News @ M-Media

Author: Ko Lay

  • အီးယူအဖွဲ့ဝင်နိုင်ငံအားလုံး ခွဲထွက်နိုင်သည်ဟု ပြင်သစ်အမတ်ပြော

    အီးယူအဖွဲ့ဝင်နိုင်ငံအားလုံး ခွဲထွက်နိုင်သည်ဟု ပြင်သစ်အမတ်ပြော

    စက်တင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    eu

    – ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် အားလုံးနီးပါးမှာ ယူကေ၏ ခြေရာနင်း၍ အဖွဲ့ချုပ်မှ ထွက်ခွာနိုင်သည်ဟု ပြင်သစ် လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး သမ္မတ ဖရန်ကိုအစ်၏ ပါတီမှ ဥရောပရေးရာတာဝန်ခံ ဖီလစ် ကော်ဒရီက ပြောကြားလိုက်သည်။

    လီဗာပူးလ်မြို့၌ ကျင်းပပြုလုပ်သည့် ယူကေအလုပ်သမားပါတီ နှစ်ပတ်လည်ညီလာခံ၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး “ယူကေက လူထုဆန္ဒခံယူပွဲမှာ ဖြစ်ပျက်ခဲ့သလိုမျိုး ဥရောပသမဂ္ဂက တခြားနိုင်ငံတွေအားလုံးနီးပါးမှာလည်း ဖြစ်ပျက်နိုင်ပါတယ်။ လူထုဆန္ဒခံယူပွဲ ပြုလုပ်ဖို့ တောင်းဆိုတဲ့အခါ ၀န်ကြီးချုပ်က တာဝန်ယူမလုပ်ပေးတဲ့ နိုင်ငံတွေက လွဲပြီးပေါ့” ဟု အင်္ဂလိပ်ကပြားဖြစ်သူ ကော်ဒရီက သတိပေးခဲ့သည်။

    “ဥရောပသံသယ၀ါဒဟာ နေရာတိုင်းမှာ ကြီးထွားနေတဲ့ ယနေ့ခေတ်ကို ကြည့်မယ်ဆိုရင် လူထုလှုပ်ရှားမှုတွေဟာ ဥရောပနိုင်ငံတိုင်းမှာ ဖြစ်လာနေပါတယ်”

    ထို့ပြင် ဥရောပသမဂ္ဂမှာ လမ်းမှားကို ဦးတည်နေသည်ဆိုသည့် အမြင်မျိုး ဥရောပတွင် ကျယ်ပြန့်လာသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့တွေဟာ ဥရောပအဆင့်မှာ ၁၀ နှစ်လောက် ချွေတာရေးမူဝါဒတွေရဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။ EU မှာ အလုပ်အကိုင် ၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်း တိုးတက်လာတယ်လို့ ပြည်သူတွေက မမြင်ကြပါဘူး”

    Ref;Rt

  • ရှေးဟောင်းအမွေအနှစ်ဖျက်ဆီးသူ မာလီတိုက်ခိုက်ရေးသမားကို ICC က ထောင်ချ

    ရှေးဟောင်းအမွေအနှစ်ဖျက်ဆီးသူ မာလီတိုက်ခိုက်ရေးသမားကို ICC က ထောင်ချ

    စက်တင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    mali

    – ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မာလီပဋိပက္ခအတွင်း တင်ဘက်ကူရှိ အထွဋ်အမြတ်ထားရာ နေရာများနှင့် သမိုင်းဝင်နေရာများကို ဖျက်ဆီးခဲ့သည့် မာလီတိုက်ခိုက်ရေးသမားတစ်ဦးကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က ထောင်ဒဏ် ၉ နှစ် ချမှလိုက်သည်ဟု သိရသည်။

    အဟ်မဒ် အလ်-ဖာကီ အလ်-မဟ်ဒီဖြစ်ပြီး ယမန်နေ့က အမိန့်ချမှတ်ခဲ့ခြင်ဖြစ်ကာ ယဉ်ကျေးမှုအမွေအနှစ်များ ဖျက်ဆီးမှုအတွက် ICC ၏ ပြစ်ဒဏ်ချမှတ်မှုကို ပထမဆုံး ခံခဲ့ရသူလည်းဖြစ်သည်။ ကျွမ်းကျင်သူများကမူ ထိုသမိုင်းဝင် ဆုံးဖြတ်ချက်က ကမ္ဘာ့ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများ ဘေးအန္တရာယ်ကင်းရေးအတွက် သတင်းစကားတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်နေသည်။

    “ထိန်းသိမ်းစောင့်ရှောက်ရမယ့် နေရာတွေနဲ့ ပတ်သက်ပြီး မစ္စတာ အလ်-မဟ်ဒီ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုဟာ စစ်ရာဇ၀တ်မှု ဖြစ်တယ်ဆိုတာ ခုံအဖွဲ့က တစ်ညီတစ်ညွတ်တည်း တွေ့ရှိခဲ့ပါတယ်” ဟု တရားသူကြီး ရာအူးလ် ပန်ဂါလန်ဂန်က ပြောကြားခဲ့သည်။

    သြဂုတ်လအတွင်း ပြုလုပ်ခဲ့သည့် ကြားနာမှုအတွင်း အလ်-မဟ်ဒီက ၎င်း၏ ထိုလုပ်ရပ်များအတွက် ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့ပြီး မိမိအနေဖြင့် တင်ဘက်ကူကို အချိန်အနည်းငယ်ကြာ သိမ်းပိုက်ခဲ့သည့် အလ်ကိုင်းဒါးနှင့် Ansar Dine လက်နက်ကိုင်အဖွဲ့များ၏ သွေးဆောင်မှုကို ခံခဲ့ရကြောင်း၊ ကျန်မွတ်စလင်များအနေဖြင့် မိမိကဲ့သို့ လိုက်မလုပ်ရန် တိုက်တွန်းပါကြောင်း
    ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ယူရိုပါ အုပ်စုဒုတိယပွဲ မဖြစ်မနေ နိုင်ရမည်ဟု မော်ရင်ဟိုပြော

    ယူရိုပါ အုပ်စုဒုတိယပွဲ မဖြစ်မနေ နိုင်ရမည်ဟု မော်ရင်ဟိုပြော

    စက်တင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    morinho

    – အသင်းပြန်လည်နိုးထရန်နှင့် ယူရိုပါတွင် ဆက်လက်ယှဉ်ပြိုင်သွားနိုင်ရန်အတွက် မနက်ဖြန်တွင် ကစားမည့် Zorya Luhansk နှင့်ပွဲက အရေးပါပြီး မဖြစ်မနေ အနိုင်ကစားရမည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယူရိုပါ အုပ်စုအဖွဲ့ပွဲစဉ်တွင် ဖီယင်နုအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် မန်ယူမှာ ယခုပွဲစဉ်ကို အိုးထရက်ဖို့ဒ်၌ ကစားရမည်ဖြစ်ပြီး နောက်တစ်ဆင့်တက်ရေး အနိုင်ရရှိရန် အရေးကြီးနေသည်။

    မန်ယူအတွက် အဆိုပါယူရိုပါလိဂ်မှာ ဒုတိယ ဦးစားပေးသာဖြစ်သည်ဟု အများက ထင်မှတ်ထားကြသော်လည်း မော်ရင်ဟိုကမူ မိမိနေဖြင့် နောက်တစ်ဆင့်တက်ရေး အပြည့်အ၀ အာရုံစိုက်သွားမည်ဟု ဆိုသည်။

    “သိပ်အရေးကြီးပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ အနိုင်ရဖို့လိုတယ်လို့ ကျွန်တော် ထင်ပါတယ်။ မနိုင်ဘူးဆိုရင် (အုပ်စုမှာ) ၄ ပွဲပဲ ကျန်မှာဖြစ်ပြီး တော်တော်ခက်ခဲမယ့်ပွဲတွေ ဖြစ်လာမှာပါ။ ကျွန်တော်တို့ နိုင်ဖို့ လိုအပ်ပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ဖီယင်နုနှင့်ပွဲတွင် မော်ရင်ဟိုမှာ ပထမ ကစားသမား အများအပြားကို အနားပေးခဲ့သော်လည်း မနက်ဖြန်ပွဲတွင်မူ တိုက်စစ်မှူး အီဗရာဟီမိုဗစ်နှင့် ကွင်းလယ်လူ မာရှယ်တို့ ပါဝင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Goal

  • မလေးရှား၏ MH17 လေယာဉ် ပျက်ကျမှုမှာ ရုရှားလုပ်ဒုံးကျည်ဖြင့် ပစ်ချခံရခြင်းဖြစ်

    မလေးရှား၏ MH17 လေယာဉ် ပျက်ကျမှုမှာ ရုရှားလုပ်ဒုံးကျည်ဖြင့် ပစ်ချခံရခြင်းဖြစ်

    စက်တင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    mh-17

    – လွန်ခဲ့သည့် ၂ နှစ်က ယူကရိန်းတွင် ပျက်ကျခဲ့သည့် မလးရှား ခရီးသည်တင် လေယာဉ် MH 17 မှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းအား ထိန်းချုပ်ထားသည့် သူပုန်များ၏ မြေပြင်မှ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု သေဆုံးသွားသူများ၏ မိသားစုများက ယနေ့တွင် ပြောကြားလိုက်သည်။

    အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းလာစဉ် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါအဖြစ်အပျက်တွင် လိုက်ပါသွားသူ စုစုပေါင်း ၂၉၈ ဦးစလုံး သေဆုံးခဲ့ပြီး နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များက စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် သေဆုံးသွားသူများ၏ မိသားစုကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

    လေယာဉ်ပျက်ကျမှုအတွက် ဖြစ်နိုင်ချေပေါင်း ၁၀၀ ကျော်ကို စူးစမ်းခဲ့ပြီးနောက် အဆိုပါ MH17 မှာ မြေပြင်မှဝေဟင်ပစ် Buk ဒုံးကျည်စနစ်ကြောင့် ပေါက်ကွဲပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။

    အဆိုပါ Buk ဒုံးကျည်စနစ်မှာ ရုရှားလုပ်ဖြစ်ပြီး ယူကရိန်းရှိ ခွဲထွက်ရေးသူပုန်များကို ရုရှားက ပေးထားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ထိုဒုံးကျည်စနစ်ကို ပြန်သိမ်းခဲ့သည်။

    ရုရှားကမူ ရေဒါအချက်အလက်များအရ အဆိုပါ ဒုံးကျည်မှာ ခွဲထွက်ရေးသမားများ ယူကရိန်းအရှေ့ပိုင်းတွင် ထိန်းချုပ်ထားသော နေရာများမှ ပစ်ခတ်ခဲ့ခြင်းမဟုတ်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။

    ယခုကဲ့သို့ အဖြေထွက်ခဲ့သော်လည်း နိုင်ငံတကာ သဘောတူညီချက်များအရ ထိုကဲ့သို့သောကိစ္စများကို မည်သည့်အမှုဖြင့် ကြားနားနိုင်သည်ဆိုသည့် သတ်မှတ်ချက် မရှိသောကြောင့် ကျူးလွန်သူများကို တရားစွဲဆိုနိုင်မည် မဟုတ်ချေ။

    Ref: Channelnewsasia

  • ပြည်တွင်းဖြစ် ဒုံးခွင်းစနစ်ကို နိုင်ငံအလယ်ပိုင်းတွင် အီရန်ချထားမည်

    ပြည်တွင်းဖြစ် ဒုံးခွင်းစနစ်ကို နိုင်ငံအလယ်ပိုင်းတွင် အီရန်ချထားမည်

    စက်တင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    iran

    – နိုင်ငံ၏ လေကြောင်းကာကွယ်ရေးစနစ်ကို မြှင့်တင်ရန်အတွက် ပြည်တွင်း၌ ဒီဇိုင်းထွင် ထုတ်လုပ်ထားသည့် ဒုံးခွင်းစနစ်ကို နိုင်ငံအလယ်ပိုင်း၌ ချထားသွားမည်ဟု အီရန် အဆင့်မြင့် တပ်မှူးတစ်ဦးက ပြောကြားလိုက်သည်။

    Khatam al-Anbia လေတပ်ကာကွယ်ရေးအခြေစိုက်စခန်းမှ ဗိုလ်ချုပ်ကြီး ဖာဇဒ် အက်စ်မိုင်လီက တနင်္လာနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး Dasht-e Kavir သဲကန္တာရတွင် ချထားမည်ဟုဆိုသည်။ Talaash ဟု အမည်ပေးထားသည့် အဆိုပါ လေကြောင်းရန် ကာကွယ်ရေးနစ်စနှင့်အတူ ပြည်တွင်းဖြစ် တာလဒ်ဒုံးကျည်ကာကွယ်ရေးစနစ် Mersad ကိုလည်း တစ်ပါတည်း ချထားမည်ဖြစ်သည်။

    Talaash လေကြောင်းရန် ကာကွယ်ရေးစနစ်မှာ ထောက်လှမ်းရေးလေယာဉ်များနှင့် မောင်းသူမဲ့ လေယာဉ်များကဲ့သို့ ပစ်မှတ်များကို မည်သည့်အမြင့်တွင်မဆို ပစ်ခတ်နိုင်မည်ဖြစ်သည်။ Talaash လေကြောင်းရန် ကာကွယ်ရေး စနစ်တွင် Talaash 1 (အနိမ့်ပစ်)၊ Talaash 2 (အလယ်အလတ်ပစ်) နှင့် Talaash 3 (အမြင့်ပစ်) ဟူ၏ သုံးမျိုးသုံးစား ရှိသည်။

    ကာကွယ်ရေးစနစ်တစ်ခုစီတွင် ဒုံးကျည်ပစ်စင်ကို တင်ဆောင်သည့် ထရပ်ကားတစ်စီးနှင့် ကွပ်ကဲရေးယာဉ် ၂ စီးတို့ ပါဝင်သည်။

    အီရန်မှာ ၎င်းတို့၏ ကာကွယ်ရး အခန်းကဏ္ဍအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်တွင်း၌ ကြိုးစားထုတ်လုပ်ခဲ့ရာ မကြာသေးမီကပင် အောင်မြင်မှုများ ရရှိခဲ့သည်။

    Ref : Presstv