News @ M-Media

Author: Ko Lay

  • မန်ယူအတွက် လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့သည်ဟု ဗန်ဂါးလ်ပြော

    မန်ယူအတွက် လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့သည်ဟု ဗန်ဂါးလ်ပြော

    ဧပြီ ၂၅၊ ၂၀၁၆
    M-Media

    Van gal

    – မိမိလိုချင်သော အရည်အသွေးကို မပိုင်ဆိုင်သည့် လူစာရင်းနှင့် မိမိလုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးခဲ့သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ရာသီပြီးဆုံးရန် လေးပွဲ အလိုတွင် မန်ယူမှာ အဆင့် ၅ နေရာတွင် ရှိနေပြီး FA တွင် နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိနေသည်။ မန်ယူအသင်း၏ စွမ်းဆောင်ရည်မှာ ရှိသင့်သည်ထက် နိမ့်ပါးနေသောကြောင့် ဗန်ဂါးလ်မှာ တစ်ရာသီလုံး ဖိအားဒဏ်ကို ခံစားခဲ့ရပြီး၊ ၎င်းကမူ ကစားသမားများက လျင်မြန်မှု၊ ဖန်တီးနိုင်မှုတို့ မရှိသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

    “အရင်ကလည်း ကျွန်တော် အားလုံး ပြောပြီးပါပြီ။ ပြီးတော့ အပြောင်းအရွှေ့ကာလမှာလည်း ကျွန်တော် ဒါပဲ ပြောခဲ့ပါတယ်။ ကစားသမားတွေဆီကနေ ကျွန်တော်လိုချင်တဲ့ စွမ်းဆောင်ရည်မျိုး အမြဲတမ်းမရတာကြောင့် ကျွန်တော့်ကို ဝေဖန်မှုတွေဟာ စိတ်အနှောက်အယှက်ဖြစ်စရာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီအခြေအနေမှာ ရှိနေပါတယ်။ အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်နေတယ်။ FA ဖလားမှာလည်း ကျွန်တော်တို့ နောက်ဆုံး ဗိုလ်လုပွဲကို ရာက်နေပါတယ်” ဟု ဗန်ဂါးလ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • တစ်ပတ်ဆက်တိုက် အိပ်ရေးပျက်ပါက ကိုလက်စထရောမြင့်တက်စေပြီး နှလုံးကိုထိခိုက်စေနိုင်

    တစ်ပတ်ဆက်တိုက် အိပ်ရေးပျက်ပါက ကိုလက်စထရောမြင့်တက်စေပြီး နှလုံးကိုထိခိုက်စေနိုင်

    ဧပြီ ၂၅၊ ၂၀၁၆
    M-Media

    heart 2

    – တစ်ပတ်လောက် ဆက်တိုက် အိပ်ရေးပျက်ရုံနဲ့တင် မကောင်းတဲ့ ကိုလက်စထရောတွေ များစေနိုင်ပြီး နှလုံးကိုထိခိုက်စေနိုင်တယ်လို့ ဖင်လန်နိုင်ငံက လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။

    အိပ်ချိန်အလွန်နည်းပါးတဲ့သူတွေရဲ့သွေးထဲမှာ လုံလောက်စွာအိပ်စက်ရသူတွေထက် ကောင်းမွန်တဲ့ ကိုလက်စထရောတွေ ပိုပြီးနည်းတယ်လို့ ဟဲလင်စကီးတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီလေ့လာမှုက ဆိုပါတယ်။ ကိုလက်စထရောသယ်ဆောင်မှုကို ထိန်းညှိပေးတဲ့ မျိုးဗီဇတွေဟာ အိပ်ရေးဝတဲ့သူတွေထက် အိပ်ရေးပျက်တဲ့သူတွေဆီမှာ တက်ကြွမှုနည်းပါးတာကြောင့် ဆက်တိုက် အိပ်ရေးပျက်သူတွေမှာ ကိုလက်စထရောတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    တက္ကသိုလ်က သုတေသနပညာရှင်အဖွဲ့တစ်ခုဟာ အိပ်ရေးပျက်သူတွေအနေနဲ့ ဘာ့ကြောင့် နှလုံးနဲ့လေဖြတ်ရောဂါတွေ ပိုဖြစ်ရလည်းဆိုတာကို လေ့မှုတစ်ခု ပြုလုပ်ခဲ့ပြီး အိပ်စက်မှုအဆင့်တွေနဲ့ ရောဂါဖြစ်နိုင်ချေတွေကို လေ့လာစောင့်ကြည့်ခဲ့ပါတယ်။

    အိပ်ရေးပျက်တာကြောင့် ခန္ဓာကိုယ်က ကိုလက်စထရောတွေသယ်ယူပို့ဆောင်မှုအပေါ် မျိုးဗီဇတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာနဲ့ သွေးထဲက ကိုလက်စထရော ပမာဏကိုလည်း စောင့်ကြည့်ခဲ့ပါတယ်။ တစ်ညမှာ ခုနှစ်နာရီ ဒါမှမဟုတ် ရှစ်နာရီထက်လျော့နည်းပြီး အိပ်စက်သူတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတွေ ဖြစ်နိုင်ချေမြင့်မားရခြင်းအကြောင်းကို အဲဒီလေ့လာမှုက ကောင်းကောင်း ရှင်းပြနိုင်ခဲ့ပါတယ်။

    တွေ့ရှိတဲ့အချက်အလက်တွေအရ အိပ်ရေးပျက်သူတွေမှာ သွေးလွှတ်ကြောတွေ မာတောင့်လာပြီး သွေးခဲတွေပိတ်စေတဲ့ အခြေအနေမျိုးကို မြင်ခဲ့ရတာဖြစ်ပါတယ်။ နှလုံးနဲ့ လေဖြတ်တာတွေလို အဖြစ်များတဲ့ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ကောင်းကောင်းအိပ်စက်အနားယူဖို့အပြင် ကျန်းကျန်းမာမာ စားသောက်နေထိုင်ဖို့လည်း လိုတဲ့အကြောင်း ပြည်သူတွေကို အသိပညာပေးဖို့ လိုအပ်တယ်လို့ ဟယ်လင်စကီးက အဲဒီသုတေသနအဖွဲ့က ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • အိပ်မက်များကို အမှန်တကယ်ဖြစ်အောင် လုပ်ရမည်ဟု လက်စတာနည်းပြပြော

    အိပ်မက်များကို အမှန်တကယ်ဖြစ်အောင် လုပ်ရမည်ဟု လက်စတာနည်းပြပြော

    ဧပြီ ၂၅၊ ၂၀၁၆
    M-Media

    leis

    – ဆွမ်ဆီအသင်းအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိပြီးနောက် မိမိတို့မှာ အိပ်မက်ကို အမှန်တကယ်ဖြစ်အောင် လုပ်ဆောင်ရတော့မည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    ယမန်နေ့က ထိုနိုင်ပွဲကြောင့် လက်စတာမှာ ရာသီပြီးဆုံးရန် ၃ ပွဲသာလိုတော့သည့်အချိန်တွင် ဒုတိယနေရာမှ စပါးအား တစ်ပွဲအသာဖြင့် ၈ မှတ်ဖြတ်ထားနိုင်ပြီး လက်ကျန်ပွဲများတွင် နောက်ထပ် ၅ မှတ် အရယူနိုင်ပါက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။

    ရာနီယေးရီကမူ မိမိတို့မှာ တတ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်သွားရမည်ဟု ဆိုသည်။

    “ပွဲမစခင်တုန်းက ကစားသမားတွေကို ‘အခု ငါတို့မှာ အိပ်မက်တစ်ခု ရှိနေတယ်။ ဒီအိပ်မက်ကို အမှန်တကယ်ဖြစ်အောင်လုပ်ပါ’ လို့ ကစားသမားတွေကို ကျွန်တော် ပြောခဲ့ပါတယ်။ အခု ကျွန်တော်တို့ဟာ တတ်နိုင်သမျှအားလုံးကို အားထုတ်လုပ်ဆောင်သွားရမှာပါ။ ကျွန်တော်တို့ နောင်တတော့ရမှာ မဟုတ်ပါဘူး။ တကယ်လို့ စပါးက ကျွန်တော်တို့ထက် ပိုကောင်းတယ်ဆိုရင်လည်း ရပါတယ်။ ကျွန်တော်တို့ကတော့ ဆက်လက် တိုက်ပွဲဝင်သွားရမှာပါ” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref : premierleague.com

  • မိုးသက်လေပြင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင် အနည်းဆုံး လူ ၈ ဦးသေဆုံး

    မိုးသက်လေပြင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင် အနည်းဆုံး လူ ၈ ဦးသေဆုံး

    ဧပြီ ၂၄၊ ၂၀၁၆
    M-Media

    moe thee

    – မြန်မာနိုင်ငံတစ်ဝှမ်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုနှင့် မိုးသီးများ ကြွေကျမှုတို့ကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပြီး စေတီပုထိုးများ ပြိုကျခြင်းနှင့် အဆောက်အဦးများစွား ပျက်ဆီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု အစိုးရ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သောကြာနှင့် စနေနေ့များတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်ပြီး ရေကြီးမှုနှင့် မိုးသီးကြွေကျမှုဒဏ်ကို နိုင်ငံတစ်ဝှမ်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ ခုတွင် ခံစားခဲ့ရသည်။

    “အခုအချိန်အထိ ကျွန်မတို့ သိရသလောက်ကတော့ ဒီရက်တွေအတွင်းမှာ လူ ၈ ဦးသေဆုံးပြီး နေအိမ် ၇၅၀၀ လောက် ထိခိုက်ပျက်ဆီးခဲ့တယ် ဆိုတာပါပဲ” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလီလီထွန်းက ပြောကြားခဲ့ပြီး သတင်းအချက်အလက်များ ထပ်မံရရှိရန်ရှိသောကြောင့် သေဆုံးဒဏ်ရာရမှုအရေအတွက်မှာ တိုးလာနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    သေဆုံးသူများထဲမှ ၆ ဦးမှာ မန္တလေးတိုင်းဒေသကြီးရှိ ရေတံယောက်ရွာမှဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်လည်း မိုးသက်လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုဒဏ်ကို ခံစားခဲ့ရသည်။

    နိုင်ငံပိုင် New Light of Myanmar သတင်းစာ၏ ဖော်ပြမှုအရ သောကြာနေ့ညပိုင်း လေပြင်းဒဏ်ကြောင့် ရှမ်းပြည်နယ်ရှိ စေတီပုထိုးပေါင်း ၁၇၀၀ ကျော် ထိခိုက်ပျက်ဆီးခဲ့သည်ဟု သိရသည်။

    Ref: The Star

  • အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် ပရီးမီးယားလိဂ်တွင် စံချိန်သစ်တစ်ခု တင်နိုင်

    အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် ပရီးမီးယားလိဂ်တွင် စံချိန်သစ်တစ်ခု တင်နိုင်

    ဧပြီ ၂၄၊ ၂၀၁၆
    M-Media

    passes

    – အာဆင်နယ်ကွင်းလယ်လူ မီဆု အိုဇေးလ်မှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်တွင် ဖန်တီးပေးပို့မှု ပြုလုပ်နိုင်စွမ်းအရှိဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဟု သိရသည်။

    ယနေ့တွင် ကစားခဲ့သည့် ဆန်းဒါးလန်းအသင်းနှင့်ပွဲတွင် အိုဇေးလ်မှာ ပထမပိုင်း ၄၅ မိနစ်အတွင်း ဖန်တီးပေးပို့မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယခုရာသီတွင် ဖန်တီးပေးမှု စုစုပေါင်း ၁၃၅ ကြိမ်ရှိလာကာ ပရီးမီးယားလိဂ် တစ်ရာသီကာလအတွင်း ဖန်တီးပေးနိုင်မှုအများဆုံး ကစားသမား ဖြစ်လာခဲ့ခြင်းဖြစ်သည်။

    အိုဇေးလ်၏နောက်တွင် စပါးကစားသမား ခရစ္စတီယန် အဲရစ်ဆန်နှင့် ၀က်စ်ဟမ်းကစားသမား ဒီမီထရီပါယက်တို့က ၁၀၅ ကြိမ်နှင့် ၁၀၂ ကြိမ်တို့ဖြင့် အသီးသီး ရှိနေကြသည်။ အိုဇေးလ်၏ဖန်တီးပေးမှုကြောင့် ဂိုးရရှိမှုမှာ ယခုရာသီအတွင်း ၁၈ ဂိုးရှိခဲ့ပြီး၊ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီတင်ထားသည့် တစ်ရာသီအတွင်း ဂိုး ၂၀ ရရှိအောင် ဖန်တီးပေးနိုင်သည့် စံချိန်ကို ချိုးဖျက်ရန် နီးစပ်နေပြီဖြစ်သည်။

    Ref: Goal