စက်တင်ဘာ ၂၈၊ ၂၀၁၆
M-Media
– ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် အားလုံးနီးပါးမှာ ယူကေ၏ ခြေရာနင်း၍ အဖွဲ့ချုပ်မှ ထွက်ခွာနိုင်သည်ဟု ပြင်သစ် လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး သမ္မတ ဖရန်ကိုအစ်၏ ပါတီမှ ဥရောပရေးရာတာဝန်ခံ ဖီလစ် ကော်ဒရီက ပြောကြားလိုက်သည်။
လီဗာပူးလ်မြို့၌ ကျင်းပပြုလုပ်သည့် ယူကေအလုပ်သမားပါတီ နှစ်ပတ်လည်ညီလာခံ၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး “ယူကေက လူထုဆန္ဒခံယူပွဲမှာ ဖြစ်ပျက်ခဲ့သလိုမျိုး ဥရောပသမဂ္ဂက တခြားနိုင်ငံတွေအားလုံးနီးပါးမှာလည်း ဖြစ်ပျက်နိုင်ပါတယ်။ လူထုဆန္ဒခံယူပွဲ ပြုလုပ်ဖို့ တောင်းဆိုတဲ့အခါ ၀န်ကြီးချုပ်က တာဝန်ယူမလုပ်ပေးတဲ့ နိုင်ငံတွေက လွဲပြီးပေါ့” ဟု အင်္ဂလိပ်ကပြားဖြစ်သူ ကော်ဒရီက သတိပေးခဲ့သည်။
“ဥရောပသံသယ၀ါဒဟာ နေရာတိုင်းမှာ ကြီးထွားနေတဲ့ ယနေ့ခေတ်ကို ကြည့်မယ်ဆိုရင် လူထုလှုပ်ရှားမှုတွေဟာ ဥရောပနိုင်ငံတိုင်းမှာ ဖြစ်လာနေပါတယ်”
ထို့ပြင် ဥရောပသမဂ္ဂမှာ လမ်းမှားကို ဦးတည်နေသည်ဆိုသည့် အမြင်မျိုး ဥရောပတွင် ကျယ်ပြန့်လာသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့တွေဟာ ဥရောပအဆင့်မှာ ၁၀ နှစ်လောက် ချွေတာရေးမူဝါဒတွေရဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။ EU မှာ အလုပ်အကိုင် ၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်း တိုးတက်လာတယ်လို့ ပြည်သူတွေက မမြင်ကြပါဘူး”
Ref;Rt
Leave a Reply
You must be logged in to post a comment.