Author: Ko Lay
-
သမိုင်းသစ်ရေးထိုးရေး ထပ်စောင့်ရအုံးမယ့် လက်စတာ
မေ ၁၊ ၂၀၁၆M-Media– ဒုတိနေရာက စပါးကို ၇ မှတ်ဖြထားတဲ့ လက်စတာတို့ ဒီနေ့ပွဲမှာ မန်ယူကိုအနိုင်ရရင် အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်မှာဖြစ်ပေမယ့် အခွင့်အရေးကို အရမယူနိုင်ခဲ့ပါဘူး။အိုးထရက်ဖို့ဒ်မှာ မာရှယ်ရဲ့ ၈ မိနစ်ဦးဆောင်ဂိုးကို လက်စတာတို့ ၉ မိနစ်အကြာမှာ ပြန်လည်ချေပနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးကို ထပ်မရတာကြောင့် မနက်ဖြန်မှာကစားမယ့် ချယ်ဆီးနဲ့ စပါးတို့ရဲ့ရလဒ်ကိုစောင့်ပြီး ချန်ပီယံဖြစ်ရေး ရင်ခုန်ရတော့မှာပါ။တကယ်လို့ စပါးက သရေ၊ ဒါမှမဟုတ် ရှုံးသွားရင် လက်စတာတို့ ချန်ပီယံဖြစ်မှာဖြစ်ပြီး ချယ်ဆီးအနိုင်ရမယ်ဆိုရင်တော့ လာမယ့်တစ်ပတ် အဲဗာတန်နဲ့ပွဲမှာ လက်စတာက အနိုင်ကစားရမှာ ဖြစ်ပါတယ်။ -
စီစစ်ရမည့် ဆင်းမ်ကဒ်ရောင်းချမှုနှင့် သတိထားရမည့် အွန်လိုင်းရာဇ၀တ်မှုများ
မေ ၁၊ ၂၀၁၆
M-Media(ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်) – ရေးသားသည်။)
– ယနေ့ကမ္ဘာကြီးဟာ ရွာပုံစံဖြစ်သွားရတာဟာ၊ ဆက်သွယ်ရေးနည်းပညာ အံ့မခန်းတိုးတက်မှုကြောင့်ပါပဲ။ on-line-internet ဆက်သွယ်ရေးနည်းပညာတွေ ပေါ်လာတယ်။ အဲဒီကနေ on-line-media တွေ ခေတ်စားလာတယ်။ ယနေ့ကမ္ဘာပေါ်မှာ လူမှုဆက်သွယ်ရေး on-line-media တွေအများကြီးရှိတဲ့အနက် ဂျာမနီလူမျိုး အမေရိကန်နိုင်ငံသား မားခ် ဇူကာဘာ့ဂ် ထူထောင်ခဲ့တဲ့ Facebook လူမှုရေးကွန်ရက် သုံးစွဲသူပေါင်းဟာ၊ သန်း၂၀၀၀ကျော်အထိ ကမ္ဘာအနှံ့ ပြန့်နှံ့ရောက်ရှိခဲ့ပါတယ်။ Facebook နောက်ကလိုက်နေတဲ့ လူမှုရေးကွန်ရက်တွေကတော့၊ Twitter, Viber, Skype, we-chat, Line, Tango နှင့် Messenger တို့ပဲဖြစ်ပါတယ်။ ဒီလူမှုရေးကွန်ရက်တွေကို Internet သို့မဟုတ် Wifi အကူအညီတွေရယူပြီး၊ တစ်ဦးနှင့်တစ်ဦး စာရေးသားဆက်သွယ်ပြောဆိုရာမှာ အလွန်တွင်ကျယ်လှပါတယ်။
စာရေးသူတို့ မြန်မာနိုင်ငံမှာ အခုလိုလူမှုရေးကွန်ရက် on-line-media တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့ ၀န်ဆောင်မှုပေးနေတဲ့ ပြည်ပကုပ္မဏီကြီး၂ ခု Telenor, Ooredoo နှင့် ပြည်တွင်းကုမ္ပဏီကြီးတစ်ခု MPT တို့ရှိနေပါတယ်။ အဲဒီဆက်သွယ်ရေးကုပ္မဏီကြီး ၃ ခု စလုံးဟာ၊ သူတို့ရဲ့ SIMCARD တွေကို၊ အပြိုင်အဆိုင် ရောင်းချနေကြတာဟာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကမ္ဘာမှာ မရှိတဲ့၊ အရောင်းဈေးကွက်တစ်ခုပါ။ ပမာပြရလျှင် မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီး၊ ပြကြီး၊ အများသူငှာသွားလာနေတဲ့၊ လမ်းဘေးလူစည်ကားရာနေရာတွေမှာ၊ ဘန်းကိုယ်စီလေးတွေနဲ့ Telenor, Ooredoo နှင့် MPT mobile simcard တွေရောင်းချနေတာ တွေ့ရမှာပါ။ နိုင်ငံသားမှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စဉ်၊ နိုင်ငံကူးလက်မှတ် စတဲ့ သက်သေခံ စာရွက်စာတမ်းတို့ ပေးစရာမလို၊ ပြစရာမလိုဘဲ simcard တစ်ကဒ်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ကြိုက်သလောက်ဝယ်ယူနိုင်ခြင်းပင် ဖြစ်ပါတယ်။
ဒါကြောင့်လည်း ရာဇ၀တ်မှုကျူးလွန်သူတစ်ယောက် ကျကျန်ခဲ့တဲ့ mobile phone တစ်ခုကို ခြေရာခံပြီး၊ simcard ပိုင်ရှင် ရာဇ၀တ်သားကို ရှာဖွေဖော်ထုတ်ဖမ်းဆီးဖို့ရရန် သက်ဆိုင်ရာဆက်သွယ်ရေးကုပ္မဏီကြီးများက အကူအညီပေးနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ သက်သေခံ စာရွက်စာတမ်း၊ အထောက်အထားမပါဘဲ simcard များကို ရောင်းချခဲ့သောကြောင့် ဖြစ်ပါသည်။
ကိုယ်တိုင်ကြုံတွေ့ရသော on-line-media အတွေ့အကြုံလေးတစ်ခုကို တင်ပြပါ့မယ်။ မကြာခင်ရက်ပိုင်းလေးကဖြစ်တာပါ။ ဖုန်းသရဲတစ်ယောက်ဟာ Telenor simcard ကိုသုံးကာ၊ ကျွန်တော်တူမလေးအား ဖုန်းဆက်လာပါတယ်။ Contact List စာရင်းတွင်မပါ၍ ဖုန်းမှားနေကြောင်း တူမလေးကပြောဆိုပြီး ဖုန်းကိုချလိုက်ပါတယ်။ ဖုန်းသရဲက ဒုတိယအကြိမ် ဖုန်းဆက်ပြန်သည်။ အကြောင်းမဲ့ကိစ္စဖြစ်၍ ဖုန်းမှားနေကြောင်းပြောပြီး ဖုန်းကိုပြန်ချခဲ့ပါတယ်။ နာရီဝက်လောက်အကြာမှာ အခြား Telenor simcard တစ်ခုဖြင့် တတိယ
အကြိမ်ဖုန်းပြန်ခေါ်ပါတယ်။ အကြောင်းမဲ့သက်သက်ဖြစ်ပါတယ်။ ဖုန်းသရဲမှန်း ပေါ်လွင်သွားမှန်းသိ၍ ထိုနံပါတ်ဖြင့် ခေါ်သောဖုန်းတို့ကိုမကိုင်တော့ပါ။ ထိုအခါ ဖုန်းသရဲ on-line မုဆိုးသည် တူမလေးရဲ့ Viber ထဲသို့ နားမခံသာ ညစ်ညမ်းစကားလုံးများ၊ ညစ်ညမ်းဓာတ်ပုံများကို ဆက်တိုက်ဆိုသလို ပို့နေတော့သည်။ ဒီဖြစ်စဉ်ကို အိမ်သားများက စာရေးသူအားပြောပြလေသည်။အိမ်သားများကို စာရေးသူက simcard အသစ်တစ်ခုလှဲထည့်ခိုင်းလိုက်သည်။ ထို့နောက် Telenor Customer Service ထံ on-line မုဆိုးဖုန်းသရဲရဲ့ Viber ကနေ ပြောဆိုသည့် ညစ်ညမ်းစကားများ၊ ဓာတ်ပုံများကို screen shot များရိုက်၍ Telenor ဆက်သွယ်ရေးတာ
ဝန်ခံအား၊ ပြသနိုင်ကြောင်း၊ ပို့ပေးနိုင်ကြောင်း ဖုန်းဖြင့်ပြောပြီး ထိုဖုန်းသရဲ၏ Telenor သုံးဖုန်း simcard ၂ခုအား ပိတ်ပေးရန် ပြောဆိုသောအခါ Telenor တာဝန်ကျ တာဝန်ခံက ထိုကဲ့သို့ ကိစ္စရပ်များကို သူ့အနေနဲ့ မလုပ်ပေးနိုင်ကြောင်း၊ စာရေးသူ(ကျွန်တော်)အား ပြန်ပြောပြခဲ့ပါသည်။ ထိုကဲ့သို့ ကိစ္စရပ်များကို မိမိတို့မြို့နယ်ရှိ ရဲစခန်းများတွင်သာ အမှုဖွင့်တိုင်ကြားပြီး ရဲစခန်းမှ Telenor Head Office ရုံးချုပ်နှင့်ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းကိုလည်း အကြံပြုခဲ့ပါတယ်။ဒီလိုကိစ္စရပ်များကို နေ့စဉ်ဆိုသလို နေရာအနှံ့ ဖြစ်ပေါ်နေရခြင်းဟာ၊ စာရွက်စာတမ်း၊ သက်သေခံမပါဘဲ၊ ပရမ်းပတာရောင်းချနေသော လမ်းဘေး simcard အရောင်းဈေးကွက်များကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် on-line-media သုံးနေကြတဲ့ မိန်းကလေးများအနေနဲ့ မိမိတို့ရဲ့ ဖုန်းနံပါတ်များကို ကိုယ်မသိတဲ့ သူစိမ်းအမျိုးသားများထံ မပေးမိဖို့ လိုပေလိမ့်မယ်။ on-line-media တွင် မသိတဲ့အမျိုးသားများနှင့် မိတ်ဆွေအလွယ်တကူ မဖွဲ့မိဖို့ အရေးကြီးပါတယ်။ အယုံမလွယ်ဖို့ လိုပါတယ်။ “သူ့ကိုယုံလျှင်၊ သူ့ကျွန်ဖြစ်မယ်” ဆိုတဲ့ ရှေးစကားကို ရင်ဝယ်ပိုက်ဖို့ လိုပါလိမ့်မယ်။
on-line-media တွင် အမည်အတု၊ ဓာတ်ပုံအတု တို့ဖြင့်လည်းကောင်း၊ အမျိုးသမီးအမည်ဟန်ဆောင်၍ မိမိရဲ့ လျို့ဝှက်အပ်တဲ့၊ ကိုယ်ရေးကိုယ်တာများကို မေးပြီး screen shot ရိုက်ပြီး ငွေညစ်သည့် on-line မုဆိုးများကို၊ အသိ၊ သတိနှင့်ရှောင်ရှားဖို့ လိုပေလိမ့်မယ်။ on-line-mobile ဖုန်းသရဲများ ဖုန်းဆက်လာလျှင်လည်း Black List Software ထဲပို့ဖို့လိုပေလိမ့်မည်။ အိမ်ထောင်ရှင်အမျိုးသမီးများအနေနဲ့ on-line တောကြောင်များမှ အိမ်ထောင်ရှင်အမျိုးသမီးဟန်ဆောင်၍ ကိုယ့်အိမ်ထောင်ရေးအကြောင်းကို အိမ်ထောင်ရှင်အမျိုးသမီး
အချင်းချင်းပဲဆိုပြီး ရင်တွင်းဖြစ်ခံစားချက်များကို ပြောပြမိခဲ့ပြီး ထိုပြောပြချက်များကို အမျိုးသမီးယောင်ဆောင် on-line မုဆိုးက screen shot များရိုက်ကာ၊ အခြားဖုန်းလိုင်းတစ်ခုကိုသုံး၍ ငွေဖြည့်ခိုင်းသည်။ ငွေညှစ်သည်။ အမည်ရင်း၊ ဓာတ်ပုံရင်းဖြင့် Facebook on-line သုံးသူ အမျိုးကောင်းသမီးများအနေဖြင့် မိမိတို့ရဲ့ အလှရိုက်ဓာတ်ပုံများကို on-line-media မတင်ကြရန် အကြံပြုလိုပါသည်။ on-line-media တင်လိုက်သော မိမိတို့ရဲ့ဓာတ်ပုံများသည် အများနှင့်သက်ဆိုင်သွားပြီဖြစ်သည်။ အများဟုဆိုရာဝယ်၊ လူကောင်းလည်းပါသည်။ လူ
ယုတ်မာလည်းပါနေသည်ကို သတိချပ်သင့်လှသည်။အချိန်ကုန်၊ ငွေကုန်၊ စွမ်းအင်ကုန် on-line-media လူမှုရေးကွန်ရက်သည် “သုံးတက်လျှင်ဆေး၊ မသုံးတက်လျှင် ဘေး” ဖြစ်သည်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး နယ်ပယ်စုံအတွက် ဗဟုသုတ အတွေ့အကြုံကောင်းများကို ရှာဖွေလိုသူများအတွက် on-line-media သည် အလွန်အသုံးဝင်သည့် အကူအညီပေးသည့် မိတ်ဆွေကောင်းတစ်ဦးဖြစ်သည်။
စာရေးသူတို့ငယ်စဉ်က၊ စာသင်ကျောင်းများတွင် သင်ကြားခဲ့ရသည့် အင်္ဂလိပ်စာ ဖတ်စာအုပ်တွင် “Fire: A good servant but a bad master” “မီးဟူသည်သုံးတက်လျှင် မိတ်ဆွေ၊ မသုံးတက်လျှင် ရန်သူသဖွယ်” ဖြစ်သည်။ on-line တောကြောင်များ၊ on-line မုဆိုးများသည် တောမီး၊ ရှို့မီးများသဖွယ် အန္တရာယ်ကြီးသည်။ ဒါကြောင့် အမျိုးကောင်း၊ မိကောင်း၊ ဖခင်မိန်းကလေးများ ရန်သူသဖွယ် အန္တရာယ်ရှိသည့် on-line-media က ဖုန်းသရဲများ တောကြောင်များကို အစဉ်၊ အသိ၊ သတိရှိဖို့လိုပြီဖြစ်ကြောင်း အကြုံပြုတင်ပြလိုက်ပါတယ်။
ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်)
-
ဂိုဏ်းဂဏအန္တရာယ်နှင့်ပတ်သက်၍ မွတ်စလင်လူငယ်များအား တူရကီသမ္မတ သတိပေး
မေ ၁၊ ၂၀၁၆
M-Media– တူရကီသမ္မတ အာဒိုဂန်က “ဂိုဏ်းဂဏ၀ါဒ၊ လူမျိုးရေးခွဲခြားမှု၊ အကြမ်းဖက်ဝါဒ” စတဲ့ အန္တရာယ်ကြီးသုံးခုနဲ့ပက်သက်ပြီး မွတ်စလင်လူငယ်တွေအနေနဲ့ သတိထားရှောင်ရှားကြဖို့ ကြာသာပတေးနေ့မှာ သတိပေးခဲ့တယ်လို့ သိရပါတယ်။
“မွတ်စလင်တွေအနေနဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရရှိချင်တယ်ဆိုရင်တော့ အရင်ဆုံး ဒီအန္တရာယ်တွေကို ရှင်းပစ်ရပါလိမ့်မယ်” လို့ အစ္စတန်ဘူလ်မြို့ ဆီနန် အာရ်ဒီမ်းမှာ ONDER Imam Hatip Schools Alumni အသင်းက ကျင်းပပြုလုပ်တဲ့ လူငယ်များ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။
တစ်ခါတစ်ရံမှာ မွတ်စလင်ဆိုတဲ့ အမှတ်သညာထက် ပိုပြီး ရှေ့ရောက်ရောက်လာတဲ့ ဂိုဏ်းဂဏ၀ါဒ အစွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း တူရကီသမ္မတက ဝေဖန်ရှုတ်ချခဲ့ပါတယ်။
“အဲ့ဒီ့ပြဿနာတွေကြောင့် အစ္စလာမ်ကမ္ဘာဟာ အကြီးအကျယ် ထိခိုက်ပျက်စီးနေပါပြီ။ ဂိုဏ်းဂဏကွဲတွေအားလုံးရဲ့အထက်မှာ သာသနာတစ်ခုပဲ ရှိပါတယ်၊ အဲ့ဒါဟာ အစ္စလာမ်သာသနာပါပဲ”
Ref: IINA
-
လာမည့်နှစ်တွင် မန်ယူ၌ ဆက်ရှိနေမည်ဟု ဗန်ဂါးလ်ပြော
မေ ၁၊ ၂၀၁၆
M-Media– ရာသီအဆုံးတွင် အသင်းမှာ မည်သည့်အခြေအနေကို ရောက်ရှိသည်ဖြစ်စေ မိမိမှာ လာမည့်နှစ်တွင် မန်ယူအသင်း၌ ဆက်ရှိနေမည်ဟု နည်းပြဗန်ဂါးလ်က ပြောကြားလိုက်သည်။
ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေပြီး FA ဖလား နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိနေသည့် မန်ယူနှင့် ဗန်ဂါးလ်တို့၏ အနာဂတ်မှာ မသေချာ မရေရာသေးဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ ထို့ပြင် လာမည့်နှစ်တွင် မော်ရင်ဟိုမှာ မန်ယူအသင်း၏ နည်းပြဖြစ်မည်ဟုလည်း ရေပန်းစားနေသည်။
သို့သော်လည်း ဗန်ဂါးလ်က အနာဂတ်အတွက် စိုးရိမ်ခြင်းမရှိဘဲ အောင်မြင်မှုမှာ အချိန်ပေးရမည်ဟု ဆိုသည်။
“ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူတို့က ကျွန်တော့်ကို ခန့်အပ်ခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ အောင်မြင်မှုလမ်းကြောင်းဟာ ၃ နှစ်လောက်ဖောက်မှ ဖြစ်မယ်လို့ ကျွန်တော်တို့ သိခဲ့ကြပါတယ်။ ကျွန်တော်က ၂ နှစ်ပဲ စာချုပ်ချုပ်ချင်တာပါ။ အသင်းက ၃ နှစ်စာချုပ်စေချင်တယ်။ ကျွန်တော် လက်ခံလိုက်တယ်။ ဒါ့ကြောင့် နောက်နှစ်မှာ ခင်ဗျားတို့ ကျွန်တော့်ကို ထပ်တွေ့ရအုံးမှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ၆ လတာကာလအတွင်း မိမိမှာ သီတင်းပတ်တိုင်းတွင် အထုတ်ခံရမည်ဟု ပြောဆိုခံခဲ့ရကြောင်း၊ သို့သော်လည်း အသင်း၌ဆက်ရှိနေခဲ့ပြီး ထိုကဲ့သို့ အခြေအနေမျိုးကို ယခင်ကလည်း ကြုံတွေ့ရဖူးကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
Ref: Goal
-
နိုင်ငံအနောက်ပိုင်း ပြည်နယ်မှ ဒေသအချို့ကို IS လက်မှ အီရတ်စစ်တပ် ပြန်သိမ်းယူ
မေ ၁၊ ၂၀၁၆
M-Media– နိုင်ငံအနောက်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ အန်ဘာရ်ပြည်နယ်က ဒေသနှစ်ခုကို IS အကြမ်းဖက်အဖွဲ့လက်ထဲကနေ အီရတ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
အပြင်းအထန်တိုက်ခိုက်ပြီးနောက်ပိုင်း ဘဂ္ဂဒက်မြို့တော်ရဲ့ အနောက်ဘက် ၈၅ မိုင်ကျော်အကွာမှာတည်ရှိတဲ့ ခက်ဇ်ရာဂ်ျနဲ့ အလ်-နော်ဝေယမ် ရွာတွေကို အီရတ်အစိုးရတပ်တွေက သောကြာနေ့မှာ အပြည့်အ၀ထိန်းချုပ်နိုင်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက al-Baghdadia ရုပ်သံလိုင်းကို ပြောကြားခဲ့တာပါ။
တိုက်ပွဲအတွင်းမှာ အီရတ်စစ်သားတွေက စစ်သွေးကြွအမြောက်အများကို သတ်ဖြတ်နိုင်ခဲ့ပြီး ၎င်းတို့ရဲ့ စခန်းအများအပြားကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သီးခြားဖြစ်ရပ်အနေနဲ့ မူဆိုးလ်မြို့တောင်ဘက် ဆင်ခြေဖုံးမှာလည်း IS အကြမ်းဖက်သမားတွေ အသုံးပြုတဲ့ မောင်းသူမဲ့ လေယာဉ်တစ်စင်းကို အစိုးရထောက်ခံတဲ့ Popular Mobilization အဖွဲ့က ပစ်ချနိုင်ခဲ့ပါတယ်။
တိုက်ပွဲတွေဖြစ်တဲ့ သောကြာနေ့မှာ IS ရဲ့ အကြီးပိုင်းခေါင်းဆောင်လေးဦးကို နိုင်ငံမြောက်ပိုင်း ကာရ်ကွတ်ပြည်နယ်မှာ အီရတ်လေတပ်က လေကြောင်းတိုက်ခိုက်မှုတွေကနေတစ်ဆင့် သုတ်သင်နိုင်ခဲ့ပါတယ်။
Ref; Presstv