News @ M-Media
Author: Ko Lay
  • စင်ကာပူနိုင်ငံကို တည်ထောင်သူများထဲတွင် ပါဝင်သူ မွတ်စလင်တစ်ဦး ကွယ်လွန်
    စင်ကာပူနိုင်ငံကို တည်ထောင်သူများထဲတွင် ပါဝင်သူ မွတ်စလင်တစ်ဦး ကွယ်လွန်
    ဧပြီ ၁၇၊ ၂၀၁၇
    M-Media
    လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းက မစ္စတာအွတ်စမန်အား သွားရောက်ဂါရပြုနေစဉ်
    – စင်ကာပူနိုင်ငံကို တည်ထောင်သူများထဲမှ တစ်ဦးဖြစ်ပြီး၊ နိုင်ငံအတွက် အရေးပါသည့်အခန်းကဏ္ဍများတွင် ပါဝင်ခဲ့သူ မလေးလူမျိုး မစ္စတာ အွတ်စမန် ဝေါ့က်မှာ ယနေ့ နေ့လည်ပိုင်းတွင် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။
    အသက် ၉၂ နှစ်အရွယ်ရှိ မစ္စတာ အွတ်စမန်မှာ ဂျာနယ်လစ်၊ နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံရေးသမားနှင့် သံတမန်တစ်ဦးလည်းဖြစ်ပြီး စင်ကာပူအထွေထွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
    ည်။
    “သူဟာ လူမျိုးစုံ၊ ဘာသာစုံရှိတဲ့ စင်ကာပူနိုင်ငံဖြစ်ဖို့ တိုက်ပွဲဝင်ရာမှာ မစ္စတာလီကို ကူညီပံ့ပို့ပေးခဲ့ပြီး၊ မစ္စတာလီရဲ့ အနီးကပ်ဆုံး ရဲဘော်ရဲဘက်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
    မစ္စတာ အွတ်စမန်းမှာ ၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် မလေးရှားမှခွဲထွက်ရေး စင်ကာပူ၏ လွတ်လပ်ရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့သည့် ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ပြီး၊ နိုင်ငံ၏ ပထမဆုံး လူမှုရေးရာဝန်ကြီးအဖြစ် ၁၉၆၃ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ တာဝန်ထမ်းဆာင်ခဲ့သည်။
    မစ္စတာအွတ်စမန် ကွယ်လွန်သွားခြင်းကြောင့် နိုင်ငံ၏ ပထမဆုံး ကတ်ဘိနတ်အဖွဲ့မှာ အသက်ရှင်ကျန်ရစ်သူမှာ ၂ ဦးသာ ရှိတော့သည်။
    မစ္စတာ အွတ်စမန်၏ ကူညီမှုများတွင် နိုင်ငံ၏ အစ္စလာမ့်ရေးရာကောင်စီ (Muis)နှင့် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေး ရန်ပုံငွေအဖွဲ့ တည်ထောင်ရန် ပံ့ပိုးမှုလည်း ပါဝင်သည်။
    မစ္စတာအွတ်စမန် ကွယ်လွန်မှုအတွက် ၀န်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည့် ကြေငြာချက်
    စင်ကာပူကို တည်ထောင်ခဲ့သူ ၀န်ကြီးချုပ် လီကွမ်ယုကလည်း မစ္စတာအွတ်စမန်၏ သစ္စာရှိမှုနှင့် လူမျိုးရေးအရ အခြေအနေဆိုးရွားနေသောအချိန်တွင် ၎င်းအား ခိုင်ခိုင်မာမာ ထောက်ခံမှုအတွက် ချီးကျူးခဲ့သည်။ မစ္စတာ အွတ်စမန်မှာ လီကွမ်ယူဦးဆောင်သည့် PAP ပါတီအား စင်ကာပူရှိ မလေးလူမျိုးများ ထောက်ခံမှုရရှိရန်လည်း စွမ်းဆောင်ပေးခဲ့သည်။
    မလေးလူမျိုး ဖခင် ကျောင်းအုပ်ကြီး ဝေါ့က်အဟ်မဒ်နှင့် မိခင် အမ်ဘွန် မိုဟာမက်တို့မှ မွေးဖွားလာသည့် မစ္စတာ အွတ်စမန်မှာ East Coast လမ်းတွင် ရေဒီယိုပညာရှင်အဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် မလေးသတင်းစာ Utusan Melayu တွင် ဂျာနယ်လစ်ဖြစ်လာခဲ့သည်။ ထို့နောက် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်ခဲ့ပြီး လူမှုရေးရာဝန်ကြီး၊ သံအမတ် စသည့် ရာထူးများဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့သည်။
    Ref : Today Online
  • တောင်ကိုရီးယားသမ္မတဟောင်း ပုဒ်မများစွာဖြင့် တရားစွဲခံရ
    တောင်ကိုရီးယားသမ္မတဟောင်း ပုဒ်မများစွာဖြင့် တရားစွဲခံရ
    ဧပြီ ၁၇၊ ၂၀၁၇
    M-Media
    – အာဏာအလွဲသုံးစားလုပ်မှု၊ ခြစားမှု စွဲချက်များဖြင့် ရာထူးမှ ဖြုတ်ချခံလိုက်ရသည့် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂျုံဟေးမှာ ယနေ့တွင် တရားဝင် တရားစွဲဆိုခံခဲ့ရသည်ဟု သိရသည်။
    အစိုးရရှေ့နေများက သူမ ရင်ဆိုင်ရမည့် စွဲချက်များတွင် လာဘ်စားမှု၊ အကျပ်ကိုင်မှု၊ အာဏာအလွဲသုံးစားလုပ်မှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားမှုတို့ ပါဝင်သည်ဟု ပြောကြားခဲ့သည်။
    အသက် ၆၅ နှစ်အရွယ်ရှိပြီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ပက်ဂျုံဟေးမှာ သူမ၏ မိတ်ဆွေ ချိုဆွန်အီလ်နှင့်အတူ နိုင်ငံရေးတွင် မျက်နှာသာပေးမည်ဟုဆိုကာ ကုမ္ပဏီများထဲမှ ငွေကြေးအများအပြားကို တောင်းခံခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
    နှစ်ဦးစလုံးမှာ ထိုစွဲချက်များကို ငြင်းဆိုခဲ့ပြီး ပက်မှာ ပြီးခဲ့သည့်လက ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။
    ချိုဆွန်အီလ်မှာလည်း သမ္မတနှင့် အဆက်အသွယ်ရှိမှုကို အသုံးပြု၍ သူမထိန်းချုပ်ထားသော ဖောင်ဒေးရှင်းတစ်ခုတွင် အလှူငွေ ဒေါ်လာသန်းနှင့်ချီထည့်ဝင်ရန်အတွက် ကုမ္ပဏီများကို ဖိအားပေးမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။
    Ref: BBC
  • မောင်းသူမဲ့ကားလောကထဲ Apple ၀င်ရောက်လာ
    မောင်းသူမဲ့ကားလောကထဲ Apple ၀င်ရောက်လာ
    ဧပြီ ၁၇၊ ၂၀၁၇
    M-Media
    – မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာလောကမှာ ထိပ်တန်းနေရာ ရရှိထားတဲ့ Apple ကုမ္ပဏီက ကယ်လီဖိုးနီးယားက လမ်းတွေမှာ မောင်းသူမဲ့ကားတွေ စမ်းသပ်ဖို့အတွက် ခွင့်ပြုချက်ရရှိခဲ့ပါတယ်။
    Apple ဟာ မောင်းသူမဲ့ကားဈေးကွက်ကို ၀င်ရောက်ဖို့ ဆောင်ရွက်နေတယ်လို့ သိထားကြပေမယ့် ကုမ္ပဏီက တရားဝင်ပြောဆိုတာမျိုး မရှိခဲ့ဘဲ သောကြာနေ့ကမှ ကယ်လီဖိုးနီးယား မော်တော်ယာဉ်ဦးစီးဌာနက သတင်းထုတ်ပြန်လိုက်တာပါ။
    ဌာနက Apple ဟာ Lexus က ထုတ်လုပ်တဲ့ ကား ၃ စီးကို စမ်းသပ်မောင်းနှင်ဖို့ ခွင့်ပြုချက်ရခဲ့တယ်လို့ ဆိုပါတယ်။
    Apple ကတော့ ဒီသတင်းအတွက် ဘာမှ မှတ်ချက်မပေးခဲ့တဲ့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ထုတ်ပြန်ခဲ့တဲ့စာကိုသာ ရည်ညွှန်းခဲ့ပါတယ်။ ဒီစာထဲမှာ သူတို့အနေနဲ့ ပို့ဆောင်ရေးအပါအ၀င် ကဏ္ဍတော်တော်များများမှာ အလိုအလျောက် စနစ်တွေနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
    ကုမ္ပဏီအနေနဲ့ ကိုယ်ပိုင် မောင်းသူမဲ့ကားကို ထုတ်လုပ်နေတယ်၊ ဒါမှမဟုတ် အဲဒီလိုကားတွေမှာ အသုံးပြုတဲ့ ဆော့ဖ်ဝဲတွေကို အဓိကထား တီထွင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ဒီနှစ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။
    ကယ်လီဖိုးနီးယားမှာ မောင်းသူမဲ့ကားစမ်းသပ်ဖို့အတွက် ခွင့်ပြုချက်ရရှိတာဟာ Apple နဲ့ပါဆိုရင် ကုမ္ပဏီ အခု ၃၀ လောက် ရှိပါပြီ။ Google ကတော့ ကယ်လီဖိုးနီးယားမှာ သူတို့ရဲ့ မောင်းသူမဲ့ကားကို မိုင်ပေါင်း ၆၃၅၈၅၈ အထိ စမ်းသပ်ခဲ့ပြီး ဖြစ်ပါတယ်။
    Ref: BBC
  • မြောက်ကိုရီးယားကို သည်းခံသည့်ကာလ ကုန်ဆုံးသွားပြီဟု အမေရိကန်ပြော
    မြောက်ကိုရီးယားကို သည်းခံသည့်ကာလ ကုန်ဆုံးသွားပြီဟု အမေရိကန်ပြော
    ဧပြီ ၁၇၊ ၂၀၁၇
    M-Media
    – မြောက်ကိုရီးယားအပေါ် မိမိတို့၏ သည်းခံသည့်ကာလမှာ ကုန်ဆုံးသွားပြီဟု အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ရှိနေသည့် စစ်မဲ့ဇုန်သို့ ယနေ့ သွားရောက်စဉ် ပြောကြားလိုက်သည်။
    ဒုတိယသမ္မတမှာ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာပြီး ယမန်နေ့က မြောက်ကိုရီးယား၏ မအောင်မြင်သော ဒုံးကျည်စမ်းသပ်မှုပြီးနောက် နာရီအနည်းငယ်အကြာတွင် ဆိုလ်းမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
    ထိုနောက် ယနေ့တွင် နှစ်နိုင်ငံ အပစ်ရပ်ရေး စာချုပ်ချုပ်ဆိုခဲ့သည့် Panmunjom ရွာသို့ သွားရောက်ခဲ့ပြီး မိမိတို့၏ မဟာဗျူဟာအရ သည်းခံမှုအချိန်ကာလတစ်ခု ရှိခဲ့ကြောင်း သို့သော်လည်း အဆိုပါ ကာလမှm ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ကိုရီးယားကျွန်းဆွယ်၏ လုံခြုံရေးအတွက် လက်ခံနိုင်လောက်သည့် နည်းလမ်းများ၊ ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် ဆောင်ရွက်လိုကြောင်း သို့သော်လည်း ထိုရွေးချယ်မှုများအားလုံး စားပွဲဝိုင်းတွင် ရှိနေဆဲဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် တောင်ကိုရီယားအပေါ် အမေရိကန်၏ သဘောထားနှင့်ပတ်သက်၍ မိမိတို့မှာ ‘သမဏိ မဟာမိတ်’ ဖြစ်သည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုကို မိုက်ပန့်စ်က ရှုတ်ချခဲ့ပြီး ရန်စခြင်ဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။
    Ref : BBC
  • ပါကစ္စတန် အမျိုးသမီးဟော်ကီလက်ရွေးစင်တစ်ဦး သမိုင်းသစ်တစ်ခု ရေးထိုး
    ပါကစ္စတန် အမျိုးသမီးဟော်ကီလက်ရွေးစင်တစ်ဦး သမိုင်းသစ်တစ်ခု ရေးထိုး
    ဧပြီ ၁၇၊ ၂၀၁၇
    M-Media
    – ပါကစ္စတန် အမျိုးသမီး ဟော်ကီလက်ရွေစင်အသင်း ဂိုးသမား ရက်ရှ်နာခန်းမှာ နိုင်ငံရပ်ခြား ဟော်ကီလိဂ်နှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည့် နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဟော်ကီအားကစားသမား ဖြစ်လာခဲ့သည်ဟု သိရသည်။
    ရက်ရှ်နာခန်းကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် St George Randwick Hockey Club အသင်းက တစ်ရာသီ စာချုပ်ချုပ်ဆိုခဲ့သောကြောင့် ၆ လအတွင်း ပြိုင်ပွဲပေါင်းများစွာကို ကစားရမည်ဖြစ်သည်။
    သူမက ထိုကဲ့သို့ နိုင်ငံခြားလိဂ်တွင် ကစားရသည့်အတွက် စိတ်လှုပ်ရှားနေပြီး မိမိအတွက် ပညာရှာဖွေနိုင်မည့် ကြီးမားသော အခွင့်အလမ်းတစ်ခုဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
    ၂၀၁၆ ခုနှစ် အိန္ဒိယအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ပါကစ္စတန် အသင်းအတွက် ပထမဆုံးကိုယ်စားပြုခွင့် ရရှိခဲ့ပြီး နိုင်ငံအသင်းအတွက် စုစုပေါင်း ၆ ပွဲ ပါဝင်ကစားပေးထားသည်။ ရက်ရှ်နာခန်းမှာ ၂၀၁၅ ခုနှစ်က ပါကစ္စတန်လူငယ်ထူးချွန်ဆု Pakistan Youth Icon ဆုကို ရရှိခဲ့သည်။
    Ref: The Nation