ဧပြီ ၁၉၊ ၂၀၁၇
M-Media
– အရာရာကို အသစ်ကပြန်စဖို့ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ပြင်းပြင်
းထန်ထန်ကြိုးစားပါ။ အောင်မြင်မှုဆီကို လျှောက်လှမ်းပါ။
ဧပြီ ၁၉၊ ၂၀၁၇
M-Media
– အရာရာကို အသစ်ကပြန်စဖို့ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ပြင်းပြင်
းထန်ထန်ကြိုးစားပါ။ အောင်မြင်မှုဆီကို လျှောက်လှမ်းပါ။
ဧပြီ ၁၉၊ ၂၀၁၇
M-Media
– World Economic Forum က ထုတ်ပြန်တဲ့ ကမ္ဘာ့ အလုံခြုံဆုံးစာရင်းမှာ စကင်ဒီနေးဗီးယန်းနိုင်ငံတစ်ခုဖြစ်တဲ့ ဖင်လန်နိုင်ငံက ထိပ်ဆုံးမှာ ရှိနေပါတယ်။
Travel and Tourism Competitiveness Report အစီရင်ခံစာရဲ့ ‘ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေး’ ကဏ္ဍမှာ ဖင်လင်က အခုလို ထိပ်ဆုံးက ရှိနေတာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ နော်ဝေ၊ နယူးဇီလန်၊ ကနေဒါတို့ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖင်လန်နိုင်ငံရဲ့နောက်မှာတော့ ယူအေအီး၊ အိုက်စလန်၊ အိုမန်၊ ဟောင်ကောင်၊ စင်ကာပူ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ရ၀မ်ဒါနဲ့ ကာတာတို့က အစဉ်လိုက် ရှိနေကြပါတယ်။
WEF ရဲ့ ဒီ ဘေးအန္တရာကင်းရှင်းရေးနဲ့ လုံခြုံရေးကို ကမ္ဘာ့လှည့်ခရီးသွားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အထူးသဖြင့် (တိုက်ခိုက်မှု၊ အကြမ်းဖက်မှု) တွေလို လူတွေကို ထိခိုက်မှုရှိတာနဲ့ ဆက်စပ်တဲ့ လုံခြုံရေးအရ ခြိမ်းခြောက်မှု ပမာဏနဲ့ တိုင်းတာတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအဆင့်သတ်မှတ်ချက်အတွက် ရာဇ၀တ်မှုအသေးစားလေးတွေကိုတော့ ထည့်မတွက်ထားပါဘူး။
အိမ်နီးချင်းနိုင်ငံတွေက စစ်ပွဲတွေဖြစ်နေပေမယ့် ယူအေအီး၊ အိုမန်နဲ့ ကာတာတို့က ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါလာခဲ့ပြီး ယူကေက အဆင့် ၇၈၊ အမေရိကန်က ၈၄ နဲ့ တော်တော်လေး အဆင့် ကျသွားတာပါ။
ကိုလံဘီယာနိုင်ငံကတော့ လုံခြုံမှုအနည်းဆုံးအဖြစ် ဒီစာရင်းရဲ့ အောက်ဆုံးမှာ ရှိနေကာ၊ ယီမင်၊ အလ်ဆာဗေဒိုး၊ ပါကစ္စတန်နဲ့ နိုက်ဂျီးရီးယားတို့ကတော့ သူ့အထက်မှာ ရှိနေပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း ၁၃၆ နိုင်ငံ ရှိနေပေမယ့် ဒီစာရင်းမှာ နိုင်ငံအချို့ မပါဝင်ခဲ့ပါဘူး။
Ref: Yahoo
ဧပြီ ၁၈၊ ၂၀၁၇
M-Media
– မလေးရှားနိုင်ငံကနေ ခွဲထွက်ကာ လွတ်လပ်တဲ့ စင်ကာပူနိုင်ငံအဖြစ် ထူထောင်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တဲ့ စင်ကာပူခေါင်းဆောင်တွေမှာ ပါဝင်ခဲ့ပြီး၊ နိုင်ငံရဲ့ ပထမဆုံးကတ်ဘိနတ်မှာ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စင်ကာပူက မလေးမွတ်စလင်ခေါင်းဆောင် မစ္စတာ အွတ်စမန် ဝေါ့က်ကို ဒီနေ့ Choa Chu Kang မွတ်စလင်သုဿာန်မှာ မြေမြုပ် သဂြိုဟ်ခဲ့ပါတယ်။
တနင်္လာနေ့ နေ့လည်ပိုင်းက စင်ကာပူအထွေထွေဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တဲ့ အသက် ၉၂ နှစ်အရွယ် မစ္စတာ အွတ်စမန်ရဲ့ ရုပ်ကလပ်ကို ဒီနေ့မှာ သူနေထိုင်ရာအိမ်ကို သယ်ဆောင်လာခဲ့ပြီး စင်ကာပူအစိုးရအဖွဲ့နဲ့ နိုင်ငံရေးခေါင်းဆောင်တွေက လာရောက် ဂါရ၀ပြုခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ ဆူလ်တန်ဗလီဝတ်ကျောင်းတော်ကို သယ်ဆောင်သွားခဲ့ပြီး နိုင်ငံတော်ရဲ့ အမြင့်ဆုံးဂုဏ်ပြုမှုအဖြစ် စင်ကာပူနိုင်ငံတော်အလံကို မစ္စတာ အွတ်စမန်ရဲ့ ခေါင်းတလားမှာ လွှမ်းခြုံပေးခဲ့ကာ အဲဒီအခမ်းအနားကို ၀န်ကြီးချုပ်လီရှန်လွန်းအပါအ၀င် အစိုးရတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
အစ္စလာမ့်ထုံးတမ်းစဉ်လာအရ ၀တ်ပြုဆုတောင်းပြီးတဲ့အခါမှာတော့ ခေါင်းတလားကို Choa Chu Kang မွတ်စလင်သုဿာန်ဆီ သယ်ဆောင်သွားခဲ့ပြီး မြေမြှုပ်သင်္ဂြီုဟ်ခဲ့ပါတယ်။
မစ္စတာ အွတ်စမန်းဟာ ၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ မလေးရှားမှခွဲထွက်မယ့် စင်ကာပူရဲ့ လွတ်လပ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပြီး၊ နိုင်ငံရဲ့ ပထမဆုံး လူမှုရေးရာဝန်ကြီးအဖြစ် ၁၉၆၃ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ တာဝန်ထမ်းဆာင်ခဲ့ပါတယ်။
မစ္စတာအွတ်စမန် ကွယ်လွန်သွားခြင်းကြောင့် နိုင်ငံရဲ့ ပထမဆုံး ကတ်ဘိနတ်အဖွဲ့က အသက်ရှင်ကျန်ရစ်သူဟာ ၂ ဦးသာ ရှိပါတော့တယ်။
မစ္စတာ အွတ်စမန်ရဲ့ ဆောင်ရွက်မှုတွေထဲမှာ နိုင်ငံရဲ့ အစ္စလာမ့်ရေးရာကောင်စီ (Muis)နဲ့ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေး ရန်ပုံငွေအဖွဲ့ တည်ထောင်မှုလည်း ပါဝင်ပါတယ်။
စင်ကာပူကို တည်ထောင်ခဲ့သူ ၀န်ကြီးချုပ် လီကွမ်ယုကလည်း မစ္စတာအွတ်စမန်ရဲ့ သစ္စာရှိမှုနှင့် လူမျိုးရေးအရ အခြေအနေဆိုးရွားနေတဲ့အချိန်မှာ ၎င်းကို ခိုင်ခိုင်မာမာ ထောက်ခံမှုအတွက် ချီးကျူးခဲ့ဖူးပါတယ်။ မစ္စတာ အွတ်စမန်ဟာ လီကွမ်ယုဦးဆောင်တဲ့ PAP ပါတီကို စင်ကာပူက မလေးလူမျိုးတွေရဲ့ ထောက်ခံမှုရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
မလေးလူမျိုး ဖခင် ကျောင်းအုပ်ကြီး ဝေါ့က်အဟ်မဒ်နှင့် မိခင် အမ်ဘွန် မိုဟာမက်တို့မှ မွေးဖွားလာတဲ့ မစ္စတာ အွတ်စမန်အာ East Coast လမ်းမှာ ရေဒီယိုပညာရှင်အဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း မလေးသတင်းစာ Utusan Melayu တွင် ဂျာနယ်လစ်ဖြစ်လာပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံရေးလောကထဲကို ၀င်ရောက်ခဲ့ပြီး လူမှုရေးရာဝန်ကြီး၊ သံအမတ် စတဲ့ ရာထူးများတွေနဲ့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။
Ref CNA
ဧပြီ ၁၈၊ ၂၀၁၇
M-Media
– အီရန်နိုင်ငံမှာ နိုင်ငံ၏ တပ်မတော်နေ့အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ယနေ့တွင် မြို့တော် တီဟီရန်၌ ကျင်းပပြုလုပ်ခဲ့ပြီး သမ္မတ ဟာဆန်ရူဟာနီက တက်ရောက်မိန့်ခွန်းပြောခဲ့သည်ဟု သိရသည်။
အဆိုပါအခမ်းအနားသို့ အီရန်စစ်တပ်၏ ကြည်း၊ ရေ၊ လေ အကြီးအကဲများ၊ အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်၏ တပ်မဟာများမှ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြသည်။
သမ္မတရူဟာနီက မိမိတို့စစ်တပ်မှာ မည်သူကိုမှ ကျူးကျော်ရန်မဟုတ်ဟု ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့စစ်တပ်ဟာ အခြားသူတွေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ တင်းမာမှုတွေ၊ ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားမယ်ဆိုတဲ့ ဦးတည်ချက်အတိုင်း သွားမှာပါ။ ဒါပေမယ့် အခြားသူတွေရဲ့ အကြံအစည်တွေအပေါ် အမြဲတမ်း ဂရုပြုသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းအာကို တစ်နေ့ပြီးတစ်နေ့ တိုးတက်အောင် ဆောင်ရွက်သွားမှာပါ”
ထို့ပြင် အီရန်စစ်တပ်အနေဖြင့် အရှေ့အလယ်ပိုင်း၏ ‘အရေးပါပြီး အထိအခိုက်မခံသည့်’ ဒေသတစ်ခုလုံးကို ကာကွယ်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့၏ စစ်တင်အင်အားမှာ ကာကွယ်ရေးအတွက်ဖြစ်ပြီး ကျူးကျော်ရေးအတွက်မဟုတ်ကြောင်း၊ ကျူးကျော်လာသူ မည်သူ့ကိုမဆို ခိုင်မာစွာနှင့် ဆုံးဖြတ်ချက်ပြတ်သားစွာ တုန့်ပြန်သွားမည်ဆိုသည့် ကတိကို ပေးချင်ကြောင်း သမ္မတက ထည့်သွင်းပြောဆိုခဲ့သည်။
နိုင်ငံကြီးများက အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်မှု၊ အကြမ်းဖက်ဝါဒကို အားပေးမှု စသည်တို့ကို ဆောင်ရွက်နေသည်ဟုလည်း ရူဟာနီက ဝေဖန်ခဲ့သည်။
Ref : Rress TV
ဧပြီ ၁၈၊ ၂၀၁၇
M-Media
– ချယ်ဆီးအသင်း၏ အသင်းခေါင်းဆောင် ဂျွန်တယ်ရီမှာ ပရီးမီးယားလိဂ်သမိုင်းတွင် အကြီးကျယ်ဆုံး နောက်ခံလူတစ်ဦးဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ခ်ျရှိ ‘မယုံလောက်စရာ ခေတ်ကာတစ်ခု၏ နောက်ဆုံးကျန်ရှိသောသူ’ ဟု အသင်းဖော်ဟောင်း လမ်းပတ်က ချီးကျူးလိုက်သည်။
ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းပြည့်မည့် အသက် ၃၆ နှစ်အရွယ် တယ်ရီမှာ အသင်းမှ ထွက်ခွာတော့မည်ဟု ယမန်နေ့တွင် ကြေငြာခဲ့သည်။
ယခင်က လမ်းပတ်နှင့်တွဲ၍ အသင်း၏ အဓိကကစားသမားအဖြစ် ၂၀၀၄-၀၅၊ ၂၀၀၅-၀၆၊ ၂၀၀၉-၁၀ တို့တွင် ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့သည့် တယ်ရီမှာ နည်းပြကွန်တီလက်ထက်တွင် အသင်း၌ ရံဖန်ရံခါမှသာ ပါဝင်ကစားရသည်။
ပရီးမီးယားဖလား ၄ ကြိမ်၊ FA ဖလား ၅ ကြိမ်၊ EFL ဖလား ၃ ကြိမ်၊ ချန်ပီယလိဂ်နှင့် ယူရိုပါလိဂ်တစ်ကြိမ်စီ ရရှိထားသည့် တယ်ရီကို လမ်းပတ်က Instagram တစ်ဆင့် ချီးကျူးခဲ့ပြီး၊ တယ်ရီနှင့် တွဲကစားရသည့်အတွက် ဂုဏ်ယူမိသည်ဟု ဆိုသည်။
“သူဟာ အရင်တုန်းက ဂန္တ၀င်ကစားသမား ဖြစ်ခဲ့သလို၊ အခုလည်း ဖြစ်နေဆဲပါ။ သူ့ရဲ့ ပါရမီသာကမဘဲ သူကိုယ်တိုင်နဲ့ သူရဲ့ ၀န်းကျင်မှာရှိတဲ့ ကစားသမားတွေအတွက် အကောင်းဆုံးကို လိုလားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒ့ါကြောင့်ပဲ အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံး အသင်းခေါင်းဆောင် ဖြစ်ခဲ့တာပါ။ ကွင်းပြင်ပမှာတော့ သူဟာ ကျွန်တော့်အတွက် အသင်းကလူတွေအတွက်၊ အသင်းပြင်ပကလူတွေအတွက် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ပါတယ်” ဟု လမ်းပတ်က ပြောကြားခဲ့သည်။
Ref: Goal