News @ M-Media
Author: Ko Lay
  • ဗြိတိန်တွင် ဆရာဝန်များ သပိတ်မှောက်မှုကြောင့် ဆေးရုံများ အရေးပေါ်အစီအစဉ်များ ပြုလုပ်ထားရ
    ဗြိတိန်တွင် ဆရာဝန်များ သပိတ်မှောက်မှုကြောင့် ဆေးရုံများ အရေးပေါ်အစီအစဉ်များ ပြုလုပ်ထားရ
    ဧပြီ ၂၆၊ ၂၀၁၆
    M-Media
    uk
    – ယူကေ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍ သမိုင်းတွင် ပထမဆုံးနှင့် အကြီးဆုံးဖြစ်သော အငယ်တန်းဆရာဝန်များ သပိတ်မှောက်မှုကြောင့် နိုင်ငံအတွင်းရှိ ဆေးရုံများကို ‘စစ်ဖက်ဆိုင်ရာ အခြေအနေ’ သတ်မှတ်ကာ အရေးပေါ်အစီအစဉ်များ ပြုလုပ်ထားရသည်ဟု သိရသည်။
    ၂ ရက်တာကြာမြင့်မည့် အဆိုပါ သပိတ်မှောက်မှုကို ဗြိတိန်ဆေးဘက်ဆိုင်ရာအသင်း BMA က ဦးစည်းကာ ယနေ့မှစတင်၍ ပြုလုပ်ခြင်းဖြစ်ပြီး အရေးပေါ်ကုသရေး၊ အထူးကြပ်မတ်ကုသရေး၊ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များကုသရေး တို့အပါအ၀င် ဗြိတိန်တစ်ဝှမ်းရှိ ကျန်းမာရေးဝန်ဆောင်မှုများအားလုံးကို ထိခိုက်မည်ဖြစ်သည်။
    အစိုးရမှာ အငယ်တန်းဆရာဝန်များ၏ အလုပ်ချိန်ကို တစ်ပတ်လျှင် ၇ ရက်သို့ တိုးမြှင့်ခဲ့ပြီး လုပ်ခလစာကိုမူ စနေ၊ တနင်္ဂနွေအတွက် မပေးသည့်ကိစ္စမှ အစပြုကာ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး ယခကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    အစိုးရနှင့် BMA တို့အကြား နောက်ဆုံးညှိနှိုင်းမှုမှာ ဇန်န၀ါရီလအတွင်းက အဆုံးသတ်သွားခဲ့ပြီး ထိုကဲ့သို့ သတ်မှတ်ထားမှုမှာ လာမည့်နွေရာသီတွင် အသက်ဝင်မည်ဟု အစိုးရက ကြေငြာခဲ့သည်။
    Ref: Press TV
  • ရေနံအား မှီခိုနေရမှုကို လျှော့ချမည့် စီးပွားရေးစီမံကိန်းကို ဆော်ဒီထုတ်ပြန်
    ရေနံအား မှီခိုနေရမှုကို လျှော့ချမည့် စီးပွားရေးစီမံကိန်းကို ဆော်ဒီထုတ်ပြန်
    ဧပြီ ၂၆၊ ၂၀၁၆
    M-Media
    oil 3
    – ရေနံအား မှီခိုနေရသည့် တိုင်းပြည်၏ စီးပွားရေးကို လာမည့် ၁၄ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုဘက်သို့ တိုးချဲ့ဖြန့်ကျက်မည့် အစီအစဉ်များ ပါဝင်သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု စီမံကိန်း Vision 2030 ကို ဆော်ဒီကတ်ဘိနတ်က သဘောတူခဲ့သည်ဟု သိရသည်။
    ဆော်ဒီ ဒုတိယအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ယမန်နေ့ ထုတ်ဖော်ပြောဆိုမှုအတွင်း မိမိတို့နိုင်ငံမှာ ကမ္ဘာ့ဈေးကွက်တွင် အဓိကကျသည့်နိုင်ငံဖြစ်လာရေးအတွက် ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများကို တိုးမြှင့်သုံးစွဲသွားမည်ဟု ဆိုသည်။
    ထို့ပြင် နိုင်ငံအတွင်း အိုးအိမ်လိုအပ်ချက်ကို တိုးမြှင့်ဖြည့်ဆည်းပေးရေးအတွက် အိုးအိမ်ဝန်ကြီးဌာနကိုလည်း ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး နိုင်ငံခြားအလုပ်သမားများနှင့် လုပ်ငန်းရှင်များအတွက် Green Card အစီအစဉ်ကိုလည်း လာမည့် ၅ နှစ်အတွင်း စီစဉ်ပေးသွားမည်ဟု ဒုတိယအိမ်ရှေ့မင်းသားက ထည့်သွင်းပြောကြားခဲ့သည်။
    အဆိုပါ Green Card စနစ်ကြောင့် နိုင်ငံခြားသားများမှာ ဆော်ဒီတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင်နိုင်ကာ၊ အိမ်ယာဝယ်ယူမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။
    ရေနံဈေး အလွန်အမင်း ကျဆင်းမှုကြောင့် ဆော်ဒီမှာ ပြီးခဲ့သည့်နှစ်အတွင်း ၀င်ငွေထွက်ငွေကွာဟာမှု ကန်ဒေါ်လာ ၉၈ ဘီလီယံအထိ ရှိခဲ့ပြီး ယခုနှစ်တွင် ၈၇ ဘီလီယံ ကွာဟမည်ဟု ခန့်မှန်းထားသည်။ နိုင်ငံ၏ အရန်ငွေကြေးမှာလည်း ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၇၄၆ ဘီလီယံရှိရာမှ လက်ရှိတွင် ၆၁၆ ဘီလီယံသာ ရှိတော့သည်။
    Ref: Aljazeera
  • ပါကစ္စတန်တွင် ကိတ်မုန့်အဆိပ်သင့်၍ လူ ၂၀ ကျော်သေဆုံး
    ပါကစ္စတန်တွင် ကိတ်မုန့်အဆိပ်သင့်၍ လူ ၂၀ ကျော်သေဆုံး
    ဧပြီ ၂၆၊ ၂၀၁၆
    M-Media
    paki 3
    – ပါကစ္စတန်အလယ်ပိုင်းမှာ အဆိပ်ရှိတယ်လို့ ယူဆရတဲ့ ကိတ်မုန့်တွေကို စားသုံးမိရာကနေ လူအယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
    အဲဒီအဖြစ်အပျက်ဟာ ပန်ဂျပ်ပြယ်နယ်မှာ သောကြာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အူမရ် ဟာယသ်ဆိုသူရဲ့ မြေးဖြစ်သူ မွေးနေ့ပွဲမှာ တက်ရောက်လာကြသူတွေဟာ ကိတ်မုန့်တစ်ခုကို စားမိပြီးတဲ့နောက် အဲဒီအဆိပ်သင့်ခဲ့ကြတာပါ။
    “မုန့်အချိုတွေ စားမိရာကနေ သေဆုံးခဲ့ရသူပေါင်း ၂၃ ယောက်ထိ ရှိလာပါပြီ။ နောက်ထပ် ၅၂ ယောက်ကိုတော့ ဆေးရုံအသီးသီးမှာ ကုသနေတုန်းပါပဲ” လို့ ဒေသခံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မူနီယာ အဟ်မဒ်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
    ဧပြီလ ၁၇ ရက်နေ့က ၀ယ်ယူခဲ့တဲ့ အဲဒီကိတ်ဟာ ပိုးသတ်ဆေးနဲ့ ရောနှောနေတယ်လို့ ယူဆရကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး ကိတ်မုန့်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ဦးနဲ့ အလုပ်သမားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
    “ဘေးနားမှာရှိနေတဲ့ ပိုးသတ်ဆေးဆိုင်ဟာ ပြုပြင်နေပြီး ပိုင်ရှင်ဖြစ်သူက သူရဲ့ပိုးသတ်ဆေးတွေကို လုံခြုံအောင်လို့ဆိုပြီး ကိတ်မုန့်ဆိုင်မှာ သိမ်းခဲ့ပါတယ်။ အဲဒီပိုးသတ်ဆေး အထုတ်လေးတစ်ထုတ်ကို အချိုအရသာရဖို့ ပါဝင်ပစ္စည်းတွေ ရောနှောသုံးလိုက်မိလို့ ဒီလိုဖြစ်တာဖြစ်မှာပါ” လို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
    Ref: Presstv
  • ဖလားရဖို့ မျှော်လင့်ချက် နည်းသွားသော်လည်း ဆက်လက် တိုက်ပွဲဝင်မည်ဟု စပါး နည်းပြပြော
    ဖလားရဖို့ မျှော်လင့်ချက် နည်းသွားသော်လည်း ဆက်လက် တိုက်ပွဲဝင်မည်ဟု စပါး နည်းပြပြော
    ဧပြီ ၂၆၊ ၂၀၁၆
    M-Media
    spur4
    – ယနေ့မနက်က ၀က်စ်ဘရွန်းအား သရေကျကာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက် မှေးမှိန်သွားခဲ့သော်လည်း မိမိတို့အနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။
    ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် မန်ယူနှင့် ကစားရမည့် လက်စတာမှာ အနိုင်ရပါက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ပိုချက်တီနိုကမူ အလျော့မပေးသေးပေ။
    “ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်ရပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ စိတ်မနှစ်နိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့ သူတို့ကို အခွင့်အရေးအချို့ ပေးခဲ့ရပါတယ်။ တော်တော် ခက်ခဲတဲ့ပွဲပါ။ သူတို့ တော်တော်ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ အနိုင်နဲ့ ထိုက်တန်ခဲ့တာပါ။ အခုအချိaန်မှာ ရှေ့ဆက်ဖို့ တော်တော်ခက်သွားပေမယ့် ယုံကြည်ချက်နဲ့အတူ ရှေ့ဆက်သွားဖို့ လိုအပ်ပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။
    Ref: Goal
  • အလ်-အက်ဆွာဗလီ၏ သမိုင်းကြောင်းဆိုင်ရာ အသိပညာပေး လှုပ်ရှားမှု ကာတာတွင်ပြုလုပ်
    အလ်-အက်ဆွာဗလီ၏ သမိုင်းကြောင်းဆိုင်ရာ အသိပညာပေး လှုပ်ရှားမှု ကာတာတွင်ပြုလုပ်
    ဧပြီ ၂၆၊ ၂၀၁၆
    M-Media
    al aqsa 2
    – လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကာတာပရဟိတအသင်း (QC) ကနေ အလ်-အက်ဆွာဗလီကျောင်းတော် သမိုင်းနဲ့ အစ္စလာမ့်အမွေအနှစ်တွေကို မိတ်ဆက်ပေးဖို့အတွက် ‘အလ်အက်ဆွာ၊ ကမ္ဘာကြီးရဲ့အသည်းနှလုံး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
    ဗလီဝတ်ကျောင်းကြီးရဲ့ ဘာသာရေးဆိုင်ရာ အရေးပါပုံ၊ ကြီးမားတဲ့သမိုင်းကြောင်းတွေနဲ့ပတ်သက်ပြီး ကောင်းကောင်းမရှိသိရှိကြတဲ့ လူ့အဖွဲ့အစည်းတွေ၊ အထူးသဖြင့် အာရှနဲ့ နိုင်ငံရပ်ခြားလူ့အဖွဲ့အစည်းတွေက သူတွေအတွက် ပညာရပ်ဆိုင်ရာ ပို့ချမှုတွေ ပြုလုပ်ပေးဖို့လည်း အဲဒီ QC အသင်းရဲ့ အုပ်ချုပ်သူတွေက ဆောင်ရွက်ပေးထားပါတယ်။
    ပထမဆုံးဟောပြောပို့ချမှုကို “နယ်မြေတစ်ခုရဲ့ကောင်းချီးမင်္ဂလာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ မာဟာ အဘူ ၀သ်ဖာက ပို့ချမှာဖြစ်ပါတယ်။ ယခုအခမ်းအနား ကျင်းပခဲ့တဲ့နေ့ဟာ “တမန်တော်အားလုံးရဲ့ လမ်းခရီး” ဆိုတဲ့ အမည်နဲ့ ပြုလုပ်တဲ့ ပါလက်စတိုင်းတို့ရဲ့ “နယ်မြေနေ့” နဲ့လည်း တိုက်ဆိုင်နေပါတယ်။
    အဲဒီ နယ်မြေနေ့ကို ပါလက်စတိုင်းပြည်သူတွေက နှစ်စဉ် မတ်လ ၃၀ ရက်နေ့မှာ ကျင်းပကြပြီး ၁၉၆၇ ခုနှစ် အစ္စရေးက ပါလက်စတိုင်းတွေရဲ့ ပိုင်နက်တွေကို ထပ်မံသိမ်းယူခဲ့တဲ့နေ့ကို အစွဲပြု ကျင်းပကြတာဖြစ်ပါတယ်။
    အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်နဲ့ပတ်သက်တဲ့ ဒီလှုပ်ရှားမှုနဲ့ ဟောပြောပို့ချမှုတွေဟာ မျိုးဆက်သစ်တွေအတွက် အရေးပါကြောင်း၊ အဲဒီ ဗလီဝတ်ကျောင်းတော်ရဲ့ သမိုင်းကြောင်းကို ခိုင်ခိုင်မာမာ သိရှိစေမှာဖြစ်ကြောင်း အဘူ ၀သ်ဖာက ပြောကြားခဲ့ပါတယ်။
    Ref: IINA