိုးသမီးအပါအ၀င် အမျိုးသမီးနှစ်ဦးကို လူဖြူအစွန်းရောက်လက်မှ ကာကွယ်ရင်း သတ်ဖြတ်ခံလိုက်ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ထောက်ပံ့ဖို့အတွက် အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းက မွတ်စလင်လူ့အဖွဲ့အစည်းဟာ ရန်ပုံငွေ ကောက်ခံနေကြပြီး ကန်ဒေါ်လာ ၁ သန်း
    လောက် ရရှိနေပြီ ဖြစ်ပါတယ်။

    သောကြာနေ့က ဂျယ်ရီမီ ဂျိုးဆက်ပ် ခရစ်ရှန်ဆိုတဲ့ အသက် ၃၅ နှစ်အရွယ် လူဖြူအစွန်းရောက်တစ်ဦးဟာ ရထားပေါ်မှာ မိန်းကလေးငယ်နှစ်ဦးကို လူမျိုးရေးခွဲခြားစော်ကားတဲ့ စကားတွေနဲ့ နှောက်ယှက်နေတဲ့အချိန် အဲဒီလုပ်ရပ်ကို တားဆီးဖို့ ကြိုးစားသူတွေကို ဓားနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၃ နှစ်အရွယ် ရစ်ကီ ဂျွန် ဘတ်စ်နဲ့ ၂၃ နှစ်အရွယ် တာလီဆင် မာရ်ဒင်း နမ်ကိုင်းတို့ သေဆုံးခဲ့ကြပါတယ်။

    အဲဒီအမျိုးသမီးနှစ်ဦးထဲက တစ်ဦးက ဟီဂျဘ် ခေါင်းဆောင်းပုဝါကို ၀င်ဆင်ထားတာပါ။

    နောက်တစ်ယောက်ဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် မီကာ ဒေးဗစ် ကိုလီ ဖလက်ချာကလည်း ဓားနဲ့အထိုးခံခဲ့ရပြီး ဆေးရုံမှာ စိုးရိမ်ရတဲ့အခြေအနေ ရှိပေမယ့် အသက်ရှင်မယ်လို့ မျှော်လင့်ရပါတယ်။ ဖလက်ချာဟာ ၂၀၁၃ ခုနှစ်က အစ္စလာမ်ကြောက်ရောဂါကို ဆန့်ကျင်တဲ့ ကဗျာတစ်ပုဒ်ကို ရေးသားဖူးပါတယ်။

    “တစ်စိတ်တစ်ဝမ်းတည်းအဖြစ် အတူတကွ ရပ်တည်ခဲ့ကြတဲ့အတွက် မွတ်စလင်တစ်ယောက်အနေနဲ့ရော ပေါ့တ်လန်သားတစ်ယောက်အနေပါ ကျွန်တော် ကျေးဇူး အထူးတင်ပါတယ်” လို့ ပေါ့တ်လန်း ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင် အီမာမ်တစ်ဦးဖြစ်သူ မိုဟာမက် နဂ်ျဂျစ်ဘ်က ပြောကြားခဲ့ပါတယ်။

    နှောက်ယှက်ခံရတဲ့ မိန်းကလေးငယ်နှစ်ဦးက တိုက်ခိုက်ခံရသူတွေ ဖြစ်သွားနိုင်ပေမယ့် သူရဲကောင်း ၃ ယောက်ဝင်လာပြီး သူတို့ကို ကာကွယ်ပေးခဲ့ကြတယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ခရစ်ရှန် နှောက်ယှက်ခဲ့တဲ့ အမျိုးသမီးငယ်နှစ်ဦးထဲက ဒက်စ်တီနီ မန်ဂမ်ဆိုသူက သူ့အတွက် အသက်စွန့်ခဲ့တဲ့သူတွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မအတွက် အသက်စွန့်သွားတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သူတို့ဟာ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းအတွက်၊ အသက်တွေ စွန့်သွားကြတာပါ။ သူတို့ကို ကျွန်မ လေးစားတယ်။ သူတို့သာမရှိရင် အခုအချိန်မှာ ကျွန်မတို့ အသက်ရှိတော့မှာ မဟုတ်ပါဘူး” လို့ Fox 12 Oregon KPTV ကို ၀မ်းနည်းကြေ
    ကွဲစွာနဲ့ ပြောကြားခဲ့ပါတယ်။

    ကျန်ရစ်သူမိသားစုတွေကို ထောက်ပံ့ကူညီဖို့အတွက် ပေါ့တ်လန်း ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင်အီမာမ် မိုဟာမက် နဂ်ျဂျစ်ဘ်ဦးဆောင်ပြီး ရန်ပုံငွေကောက်ခံမှုဟာ နာရီအနည်းငယ်အတွင်းမှာပဲ ကန်ဒေါ်လာ ၅ သိန်းလောက် ရရှိခဲ့ပါတယ်။

    နောက်ပြီး Muslims Unite for Portland Heroes၊ Tri Met Hero Recovery၊ Girls who survived Portland’s MAX attack နဲ့ Tri Met Heroes စတဲ့ ပေ့ခ်ျတွေကနေလည်း အလှူငွေတွေ ကောက်ခံနေပြီး လက်ရှိအချိန်အထိ စုစုပေါင်း ကန်ဒေါ်လာ ၁ သန်းနီးပါးလလောက် ရရှိနေပြီ ဖြစ်ပါတယ်။

    တိုက်ခိုက်ခဲ့သူ ခရစ်ရှန်ဟာ နာဇီဝါဒနဲ့ အကြမ်းဖက်နိုင်ငံရေးဝါတွေကို ထောက်ခံကြောင်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားဖူးပြီး ရဲတပ်ဖွဲ့ကတော့ အစွန်းရောက် အတွေးအခေါ်တွေ ခရစ်ရှန်မှာ ၀င်နေလားဆိုတာကို စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

    Ref : Aljazeera

  • မြန်မာလူ့အဖွဲ့အစည်းမှ လူမျိုးရေးခွဲခြားသော စကားလုံးတစ်ခုကို Facebook ပိတ်ပင်

    မြန်မာလူ့အဖွဲ့အစည်းမှ လူမျိုးရေးခွဲခြားသော စကားလုံးတစ်ခုကို Facebook ပိတ်ပင်

    မေ ၂၉၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံက အိန္ဒိယနွယ်ဖွားတွေ အထူးသဖြင့် မွတ်စလင်တွေအပေါ် လူမျိုးရေးခွဲခြားကာ နှိမ့်ချခေါဝေါ်သုံးစွဲတဲ့ စကားလုံးတစ်ခုကို Facebook က ပိတ်ပင်လိုက်တယ်လို့ မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာအသုံးပြုသူတွေဟာ ဒီရက်ပိုင်းမှာ ဖွင့်ဟပြောကြားလာကြပါတယ်။

    အမုန်းစကားတွေ၊ အကြမ်းဖက် ခြိမ်းခြောက်မှုတွေ၊ တမင်တကာ သတင်းမှားဖြန့်ချီမှုတွေကို တိုက်ဖျက်ဖို့အတွက် Facebook ဟာ လတ်တလောမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဖိအားပေးမှုကို ခံနေရတာပါ။

    မြန်မာနိုင်ငံက Facebook အသုံးပြုသူ တော်တော်များများကတော့ သူတို့ဟာ ‘ကုလား’ ဆိုတဲ့ စကားလုံးကို မြန်မာလိုရေးသားခဲ့ပြီးနောက်ပိုင်း Facebook ကို ၀င်ရောက်လို့မရတော့ဘူးလို့ အခုရက်ပိုင်းအတွင်းမှာ ပြောလာကြပါတယ်။

    အချို့အကောင်ပိုင်ရှင်တွေဆိုရင် ဒီစကားလုံးရဲ့ အသံထွက်ကို အခြားစာလုံးနဲ့ ဖလှယ်ရေးရင်တောင်မှဘဲ အကောင့်တွေ ၀င်ရောက်လို့မရတာမျိုး ဖြစ်တတ်ကြောင်း ဖွင့်ဟခဲ့ကြပြီး ဒါဟာ Facebook က ဘာသာစကားပေါင်းစုံနဲ့တင်တဲ့ ပို့စ်ပေါင် သန်းချီကို စောင့်ကြည့်နေတယ်ဆိုတာ ဖော်ပြနေတာပါ။

    အောင်ကောင်းမြတ်ဆိုတဲ့ အကောင့်ပိုင်ရှင်က ဒီလိုစကားလုံးကို ပိတ်ပင်တယ်ဆိုတာကို ရေးသားမိရုံနဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ like လုပ်တာ၊ post တင်တာ၊ share လုပ်တာတွေကို ၂၄ နာရီ ပိတ်ပင်ခဲ့တယ်လို့ ဆိုပါ တယ်။

    ရာဇာစိုးဦးဆိုသူကလည်း ကုလားထိုင်မှာထိုင်ပြီး ကုလားပဲဟင်းစားတယ်ဆိုတဲ့ ဟာသတစ်ခုကို လွှင့်တင်လိုက်ရုံနဲ့ သောကြာနေ့မှာ Facebook ကို ၀င်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

    Facebook က ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းမှုကို မဖြေကြားခဲ့ဘဲ၊ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီလို ပိတ်ပင်ဖို့ တွန်းအားပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

    ‘ကုလား’ ဆိုတဲ့ စကားလုံးဟာ မြန်မာနိုင်ငံမှာ တော်တော်လေး အငြင်းပွားဖွယ် စကားလုံးဖြစ်ပြီး ယေဘူယျအားဖြင့် နိုင်ငံခြားသားတွေကို ရည်ညွှန်းတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာကတော့ အိန္ဒိယနွယ်ဖွားတွေ၊ သူတို့နဲ့ ဆက်နွယ်နေတဲ့ ယဉ်ကျေးမှုတွေအတွက် များသောအားဖြင့် သုံးနှုန်းကြပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေမှာတော့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေဟာ မွတ်စလင်တွေကို စော်ကားနှိမ့်ချဖို့အတွက် ဒီစကားလုံးကို တွင်တွင်သုံးလာကြပါတယ်။

    Facebook ရဲ့ အခုပိတ်ပင်မှုကို ဆန့်ကျင်တဲ့အနေနဲ့ အကောင့်ပိုင်ရှင် ၂ ဦးက ‘ငါတို့ ကုလားကိုပိုင်တယ်’ ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ပြီး၊ လာမယ့်ဗုဒ္ဓဟူးနေ့ ရန်ကုန်မှာ ပြုလုပ်မယ့် ဒီလှုပ်ရှားမှု တွေ့ဆုံပွဲမှာ လာရောက်ပါဝင်ဖို့ စိတ်ဝင်စားတယ်လို့ လူပေါင်း ၁၄၀၀ လောက်က ပြောထားကြပါတယ်။

    “အမုန်စကားပြောတဲ့၊ စော်ကားတဲ့ အကောင့်အတုတွေကို အရေးယူတာမျိုး မရှိပေမယ့် ဒီ (ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ စကားလုံးတွေ) အပေါ်မှာကျတော့ အရေးယူတယ်။ ဆယ်စုနှစ်ပါင်းများစွာ၊ ရာစုနှစ်ပေါင်းများစွာ ကျွန်တော်တို့ သုံးစွဲလာတဲ့ စကားလုံးကို ကျွန်တော်တို့ ပိုင်ပါတယ်” လို့ ဒီလှုပ်ရှားမှုကို စီစဉ်သူတွေက
    ပြောကြားခဲ့ပါတယ်။

    Ref: Free Malaysia Today